ကမ္ဘာ့အတော်ဆုံး တော်လှန်ရေးရံပုံငွေရှာဖွေရေးသမားမှာ မြန်မာဖြစ်သည်ဟုဆို

News

+++++++++++++++++++++++

မြန်မာပြည်ရဲ့ NUG လောက် နည်းပညာကိုထိရောက်အကျိုးရှိအောင် ကျွမ်းကျင်စွာအသုံးချမှု၊ တီထွင်ဖန်တီးနိုင်မှုစွမ်းအား၊ ရည်မှန်းချက်ရောက်သည်အထိ အာရုံစူးစိုက်မှု၊ စတာတွေသုံးပြီး အအောင်မြင်ဆုံးရံပုံငွေရှာနိုင်တဲ့ တော်လှန်ရေးအစိုးရမျိုး ကမ္ဘာသမိုင်းမှာ တစ်ခါမှမမြင်ဖူးသေးဘူးလို့ Zachary Abuza ကဆိုလိုက်ပြီး သူ့ရဲ့အမြင်အသေးစိတ်ကိုလည်း အာရှပစိဖိတ်ကနိုင်ငံတွေရဲ့ မျက်မှောက်ရေးရာတွေကို ရေးသားဖော်ပြတဲ့ အထင်ကရစာစောင် Diplomat မှာရေးသားလိုက်ပါတယ်။

ဒေါက်တာ Zachary Abuza ဟာ အမေရိကရဲ့တတိယမြောက် သက်တမ်းအရှည်ဆုံးစစ်တက္ကသိုလ်တစ်ခုဖြစ်တဲ့ National War College ကပါမောက္ခတစ်ယောက်ဖြစ်ပြီး ကမ္ဘာ့တော်လှန်ရေးတွေမှာ ရံပုံငွေဘယ်လိုရှာဖွေကြသလဲဆိုတဲ့ အကြောင်းအရာကိုလေ့လာနေခဲ့တာလည်း နှစ်ပေါင်း(၃၀)ရှိပါပြီ။ ပြီးတော့ သူ့ဆောင်းပါးထဲမှာ မူးယစ်ဆေးတွေအမြောက်အမြားထွက်နေချိန်မှာတောင် မူးယစ်ရောင်းဝယ်မှုနဲ့ရံပုံငွေရှာတာကို ရှောင်ရှားနိုင်ခဲ့တဲ့အတွက်လည်း NUG ကို ချီးကျူးထားပါသေးတယ်။

ဒီလိုပညာရှင်မျိုးကတောင် လေးလေးစားစားနဲ့ တခုတ်တရ၊ စာတစ်စောင်ပေတစ်ဖွဲ့ရေးသားချီးမြှောက်တာခံရတဲ့ ကျွန်တော်တို့ရဲ့တော်လှန်ရေးဟာ အောင်ကိုအောင်မြင်မယ်ဆိုတာ ပြည်သူအားလုံး အကြွင်းမဲ့ယုံကြည်ကြပြီးသားပါ။

ဒီအောင်ပွဲကို အမြန်တကာ့အမြန်ဆုံးနဲ့ ပြည်သူအထိခိုက်မှု နည်းနိုင်သမျှအနည်းဆုံးရဖို့နည်းလမ်းကတော့ မြေပြင်မှာအသက်ပေးတိုက်ပွဲဝင်နေတဲ့ ပြည်သူ့တပ်သားတွေကို ‌ဆေးဝါး၊ ရိက္ခာ၊ လက်နက်ခဲယမ်းလုံလောက်အောင်ဖြည့်ဆီးပေးကြဖို့ပါပဲ။

ဒေါက်တာ Zachary Abuza ချီးကျူးခဲ့ရတဲ့ ရံပုံငွေရရှိရေးနည်းလမ်းတွေထဲမှာအပါအဝင်ဖြစ်တဲ့ ဘွန်းဝယ်တာ၊ EOD ရှယ်ယာဝယ်တာ၊ နွေဦးထီဝယ်တာနဲ့ NUG pay တွေသုံးတာတွေ၊ ပုံမှန်ကလစ်တာတွေကို ကျန်ပြည်သူတွေက အင်တိုက်အားတိုက်ကူညီထောက်ပံ့လုပ်ကိုင်ပေးကြခြင်းဖြင့် ဖက်ဆစ်မိစ္ဆာစစ်တပ်ကို အမြန်ဆုံးဖြုတ်ချနိုင်ပြီး နောက်ထပ်သမိုင်းမော်ကွန်းသစ်တစ်ခုကိုပါ အခိုင်အမာထိုးနိုင်ဦးမှာ အသေအချာပဲဖြစ်ပါတယ်ခင်ဗျာ။

ရသမျှရံပုံငွေတိုင်းဟာ စစ်ကောင်စီကို အလဲထိုးမဲ့ လက်သီးချက်များအဖြစ် အသွင်ပြောင်းသွားမည်ဖြစ်ပါကြောင်း ထပ်လောင်းလို့ အာမခံလိုက်ပါတယ်ခင်ဗျား။ ။

NUG United Bonds.

Zawgyi

Credit

Leave a Reply

Your email address will not be published.