ပြင်ဦးလွင်မှာ နှစ်ပေါင်း(၃၀)အတွင်း ပထမဆုံးအကြိမ် ထူးဆန်းစွာရေကြီးခဲ့ရတဲ့ အကြောင်းအရင်း သိရပြီ

News

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှာ ဇူလိုင် ၃၁ ရက် မနက် ၂ နာရီအချိန်ကတည်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရပ်ကွက်တချို့မှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့တာကြောင့်

နေအိမ်တွေနဲ့ ယာဉ်တွေ၊ ပန်းခင်းတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

မနက် ၂ နာရီလောက်ကတည်းက ရွာသွန်းခဲ့တဲ့မိုးဟာ ၈ နာရီ နီးပါးအကြာ ရွာသွန်းခဲ့ပြီးနောက် ညနေပိုင်းမှာလည်း ဆက်လက်ရွာသွန်းခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဒီ ရေကြီး ရေလျှံမှုဖြစ်စဉ်ကြောင့် မြို့ပေါ်ရပ်ကွက်အတွင်း ပျက်စီးဆုံးရှုံးတာတွေနဲ့အတူ

ကျေးရွာဘက်တွေမှာလည်း ပန်းစိုက်ခင်းတွေ ပျက်စီးခဲ့တယ်လို့ ဒေသခံပန်းစိုက်တောင်သူ တဦးက ပြောပါတယ်။

အခုလို ဖြစ်စဉ်မျိုးဟာ နှစ်ပေါင်း ၃၀ အတွင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပွားတာဖြစ်ပြီး တညတည်းနဲ့ မိုးရေချိန် ၉ လက်မကျော် ရွာသွန်းခဲ့တာကြောင့်

အနိမ့်ပိုင်း ရပ်ကွက်တွေမှာ ရေနစ်မြုပ် တာတွေနဲ့ မော်တော်ယာဉ်တချို့ ပျက်စီးဆုံးရှုံးတာတွေ၊ ပစ္စည်းတွေ ရေထဲမျောပါတာတွေပါရှိခဲ့တယ်လို့ သိရပါ တယ်။

မိုးရွာသွန်းတာနဲ့အတူ ရပ်ကွက်ကြီး ၁ မှာရှိတဲ့ ဂဲလျောင်းချောင်းရေလျှံခဲ့တာ၊ ရပ်ကွက်အတွင်း လူနေ အိမ်တွေမှာ ရေဝင်ရောက်တာတွေကြောင့်

ထမင်းဟင်းချက်ပြုတ်ဖို့ အခက်အခဲတွေအထိ ဖြစ်ခဲ့တယ်လို့ ဒေသခံ ပညာရေးဝန်ထမ်းတစ်ဦးကပြောပါတယ်။

အဲဒီလို မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ အနီးစခန်းမှာရှိတဲ့ ဓာတ်တော်ချိုင့်ရေတံခွန်က တောင်ကျ ချောင်းရေတွေကြောင့်လည်း လူနေအိမ်တွေအတွင်း ရေဝင်ရောက် တာတွေဖြစ်ခဲ့သလို

အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ရပ်ကွက်ကြီး ၁၊ ရပ်ကွက်ကြီး ၇၊ ရပ်ကွက်ကြီး ၈နဲ့ အနီးစခန်း ရပ်ကွက်ကြီး ၁၇ တို့မှာလည်း ရေဝင်ရောက်ပျက်စီးမှုများပြားခဲ့တယ်လို့သိရပါတယ်။

ထူးခြားဖြစ်စဉ်အနေနဲ့ မေမြို့မှာ စံချိန်တင် မိုးရွာနေပေမယ့်လည်း ရန်ကုန်မြို့မှာတော့ မိုး ၃ ရက် ဆက်တိုက် မရွာတဲ့ အဖြစ်နဲ့ ကြုံတွေ့နေရပါတယ်။

မိုးမရွာတာကြောင့် ရာသီဥတု ပူပြင်းတဲ့ ဒဏ်ကို ပြင်းထန်စွာ ခံစားနေရတယ်လို့ သိရပါတယ်။

ဂေဟစနစ် ယိုယွင်းလာမှုကြောင့် ယခုလို သဘာဝဘေးဒဏ်တွေ ဖြစ်ပေါ်လာတာ ဖြစ်ကြောင်း၊

နှစ်ပေါင်း ၃၀ အတွင်းမှာ မကြုံဖူးတဲ့ ပြင်ဦးလွင် ရေကြီးမှုဟာ တခြား သဘာဝဘေးအန္တရာယ်တွေ လာတော့မယ်ဆိုတဲ့ အကြောင်း

အချက်ပေး ခေါင်းလောင်းသံ ဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် ပညာရှင်တဦးက မှတ်ချက်ချပါတယ်။

Credit

====================

Zawgyi

မႏၲေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ၿမိဳ႕မွာ ဇူလိုင္ ၃၁ ရက္ မနက္ ၂ နာရီအခ်ိန္ကတည္းက မိုးသည္းထန္စြာ ႐ြာသြန္းခဲ့ၿပီး ရပ္ကြက္တခ်ိဳ႕မွာ ေရႀကီးေရလွ်ံမႈေတြျဖစ္ပြားခဲ့တာေၾကာင့္

