ဘွဲ့အတုယူခဲ့မိတဲ့ ဒေါ်သက်သက်ခိုင်ရဲ့ အဖြစ်…..မနေ့က အောင်ကျော်ဝင်းတင်ခဲ့တဲ့ ဂုဏ်ယူပါတယ်ချစ်ဇနီးဆိုတဲ့ Post ပြန်ဖျက်သွား

News

သက်သက်ခိုင် ဒေါက်တာဘွဲ့ ယူခဲ့သော WALDEN တက္ကသိုလ်မှာ ငွေကြေးလိမ်လည်ယူသော အွန်လိုင်းတက္ကသိုလ်အဖြစ် အမေရိကန်တွင် တရားစွဲခံထားရ

ရန်ကုန်၊ ဩဂုတ် ၄

အကြမ်းဖက် မင်းအောင်လှိုင်က တရားမဝင် အာဏာသိမ်းပြီး ဝန်ကြီးအဖြစ် ခန့်အပ်ထားသော သက်သက်ခိုင် ဒေါက်တာဘွဲ့ ရယူခဲ့သော WALDEN တက္ကသိုလ်မှာ ငွေကြေးလိမ်လည်ယူသော အွန်လိုင်းတက္ကသိုလ်အဖြစ် အမေရိကန်တွင် ယခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် တရားစွဲခံထားရပြီဖြစ်သည်။

တရားမဝင် အာဏာသိမ်းစစ်ကောင်စီ၏ လူမှုဖူလုံရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ခန့်အပ်ခံထားရသူ သက်သက်ခိုင် ဒေါက်တာဘွဲ့ (Ph.D) ဘွဲ့ရရှိခဲ့သော အမေရိကန် WALDEN တက္ကသိုလ်မှာ ဒေါက်တာဘွဲ့ရယူလိုသူ ကျောင်းသားကျောင်းသူများထံမှ မျှော်လင့်ချက် အမှားများ ပေးပြီး ငွေလှည့်ဖျားလိမ်ညာကာ အမြတ်အစွန်းရရှိရေး လုပ်ဆောင်ခဲ့သည်ဆိုသော စွပ်စွဲမှုဖြင့် ဝါရှင်တန်စီအခြေစိုက် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများကာကွယ်ရေး ကွန်ရက် (National Student Defense Network ) က ဧပြီလ ၁၁ ရက်နေ့တွင် တရားစွဲဆိုခဲ့ကြောင်း သိရှိရသည်။

“WALDEN တက္ကသိုလ်က သူတို့ရဲ့ကိုယ်ပိုင်အမြတ်အတွက် ငါ့ကို ရည်ရွယ်ချက်ရှိရှိ လှည့်စားနေသလို ခံစားရပါတယ်။ သူတို့မှာ တာဝန်ခံမှု တာဝန်ယူမှုရှိစေချင်တယ်။ ” ဟု တရားစွဲဆိုသူကျောင်းသူတစ်ဦးက ပြောသည်။

ဝန်ကြီးအမည်ခံ သက်သက်ခိုင်အနေဖြင့်လည်း WALDEN တက္ကသိုလ်မှ ဒေါက်တာဘွဲ့ရရန် သုတေ သနအဆိုပြုလွှာအတွက် ၁၆ ကြိမ်မျှ ပြင်ဆင်ခဲ့ရကြောင်း ၊အလွန်ခက်ခဲစွာ ရတောင့်ရခဲ ပညာသင်ကြားခဲ့ရသည်ဟု သက်သက်ခိုင်၏ ခင်ပွန်းဖြစ်သူ အောင်ကျော်ဝင်းက လူမှုကွန်ရက်တွင် ရေးသားထားသည်။

WALDEN တက္ကသိုလ်သည် ကျောင်းသားများကို မလိုအပ်ဘဲ အဆင့်များစွာ၊ အချိန်များစွာ ကြာအောင် ဖန်တီးထားပြီး ငွေကြေးအမြတ်ထုတ်သော နည်းလမ်း ကျင့်သုံးကြောင်း New York Times သတင်းစာကြီးက ယခုနှစ် ဧပြီလတွင် ထုတ်ဖော်ရေးသားခဲ့သည်။

