မိုင်းဖုန်းဆရာတော်ကို ကိုးကွယ်ကြသူများက စိတ်ရောဂါကြောင့်လို့ ပြောလိုက်တဲ့ vloger ဖုန်းဖုန်း(ရုပ်သံ)

မိုင်းဖုန်းဆရာတော်လို့ပြောရင် မြန်မာနိုင်ငံတင်သာမကဘဲ ထိုင်းနိုင်ငံအထိပါ ကျော်ကြားပြီး သိရှိသူပေါများလှပါတယ်။
၂၀၁၉ခုနှစ် ၄လပိုင်း ၂၈ရက်ကစပြီး (၃)နှစ် (၃)လ (၃)ရက် အဓိဌာန်ဝင်နေခဲ့ရာမှာ အဓိဌာန်ပြီးမြောက်အောင်မြင်သွားလို့ မိုင်းကျက်ဂူထဲမှ ပြန်လည်ထွက်လာတာဟာလည်း မကြာသေးမီကပါ။
မိုင်းဖုန်းဆရာတော်ကိုဖူးမြော်ဖို့ အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေ ထောင်နဲ့ချီရောက်ရှိခဲ့တယ်လို့လည်းသိရပါတယ်။

အခုပြောပြမှာကတော့ အွန်လိုင်းမှာ vlogတွေသွားပြီး ကလေးတွေ လူငယ်တွေ လူကြီးတွေကို မြင်ရင်မြင်သလိုဆိုဆုံးမလေ့ရှိတဲ့ ဦးဇင်းတစ်ပါးပါဘဲ။
အခုပြောပြလာတာကတော့ မိုင်းဖုန်းဆရာတော်ကို ကိုးကွယ်နေကြတဲ့သူတွေဟာ စိတ်ရောဂါဝေသနာရှင်တွေ ဆိုပြီး ပြောပြလာတာဘဲ ဖြစ်ပါတယ်။
အောက်တွင်ဖော်ပြထားတာ ဗီဒီယိုဖိုင်ကို ကြည့်ပြီး ပရိသတ်ကြီး အမြင်လေးကိုပြောပြခဲ့ပါအုံးနော်။

Credit
မိုင်းဖုန်းဆရာတော်နှင့်ပါတ်သက်၍ တရားသမားတို့၏ စိတ်ရောဂါများအကြောင်း (၄-၈-၂၀၂၂)”

