လက်ရှိ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ထူးဆန်းတဲ့သတင်းကတော့ နည်းပညာအကူအညီနဲ့ အိပ်ငွေ့ချပြီး အိမ်ဖောက်သွားတဲ့ ဖြစ်ရပ်ပဲ ဖြစ်ပါတယ်။




သူခိုးက အိမ်ရှေ့မှာ မစင်စွန့်ပြီး အိမ်ပေါ်က လူတွေ မနိုးအောင် အစီအရင်လုပ်တဲ့ နည်းလမ်းကို မြန်မာနိုင်ငံသား တော်တော်များများ ရင်းနှီးကြပါတယ်။




ဒါပေမယ့် ဒီတခါကတော့ ထူးဆန်းတဲ့ ပစ္စည်းတခုနဲ့ အိပ်ငွေ့ချသွားတာလို့ သိရပါတယ်။ ပို့စ်တင်သူရဲ့ ရေးသားမှုကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်-
၄ ရက်နေ့က မှုံတို့အိမ်အဖောက်ခံရတုန်းက ကျန်ခဲ့တာလေး။




အိပ်မွှေ့ချပြီး အခိုးခံရတာပါ အိမ်ကလည်းပြောင်းခါစမို့လည်း ပါလိမ့်မယ်။




ပုံမှာပြထားတဲ့ ဝါယာကြိုးလေးနှစ်ခုကို ဆက်လိုက်ရင် အငွေ့တွေ မတရားထွက်လာတာပါ။




မယုံလို့ ကိုယ်တိုင် အဲ့အငွေ့ကို အာချောင်ပြီး ရှုကြည့်တာ တရေးပြန်အိပ်ပျော်သွားရော။
(Ei Ya Mone Thwe)




ကျွမ်းကျင်သူတွေကတော့ ဓာတုဗေဒ ဓာတ်ပြုမှုကို အသုံးချပြီး အိပ်ပျော်စေတဲ့ ဓာတ်ငွေ့ ထွက်အောင်လုပ်တဲ့ ပစ္စည်းလို့




ခန့်မှန်းနေကြပြီး တချို့လူတွေကတော့ မယုံဘူးလို့ ကွန်းမန့်တွေ ရေးသားကြပါတယ်။




တရားဥပဒေ စိုးမိုးမှု လျော့နည်းလာတာကြောင့် ခိုးဆိုးလုနှိုက် ဖောက်ထွင်းမှုများလည်း အများအပြား ဖြစ်ပေါ်နေပြီး




ယခုလို နည်းပညာမြင့် ပစ္စည်းတွေနဲ့ ဖောက်ထွင်းမှုတွေ၊ ဆိုင်ကယ်နဲ့ ကားခိုးယူမှုတွေ လုပ်လာကြတာကို တွေ့ရပါတယ်။crd