WALDEN တက္ကသိုလ်သည် တရားစွဲဆိုခံနေရပြီဖြစ်ရာ သက်သက်ခိုင်သည်လည်း တက္ကသိုလ်၏ ပစ်မှတ်ထား ငွေလိမ်လည်ခံရသူများထဲတွင် တစ်ဦးအပါအဝင် ဖြစ်နိုင်သည်ဟု ပြည်ပတွင် ပညာသင်ကြားခဲ့သူ မြန်မာတစ်ဦးက ဆိုသည်။

သက်သက်ခိုင်က ဒေါက်တာဘွဲ့ သုတေသန ပရောဂျက်အတွက် အဆိုပြုလွှာကို ၁၆ ကြိမ် တင်ရသည်ဆိုခြင်းမှာ မကြုံစဖူးကိစ္စဖြစ်ပြီး ပုံမှန် Ph.D ဘွဲ့များတွင် ၁၆ ကြိမ် ပရိုပိုဆယ် ပြန်တင်ရသူကို စာစစ်ပေးသည့် ပါမောက္ခရှိနိုင်မည်မဟုတ်ဟု ၎င်းက ဆက်ပြောသည်။

ဒေါက်တာဘွဲ့ယူမည့် ကျောင်းသူတစ်ဦးအနေနှင့် မည်မျှပင် ညံ့ဖျင်းသည့်တိုင်အောင် ၁၆ ကြိမ် အထိ ပြန်လည် အစစ်ခံရခြင်းမှာ တစ်စုံတစ်ရာအကြီးအကျယ်လွဲမှားနေပြီကို ပြဆိုနေခြင်းဖြစ်သည်ဟု ၎င်း၏ အဆိုအရ သိရှိရသည်။

အောင်ကိုဝင်းနှင့် သက်သက်ခိုင်တို့သည် စီးပွားရေးကျွမ်းကျင် ငွေရှာနိုင်သော်လည်း ပညာရေးအတွက် ဒေါက်တာဘွဲ့ယူရာတွင် ကျောင်းအရည်အသွေးကို မစစ်ဆေးနိုင်ခဲ့သည်အထိ ညံ့ဖျင်းလွန်းသည်ဟု ပြည်ပပညာရေးအေဂျင်စီတစ်ခုက သုံးသပ်သည်။

သက်သက်ခိုင်တက်ရောက်ခဲ့သော WALDEN တက္ကသိုလ်သည် ယခင်ကလည်း လိမ်လည်သော တက္က သိုလ်ဖြစ်ကြောင်း စွပ်စွဲခံရခြင်းများရှိခဲ့ဖူးသော်လည်း ယခုတကြိမ်မှ တရားရုံးတော်တွင် တရားစွဲဆိုခံရခြင်းဖြစ်သည်။

နယူးယောက်တိုင်းမ်၏ အဆိုအရ ကျောင်းသူ တစ်ဖနီဖဲလ်ကို တက္ကသိုလ်က ၂ နှစ်ခွဲအတွင်း Business Administration Ph.D ဘွဲ့အတွက် ဒေါ်လာလေးသောင်းခွဲမျှနှင့် ကျောင်းပြီးဆုံး ဘွဲ့ရစေရမည်ဟု အာမခံခဲ့ကြောင်း၊ သို့ရာတွင် ကျောင်းသူတစ်ဖနီဖဲလ်အနေဖြင့် ကျောင်းတက်ကာလ ၄ နှစ်ခွဲကြာခဲ့ပြီး အကြွေးဒေါ်လာ ကိုးသောင်းနီးပါးတင်ခဲ့ရကြောင်း သိရှိရသည်။

သက်သက်ခိုင်အနေဖြင့် ၂၃ ကြိမ် ဘွဲ့ယူကျမ်းကို ပြုပြင်ခဲ့ရသည်ဆိုသော ကြောင့် ငွေကြေးကုန်ကျမှုများ၊ အလိမ် အညာများစွာဖြင့် ဘွဲ့ရရေး အလိမ်ခံခဲ့ရဖွယ် ရှိသည့် အခြေအနေမှာလည်း စိတ်ဝင်စားဖွယ်ရာပင်ဖြစ်သည်ဟု ပြည်ပတွင် ပညာသင်ကြားခဲ့သူ မြန်မာတစ်ဦးက ဆိုသည်။

သက္သက္ခိုင္ ေဒါက္တာဘြဲ႕ ယူခဲ့ေသာ WALDEN တကၠသိုလ္မွာ ေငြေၾကးလိမ္လည္ယူေသာ အြန္လိုင္းတကၠသိုလ္အျဖစ္ အေမရိကန္တြင္ တရားစြဲခံထားရ

