ကမ္ဘာမြေပေါ်ပြန်ကျလာသည့် တရုတ်ဒုံးပျံအပိုင်းအစများ အိန္ဒိယသမုဒ္ဒရာထဲသို့ ကျဆင်း
ကမ္ဘာမြေပြင်ပေါ်ကို ပျက်ကျလာသည့် တရုတ်နိုင်ငံပိုင် ဒုံးပျံ Long March 5B ၏ အပိုင်းအစများသည် ဇူလိုင်လ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် အိန္ဒိယသမုဒ္ဒရာထဲသို့ ကျဆင်းသွားပြီဖြစ်ကြောင်း အမေရိကန် အာကာသကွပ်ကဲမှုဌာနက ထုတ်ပြန်အသိပေးလိုက်သည်။
အစောပိုင်းတွင် အမေရိကန်၊ အာဖရိက၊ သြစတြေးလျ၊ ဘရာဇီး၊ အိန္ဒိယနှင့် အရှေ့တောင်အာရှတို့ရှိ လူနေထူထပ်သည့် နေရာတစ်ခုခုကို ကျရောက်မည်ဟု ပညာရှင်များက ခန့်မှန်းခဲ့သော်လည်း အိန္ဒိယသမုဒ္ဒရာထဲသို့ ကျဆင်းသွားခြင်းဖြစ်သည်။

တရုတ်နိုင်ငံပိုင် Long March 5B ဒုံးပျံ အစိတ်အပိုင်းများ ကမ္ဘာမြေပေါ် ပြုတ်ကျလာသော သတင်းနှင့် ပတ်သက်၍ ပညာရှင်များ ခန့်မှန်းထားသည့် ဇူလိုင်လ ၃၁ ရက်နေ့အစောပိုင်းအချိန်ကို နိုင်ငံပေါင်းစုံက စိတ်ဝင်တစားရှိခဲ့ပြီး ၂၅ တန်ရှိသည့် ဒုံးပျံကိုယ်ထည်ကြောင့် လူအများက သေကျေထိခိုက်မှု ရှိနိုင်မည်ကို စိုးရိမ်ခဲ့ကြသည်။
မြန်မာနိုင်ငံတွင်လည်း ပုသိမ်၊ တနင်္သာရီမြို့များသို့ ကျရောက်မည်ဆိုသည့် ကနဦး ကောလာဟလသတင်းများထွက်ခဲ့ပြီး စိုးရိမ်ပူပန်မှုများရှိခဲ့ရသည်။ လက်ရှိတွင် ဒုံးပျံ၏ အပိုင်းအစများ အိန္ဒိယသမုဒ္ဒရာအတွင်းသို့ကျဆင်းသွားခဲ့ခြင်းသည်ကိုသာ သိရှိရပြီး အသေးစိတ်အချက်အလက်များကို မသိရသေးပေ။

တရုတ်နိုင်ငံအနေဖြင့် ယခုလို ဒုံးပျံများလွှတ်တင်မှုပြီးနောက် ကမ္ဘာမြေပေါ်ပြန်လည်ကျရောက်မှုသည် သုံးကြိမ်မြောက်ရှိလာခဲ့ပြီး ပူပန်စိုးရိမ်ရသည့် အခြေအနေများ ကြုံတွေ့ခဲ့ရသည့်အတွက် ဝေဖန်မှုများရှိနေသည်။
စိုးရိမ်ပူပန်မှုများရှိခဲ့ရသော်လည်း ပညာရှင်များ၏ တွက်ချက်မှုများသည် အနီးစပ်ဆုံးအထိ မှန်ကန်ခဲ့ပြီး အစောပိုင်းတွင် လူလုပ်ဒုံးပျံများကြောင့် လူသေဆုံးမှု မရှိသေးဆိုသည့် အချက်သည်လည်း အသေးစိတ်ထုတ်ပြန်လာသည့်အခါတွင်မှ ဆက်လက်သိရှိနိုင်မည်ဖြစ်သည်။ crd

Zawgyi