ေနအိမ္ေတြနဲ႔ ယာဥ္ေတြ၊ ပန္းခင္းေတြ ပ်က္စီးဆုံးရႈံးခဲ့တယ္လို႔ သိရပါတယ္။

မနက္ ၂ နာရီေလာက္ကတည္းက ႐ြာသြန္းခဲ့တဲ့မိုးဟာ ၈ နာရီ နီးပါးအၾကာ ႐ြာသြန္းခဲ့ၿပီးေနာက္ ညေနပိုင္းမွာလည္း ဆက္လက္႐ြာသြန္းခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။

အဲဒီ ေရႀကီး ေရလွ်ံမႈျဖစ္စဥ္ေၾကာင့္ ၿမိဳ႕ေပၚရပ္ကြက္အတြင္း ပ်က္စီးဆုံးရႈံးတာေတြနဲ႔အတူ

ေက်း႐ြာဘက္ေတြမွာလည္း ပန္းစိုက္ခင္းေတြ ပ်က္စီးခဲ့တယ္လို႔ ေဒသခံပန္းစိုက္ေတာင္သူ တဦးက ေျပာပါတယ္။

အခုလို ျဖစ္စဥ္မ်ိဳးဟာ ႏွစ္ေပါင္း ၃၀ အတြင္းမွာ ပထမဆုံးအႀကိမ္ျဖစ္ပြားတာျဖစ္ၿပီး တညတည္းနဲ႔ မိုးေရခ်ိန္ ၉ လက္မေက်ာ္ ႐ြာသြန္းခဲ့တာေၾကာင့္

အနိမ့္ပိုင္း ရပ္ကြက္ေတြမွာ ေရနစ္ျမဳပ္ တာေတြနဲ႔ ေမာ္ေတာ္ယာဥ္တခ်ိဳ႕ ပ်က္စီးဆုံးရႈံးတာေတြ၊ ပစၥည္းေတြ ေရထဲေမ်ာပါတာေတြပါရွိခဲ့တယ္လို႔ သိရပါ တယ္။

မိုး႐ြာသြန္းတာနဲ႔အတူ ရပ္ကြက္ႀကီး ၁ မွာရွိတဲ့ ဂဲေလ်ာင္းေခ်ာင္းေရလွ်ံခဲ့တာ၊ ရပ္ကြက္အတြင္း လူေန အိမ္ေတြမွာ ေရဝင္ေရာက္တာေတြေၾကာင့္

ထမင္းဟင္းခ်က္ျပဳတ္ဖို႔ အခက္အခဲေတြအထိ ျဖစ္ခဲ့တယ္လို႔ ေဒသခံ ပညာေရးဝန္ထမ္းတစ္ဦးကေျပာပါတယ္။

အဲဒီလို မိုးသည္းထန္စြာ႐ြာသြန္းတာနဲ႔အတူ အနီးစခန္းမွာရွိတဲ့ ဓာတ္ေတာ္ခ်ိဳင့္ေရတံခြန္က ေတာင္က် ေခ်ာင္းေရေတြေၾကာင့္လည္း လူေနအိမ္ေတြအတြင္း ေရဝင္ေရာက္ တာေတြျဖစ္ခဲ့သလို

အနိမ့္ပိုင္းရပ္ကြက္ေတြျဖစ္တဲ့ ရပ္ကြက္ႀကီး ၁၊ ရပ္ကြက္ႀကီး ၇၊ ရပ္ကြက္ႀကီး ၈နဲ႔ အနီးစခန္း ရပ္ကြက္ႀကီး ၁၇ တို႔မွာလည္း ေရဝင္ေရာက္ပ်က္စီးမႈမ်ားျပားခဲ့တယ္လို႔သိရပါတယ္။

ထူးျခားျဖစ္စဥ္အေနနဲ႔ ေမၿမိဳ႕မွာ စံခ်ိန္တင္ မိုး႐ြာေနေပမယ့္လည္း ရန္ကုန္ၿမိဳ႕မွာေတာ့ မိုး ၃ ရက္ ဆက္တိုက္ မ႐ြာတဲ့ အျဖစ္နဲ႔ ႀကဳံေတြ႕ေနရပါတယ္။

မိုးမ႐ြာတာေၾကာင့္ ရာသီဥတု ပူျပင္းတဲ့ ဒဏ္ကို ျပင္းထန္စြာ ခံစားေနရတယ္လို႔ သိရပါတယ္။

ေဂဟစနစ္ ယိုယြင္းလာမႈေၾကာင့္ ယခုလို သဘာဝေဘးဒဏ္ေတြ ျဖစ္ေပၚလာတာ ျဖစ္ေၾကာင္း၊

ႏွစ္ေပါင္း ၃၀ အတြင္းမွာ မႀကဳံဖူးတဲ့ ျပင္ဦးလြင္ ေရႀကီးမႈဟာ တျခား သဘာဝေဘးအႏၲရာယ္ေတြ လာေတာ့မယ္ဆိုတဲ့ အေၾကာင္း

အခ်က္ေပး ေခါင္းေလာင္းသံ ျဖစ္ေၾကာင္း သဘာဝ ပတ္ဝန္းက်င္ ပညာရွင္တဦးက မွတ္ခ်က္ခ်ပါတယ္။

Credit

Leave a Reply

Your email address will not be published.