Unicode
“အကြမ်းဖက်စစ်တပ်၏ မီးရှို့ခံရသော မင်းရွာကြီး တရွာလုံးနီးပါးပြာကျ၊
“အကြမ်းဖက်စစ်တပ်၏ မီးရှို့ခံရသော မင်းရွာကြီး တရွာလုံးနီးပါးပြာကျ၊ အသက် ၈၀ ကျော်အဖွားတဦး အရှင်လတ်လတ် မီးထဲပါသွား”
ဩဂုတ် ၆ | အရာတော်
အကြမ်းဖက်စစ်ကောင်စီက ယမန်နေ့က လေကြောင်းမှ ပစ်ခတ်ခဲ့ပြီးနောက် ယနေ့မနက်ခင်းတွင် ဝင်ရောက်မီးရှို့လိုက်သော မင်းရွာ ဒေသသည် ယခုအခါ တစ်ရွာလုံးနီးပါး အလုံးစုံ လောင်ကျွမ်းပျက်ဆီးသွားခဲ့ပြီ ဖြစ်သည် ။

ဒေသခံအရပ်သားများထဲမှ အသက် (၈၀) ကျော်အရွယ် သက်ကြီးအမျိုးသမီးတစ်ဦးဖြစ်သူ အဘွားဒေါ်ရှင်မှာ မီးလောင်မှုထဲတွင် သေဆုံးခဲ့ရသည်ကို တွေ့ရပြီး ဒေသခံများက သေဆုံးသူ၏ ခန္ဓာကိုယ်ကို ကြိုးစားထုတ်ယူခဲ့ပါသည် ။
လက်ရှိတွင် စစ်ကောင်စီတပ်သည် မင်းရွာမှ ရွှေ့ပြောင်းသွားပြီဖြစ်သည်။
မင်းရွာသည် အရာတော်ဒေသ၏ တောင်ပိုင်းတွင်တည်ရှိပြီး ဒေသခံများအတွက် အရေးပါသော ကျေးရွာကြီးတစ်ခုဖြစ်သည် ။
ယခုအခါ အရာတော်ဒေသအတွင်းမှ ကျေးရွာ များစွာကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးထားသည့်အပြင် ဒေသခံများကို သတ်ဖြတ်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသော ဒေသခံပြည်သူပေါင်းများစွာရှိနေပြီး အကူအညီများ လိုအပ်လျှက်ရှိနေသည်။

ဓါတ်ပုံ – ယနေ့မနက်ခင်းတွင် မီးရှို့ခံရမှုကြောင့် လောင်ကျွမ်းခဲ့သော မင်းရွာဒေသမှ မီးခိုးများ
အရာတော်ပို့စ် – Ayadaw Post

Zawgyi

ဩဂုတ် ၆ | အရာတော်