ရန္ကုန္၊ ဩဂုတ္ ၄

အၾကမ္းဖက္ မင္းေအာင္လွိုင္က တရားမဝင္ အာဏာသိမ္းၿပီး ဝန္ႀကီးအျဖစ္ ခန႔္အပ္ထားေသာ သက္သက္ခိုင္ ေဒါက္တာဘြဲ႕ ရယူခဲ့ေသာ WALDEN တကၠသိုလ္မွာ ေငြေၾကးလိမ္လည္ယူေသာ အြန္လိုင္းတကၠသိုလ္အျဖစ္ အေမရိကန္တြင္ ယခုႏွစ္ ဧၿပီလ ၁၁ ရက္ေန႔တြင္ တရားစြဲခံထားရၿပီျဖစ္သည္။

တရားမဝင္ အာဏာသိမ္းစစ္ေကာင္စီ၏ လူမႈဖူလုံေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီး ခန႔္အပ္ခံထားရသူ သက္သက္ခိုင္ ေဒါက္တာဘြဲ႕ (Ph.D) ဘြဲ႕ရရွိခဲ့ေသာ အေမရိကန္ WALDEN တကၠသိုလ္မွာ ေဒါက္တာဘြဲ႕ရယူလိုသူ ေက်ာင္းသားေက်ာင္းသူမ်ားထံမွ ေမၽွာ္လင့္ခ်က္ အမွားမ်ား ေပးၿပီး ေငြလွည့္ဖ်ားလိမ္ညာကာ အျမတ္အစြန္းရရွိေရး လုပ္ေဆာင္ခဲ့သည္ဆိုေသာ စြပ္စြဲမႈျဖင့္ ဝါရွင္တန္စီအေျခစိုက္ နိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ားကာကြယ္ေရး ကြန္ရက္ (National Student Defense Network ) က ဧၿပီလ ၁၁ ရက္ေန႔တြင္ တရားစြဲဆိုခဲ့ေၾကာင္း သိရွိရသည္။

“WALDEN တကၠသိုလ္က သူတို႔ရဲ့ကိုယ္ပိုင္အျမတ္အတြက္ ငါ့ကို ရည္ရြယ္ခ်က္ရွိရွိ လွည့္စားေနသလို ခံစားရပါတယ္။ သူတို႔မွာ တာဝန္ခံမႈ တာဝန္ယူမႈရွိေစခ်င္တယ္။ ” ဟု တရားစြဲဆိုသူေက်ာင္းသူတစ္ဦးက ေျပာသည္။

ဝန္ႀကီးအမည္ခံ သက္သက္ခိုင္အေနျဖင့္လည္း WALDEN တကၠသိုလ္မွ ေဒါက္တာဘြဲ႕ရရန္ သုေတ သနအဆိုျပဳလႊာအတြက္ ၁၆ ႀကိမ္မၽွ ျပင္ဆင္ခဲ့ရေၾကာင္း ၊အလြန္ခက္ခဲစြာ ရေတာင့္ရခဲ ပညာသင္ၾကားခဲ့ရသည္ဟု သက္သက္ခိုင္၏ ခင္ပြန္းျဖစ္သူ ေအာင္ေက်ာ္ဝင္းက လူမႈကြန္ရက္တြင္ ေရးသားထားသည္။

WALDEN တကၠသိုလ္သည္ ေက်ာင္းသားမ်ားကို မလိုအပ္ဘဲ အဆင့္မ်ားစြာ၊ အခ်ိန္မ်ားစြာ ၾကာေအာင္ ဖန္တီးထားၿပီး ေငြေၾကးအျမတ္ထုတ္ေသာ နည္းလမ္း က်င့္သုံးေၾကာင္း New York Times သတင္းစာႀကီးက ယခုႏွစ္ ဧၿပီလတြင္ ထုတ္ေဖာ္ေရးသားခဲ့သည္။

WALDEN တကၠသိုလ္သည္ တရားစြဲဆိုခံေနရၿပီျဖစ္ရာ သက္သက္ခိုင္သည္လည္း တကၠသိုလ္၏ ပစ္မွတ္ထား ေငြလိမ္လည္ခံရသူမ်ားထဲတြင္ တစ္ဦးအပါအဝင္ ျဖစ္နိုင္သည္ဟု ျပည္ပတြင္ ပညာသင္ၾကားခဲ့သူ ျမန္မာတစ္ဦးက ဆိုသည္။

