အောင်လအင်ဆန်၏ တတိယမြောက်ရင်သွေး မွေးဖွား
မြစ်ကြီးနား – ဇူလိုင် ၃၁၊ ၂၀၂၂။
မြန်မာ့ဂုဏ်ဆောင် ကချင်တိုင်းရင်းသား MMAကစားသမား အောင်လအင်ဆန်၏ တတိယမြောက် ရင်သွေးကို ယနေ့ ဇူလိုင် ၃၁ရက်နေ့က မွေးဖွားခဲ့ကြောင်းသိရသည်။

ဒုတိယမြောက်သားဖြစ်ပြီး Simsa Naw Nsang (ဆင်မ်ဆနော်အင်ဆန်)ဟု အမည်ပေးထားကြောင်း အောင်လအင်ဆန်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာ ဖေစ့်ဘုတ်တွင်ရေးသားထားသည်။

“ဘုရားသခင်က အချိန်တိုင်းကောင်းပါတယ်။ Simsa ဆိုတာ ကချင်လို ငြိမ်းချမ်းရေးလို့ အဓိပ္ပါယ်ရပါတယ်။ ခုကမ္ဘာကြီးက အဲ့ဒါတွေပိုလိုအပ်နေတယ်”ဟု ရေးသားထားသည်။
ဆင်မ်ဆနော်အင်ဆန် မွေးဖွားချိန်တွင် ၈ ပေါင် ၄ အောင်စရှိကြောင်း သိရသည်။

Nsang ဆိုသည်မှာ အမျိုးအမည်ဖြစ်ပြီး Simsa ဆိုသည်မှာ ငြိမ်းချမ်းရေးဖြစ်ကာ Naw ဆိုသည်မှာ ဒုတိယမြောက်သားကို ခေါ်ဆိုခြင်းဖြစ်သည်။
အောင်လအင်ဆန်သည် ဖေဖော်ဝါရီ ၂၅ ရက်နေ့က နောက်ဆုံးထိုးသတ်ခဲ့သော ပြိုင်ပွဲတွင် ရှရှားဖိုက်တာ ဗစ်တာလီ ဘစ်ဒက်ချ်ကို ဒိုင်အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

အသက် ၃၇နှစ်အရွယ် အောင်လအင်ဆန်သည် ၎င်း၏ MMA မှတ်တမ်းအရ ၄၁ပွဲ ထိုးသတ်ခဲ့ရာတွင် ၂၇ပွဲနိုင်၊ ၁၃ပွဲရှုံး၊ တစ်ပွဲဖျက်သိမ်းရလဒ်ကို ပိုင်ဆိုင်ထားသူဖြစ်သည်။
Photo – Aung La Nsang Facebook

Credit