



Crd to CRI




ယူနီကုတ်
နန်စီပလိုမေစီကတော့ အမေရီကန်က လင်းယုန်ဖြစ်ကြောင်း ပြသပြီးပြီမလို့ သာကောတို့ကလည်းတီကောင်မဟုတ်ကြောင်း ပြသရမည့် အလှည့်ရောက်ပြီ….
အရှေ့စစ်နယ်သည် ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်တွင် ပူးတွဲစစ်ရေးဆောင်ရွက်မှုများ ဆက်တိုက်ပြုလုပ်မည်ဟု သိရပါတယ်။ အရှေ့စစ်နယ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ရှီးယိက သြဂုတ်လ ၂ ရက်နေ့ညမှစ၍ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့စစ်နယ်သည် ထိုင်ဝမ်ကျွန်း အနီး တစ်ဝိုက်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ဆက်တိုက်ပြုလုပ်မည်ဖြစ်ကြောင်း၊ ထိုင်ဝမ် ကျွန်း မြောက်ပိုင်း၊




အနောက်တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်းရှိ ပင်လယ်ပြင်နှင့် လေပိုင်နက်များတွင် လေကြောင်းနှင့် ပင်လယ်ရေကြောင်း ပူးတွဲလေ့ကျင့်မှုများကို ပြုလုပ်မည်ဖြစ်ကြောင်း၊ ထိုင်ဝမ်ရေလက်ကြားတွင် တာဝေးပစ် ကျည်များကို ပစ်ခတ်မှု ပြုလုပ်ပြီး ထိုင်ဝမ်ကျွန်းအရှေ့ ရေပြင်တွင် သမားရိုးကျ ဒုံးကျည်ပစ်ခတ်စမ်းသပ်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုကြောင့် ထိုင်ဝမ်လေတပ်နှင့် လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့ဟာလည်း အမြင့်ဆုံးအထိတပ်လှန့်ထားလျက်ရှိပါတယ်။
Crd to CRI
























Crd to CRI