သက္သက္ခိုင္က ေဒါက္တာဘြဲ႕ သုေတသန ပေရာဂ်က္အတြက္ အဆိုျပဳလႊာကို ၁၆ ႀကိမ္ တင္ရသည္ဆိုျခင္းမွာ မၾကဳံစဖူးကိစၥျဖစ္ၿပီး ပုံမွန္ Ph.D ဘြဲ႕မ်ားတြင္ ၁၆ ႀကိမ္ ပရိုပိုဆယ္ ျပန္တင္ရသူကို စာစစ္ေပးသည့္ ပါေမာကၡရွိနိုင္မည္မဟုတ္ဟု ၎က ဆက္ေျပာသည္။

ေဒါက္တာဘြဲ႕ယူမည့္ ေက်ာင္းသူတစ္ဦးအေနႏွင့္ မည္မၽွပင္ ညံ့ဖ်င္းသည့္တိုင္ေအာင္ ၁၆ ႀကိမ္ အထိ ျပန္လည္ အစစ္ခံရျခင္းမွာ တစ္စုံတစ္ရာအႀကီးအက်ယ္လြဲမွားေနၿပီကို ျပဆိုေနျခင္းျဖစ္သည္ဟု ၎၏ အဆိုအရ သိရွိရသည္။

ေအာင္ကိုဝင္းႏွင့္ သက္သက္ခိုင္တို႔သည္ စီးပြားေရးကၽြမ္းက်င္ ေငြရွာနိုင္ေသာ္လည္း ပညာေရးအတြက္ ေဒါက္တာဘြဲ႕ယူရာတြင္ ေက်ာင္းအရည္အေသြးကို မစစ္ေဆးနိုင္ခဲ့သည္အထိ ညံ့ဖ်င္းလြန္းသည္ဟု ျပည္ပပညာေရးေအဂ်င္စီတစ္ခုက သုံးသပ္သည္။

သက္သက္ခိုင္တက္ေရာက္ခဲ့ေသာ WALDEN တကၠသိုလ္သည္ ယခင္ကလည္း လိမ္လည္ေသာ တကၠ သိုလ္ျဖစ္ေၾကာင္း စြပ္စြဲခံရျခင္းမ်ားရွိခဲ့ဖူးေသာ္လည္း ယခုတႀကိမ္မွ တရား႐ုံးေတာ္တြင္ တရားစြဲဆိုခံရျခင္းျဖစ္သည္။

နယူးေယာက္တိုင္းမ္၏ အဆိုအရ ေက်ာင္းသူ တစ္ဖနီဖဲလ္ကို တကၠသိုလ္က ၂ ႏွစ္ခြဲအတြင္း Business Administration Ph.D ဘြဲ႕အတြက္ ေဒၚလာေလးေသာင္းခြဲမၽွႏွင့္ ေက်ာင္းၿပီးဆုံး ဘြဲ႕ရေစရမည္ဟု အာမခံခဲ့ေၾကာင္း၊ သို႔ရာတြင္ ေက်ာင္းသူတစ္ဖနီဖဲလ္အေနျဖင့္ ေက်ာင္းတက္ကာလ ၄ ႏွစ္ခြဲၾကာခဲ့ၿပီး အေႂကြးေဒၚလာ ကိုးေသာင္းနီးပါးတင္ခဲ့ရေၾကာင္း သိရွိရသည္။

သက္သက္ခိုင္အေနျဖင့္ ၂၃ ႀကိမ္ ဘြဲ႕ယူက်မ္းကို ျပဳျပင္ခဲ့ရသည္ဆိုေသာ ေၾကာင့္ ေငြေၾကးကုန္က်မႈမ်ား၊ အလိမ္ အညာမ်ားစြာျဖင့္ ဘြဲ႕ရေရး အလိမ္ခံခဲ့ရဖြယ္ ရွိသည့္ အေျခအေနမွာလည္း စိတ္ဝင္စားဖြယ္ရာပင္ျဖစ္သည္ဟု ျပည္ပတြင္ ပညာသင္ၾကားခဲ့သူ ျမန္မာတစ္ဦးက ဆိုသည္။

Credit

Leave a Reply

Your email address will not be published.