ခႏၶာကိုယ္မွာ လိပ္ျပာေတြလာနားရင္ သတိထားပါ….

Knowledge

အေရာင္အဆင္းအမ်ိဳးမ်ိဳးရွိၿပီး ခ်စ္စရာအသြင္ ရွိၾကတဲ့ လိပ္ျပာေလးေတြ ပန္းေလးေတြေပၚ ဝဲပ်ံေနတာကို ျမင္ရတဲ့အခါ မၾကည္ႏူးတဲ့ လူရယ္လို႔ မရွိပါဘူး

လူေတာ္ေတာ္မ်ားမ်ားက လိပ္ျပာေတြဟာ ပန္းဝတ္ရည္ကိုသာ စုပ္ယူစားသုံးတယ္လို႔ သိၾကတာပါ အမွန္ေတာ့ လိပ္ျပာ မျဖစ္ခင္

ခူေကာင္ဘဝမွာ သစ္ပင္က အရြက္ေတြကို စားၿပီးႀကီး ျပင္းခဲ့ၾကၿပီး လိပ္ျပာဘဝမွာ ပုရြက္ဆိတ္ငယ္ေတြ ပိုးမႊားေတြနဲ႔

ပုပ္သိုးေဆြးေျမ့ေနတဲ့ တိရိစၧာန္ ေတြ ၊ အသီးအရြက္ေတြကို သာမက တိရိစၧာန္ ေတြရဲ့မစင္အေပၚ မွာပါ နားခိုၿပီး စားသုံးၾကတယ္လို႔ သိရပါတယ္

လိပ္ျပာတစ္ေကာင္ရဲ့ေက်ာက္ျဖစ္႐ုပ္ႂကြင္းဟာ ႏွစ္ေပါင္း ၅၆သန္းနဲ႔ခ်ီၿပီး ျဖစ္တည္နိုင္ပါတယ္ လိပ္ျပာေတြဟာ ပန္းဝတ္ရည္ေတြကို စုပ္ယူစားသုံးေပမယ့္

သူတို႔အတြက္ အာဟာရမလုံေလာက္တဲ့ အခါ အျခားေနရာေတြ ကေန ဆားဓာတ္ ရရွိဖို႔ စုပ္ယူၾကတယ္လို႔ သိရပါတယ္

ဒါ့ေၾကာင့္ လိပ္ျပာေလးတစ္ေကာင္ ကိုယ့္ခႏၶာကိုယ္ေပၚ လာနားေနၿပီဆိုရင္ေတာ့ သတိထားဖို႔လိုပါတယ္ ဘာေၾကာင့္လဲဆိုေတာ့

သူတို႔ဟာ ဆားဓာတ္ လိုခ်င္တဲ့အတြက္ ကိုယ့္ခႏၶာကိုယ္ အတြင္း ေခၽြးေတြ ေသြး ထဲကေန တစ္ဆင့္ ဆိုဒီယမ္ကို စုပ္ယူခ်င္တာ ျဖစ္နိုင္တာေၾကာင့္ပါ

ဒါေပမယ့္ ဒီလိုစုပ္ယူခ်ိန္မွာ သူ႔ရဲ့ေသးငယ္တဲ့ ဝတ္ရည္စုပ္တံေၾကာင့္ သင္ဘယ္လိုမွ ခံစားရမွာမဟုတ္တဲ့ အျပင္ ပန္းေလးေတြ

ေပၚမွာပဲ ေဝ့ဝဲေလ့ရွိတဲ့ လိပ္ျပာေလးေတြက သင့္ဆီမွာ လာေရာက္ခိုနားတဲ့ အတြက္ သင္ဝမ္းသာေနမိမွာ အမွန္ပါပဲ

အရောင်အဆင်းအမျိုးမျိုးရှိပြီး ချစ်စရာအသွင် ရှိကြတဲ့ လိပ်ပြာလေးတွေ ပန်းလေးတွေပေါ် ဝဲပျံနေတာကို မြင်ရတဲ့အခါ မကြည်နူးတဲ့ လူရယ်လို့ မရှိပါဘူး

လူတော်တော်များများက လိပ်ပြာတွေဟာ ပန်းဝတ်ရည်ကိုသာ စုပ်ယူစားသုံးတယ်လို့ သိကြတာပါ အမှန်တော့ လိပ်ပြာ မဖြစ်ခင်

ခူကောင်ဘဝမှာ သစ်ပင်က အရွက်တွေကို စားပြီးကြီး ပြင်းခဲ့ကြပြီး လိပ်ပြာဘဝမှာ ပုရွက်ဆိတ်ငယ်တွေ ပိုးမွှားတွေနဲ့

ပုပ်သိုးဆွေးမြေ့နေတဲ့ တိရိစ္ဆာန် တွေ ၊ အသီးအရွက်တွေကို သာမက တိရိစ္ဆာန် တွေရဲ့မစင်အပေါ် မှာပါ နားခိုပြီး စားသုံးကြတယ်လို့ သိရပါတယ်

လိပ်ပြာတစ်ကောင်ရဲ့ကျောက်ဖြစ်ရုပ်ကြွင်းဟာ နှစ်ပေါင်း ၅၆သန်းနဲ့ချီပြီး ဖြစ်တည်နိုင်ပါတယ် လိပ်ပြာတွေဟာ ပန်းဝတ်ရည်တွေကို စုပ်ယူစားသုံးပေမယ့်

သူတို့အတွက် အာဟာရမလုံလောက်တဲ့ အခါ အခြားနေရာတွေ ကနေ ဆားဓာတ် ရရှိဖို့ စုပ်ယူကြတယ်လို့ သိရပါတယ်

ဒါ့ကြောင့် လိပ်ပြာလေးတစ်ကောင် ကိုယ့်ခန္ဓာကိုယ်ပေါ် လာနားနေပြီဆိုရင်တော့ သတိထားဖို့လိုပါတယ် ဘာကြောင့်လဲဆိုတော့

သူတို့ဟာ ဆားဓာတ် လိုချင်တဲ့အတွက် ကိုယ့်ခန္ဓာကိုယ် အတွင်း ချွေးတွေ သွေး ထဲကနေ တစ်ဆင့် ဆိုဒီယမ်ကို စုပ်ယူချင်တာ ဖြစ်နိုင်တာကြောင့်ပါ

ဒါပေမယ့် ဒီလိုစုပ်ယူချိန်မှာ သူ့ရဲ့သေးငယ်တဲ့ ဝတ်ရည်စုပ်တံကြောင့် သင်ဘယ်လိုမှ ခံစားရမှာမဟုတ်တဲ့ အပြင် ပန်းလေးတွေ

ပေါ်မှာပဲ ဝေ့ဝဲလေ့ရှိတဲ့ လိပ်ပြာလေးတွေက သင့်ဆီမှာ လာရောက်ခိုနားတဲ့ အတွက် သင်ဝမ်းသာနေမိမှာ အမှန်ပါပဲ

Credit

Leave a Reply

Your email address will not be published.