Unicode
လူငယ်များဆန္ဒပြလျှင် သေနတ်ဖြင့်ပစ်၊ ကားနှင့်တိုက်ဖမ်းသည့် စစ်တပ်က ဘူးလက်လှဆွေ ဦးဆောင်သည့် မြို့လယ်ခေါင်ဆန္ဒပြပွဲ လုံခြုံရေးယူပေး
မဲခေါင်၊ ဇူလိုင် ၂၉
ကြံ့ဖွတ်ပါတီမှ ဘူးလက်လှဆွေဟုခေါ်သည့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေနှင့်အမျိုးသားရေးအစွန်းရောက် မဘသအဖွဲ့များပါသည့် ဆန္ဒပြပွဲတစ်ခု ယနေ့တွင် ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့တွင် ပြုလုပ်သည်။




အဆိုပါဆန္ဒပြပွဲကို စစ်တပ်က လမ်းများပိတ်ဆို့ပြီး အစစ်အဆေးများပြုလုပ်ကာ လုံခြုံရေးယူပေးခဲ့သည်။




ဦးဂျင်မီနှင့်ဦးဖြိုးဇေယျာသော်တို့အား သေဒဏ်ဖြင့်ကွပ်မျက်ခဲ့ပြီးနောက် နာရေးအိမ်များသို့ ကြံ့ဖွတ်ပါတီဝင်များဦးဆောင်ပြီး အကြမ်းဖက်ရမ်းကားခဲ့ပြီး ၃ ရက်မြောက်နေ့တွင် ကြံ့ဖွတ်ပါတီမှ ဘူးလက်လှဆွေဦးဆောင်ပြီး ဆန္ဒပြပွဲပြုလုပ်ခြင်းဖြစ်သည်။




စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် လူငယ်များက ဆန္ဒပြလျှင်ပင် သေနတ်နှင့်ပစ်၊ ကားဖြင့်တိုက်ဖမ်းသည့် စစ်တပ်က ကြံ့ခိုင်ရေးပါတီမှ ဘူးလက်လှဆွေ ဦးဆောင်ပြုလုပ်သည့် ဆန္ဒပြပွဲအား လုံခြုံရေးယူပေးခြင်းဖြစ်သည်။
ရန်ကုန်တွင် လူ ၅ ဦးထက်ပိုမစုရဟု အာဏာသိမ်းစစ်တပ်က ထုတ်ပြန်ထားပြီး ယနေ့ပြုလုပ်သည့် ဆန္ဒပြပွဲတွင် လူရာဂဏန်းခန့်ပါရှိခဲ့ကြောင်း စစ်တပ်ထောက်ခံသည့် မီဒီယာများတွင် ဖော်ပြသည့် ဓာတ်ပုံများတွင် တွေ့ရသည်။
#MeKongNews




Zawgyi
လူငယ္မ်ားဆႏၵျပလွ်င္ ေသနတ္ျဖင့္ပစ္၊ ကားႏွင့္တိုက္ဖမ္းသည့္ စစ္တပ္က ဘူးလက္လွေဆြ ဦးေဆာင္သည့္ ၿမိဳ႕လယ္ေခါင္ဆႏၵျပပြဲ လုံၿခဳံေရးယူေပး
မဲေခါင္၊ ဇူလိုင္ ၂၉
ႀကံ့ဖြတ္ပါတီမွ ဘူးလက္လွေဆြဟုေခၚသည့္ လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦးလွေဆြႏွင့္အမ်ိဳးသားေရးအစြန္းေရာက္ မဘသအဖြဲ႕မ်ားပါသည့္ ဆႏၵျပပြဲတစ္ခု ယေန႔တြင္ ရန္ကုန္ၿမိဳ႕လယ္ ၿမိဳ႕ေတာ္ခန္းမေရွ႕တြင္ ျပဳလုပ္သည္။




အဆိုပါဆႏၵျပပြဲကို စစ္တပ္က လမ္းမ်ားပိတ္ဆို႔ၿပီး အစစ္အေဆးမ်ားျပဳလုပ္ကာ လုံၿခဳံေရးယူေပးခဲ့သည္။




ဦးဂ်င္မီႏွင့္ဦးၿဖိဳးေဇယ်ာေသာ္တို႔အား ေသဒဏ္ျဖင့္ကြပ္မ်က္ခဲ့ၿပီးေနာက္ နာေရးအိမ္မ်ားသို႔ ႀကံ့ဖြတ္ပါတီဝင္မ်ားဦးေဆာင္ၿပီး အၾကမ္းဖက္ရမ္းကားခဲ့ၿပီး ၃ ရက္ေျမာက္ေန႔တြင္ ႀကံ့ဖြတ္ပါတီမွ ဘူးလက္လွေဆြဦးေဆာင္ၿပီး ဆႏၵျပပြဲျပဳလုပ္ျခင္းျဖစ္သည္။




စစ္အာဏာရွင္စနစ္ဆန႔္က်င္ေရးအတြက္ လူငယ္မ်ားက ဆႏၵျပလွ်င္ပင္ ေသနတ္ႏွင့္ပစ္၊ ကားျဖင့္တိုက္ဖမ္းသည့္ စစ္တပ္က ႀကံ့ခိုင္ေရးပါတီမွ ဘူးလက္လွေဆြ ဦးေဆာင္ျပဳလုပ္သည့္ ဆႏၵျပပြဲအား လုံၿခဳံေရးယူေပးျခင္းျဖစ္သည္။
ရန္ကုန္တြင္ လူ ၅ ဦးထက္ပိုမစုရဟု အာဏာသိမ္းစစ္တပ္က ထုတ္ျပန္ထားၿပီး ယေန႔ျပဳလုပ္သည့္ ဆႏၵျပပြဲတြင္ လူရာဂဏန္းခန႔္ပါရွိခဲ့ေၾကာင္း စစ္တပ္ေထာက္ခံသည့္ မီဒီယာမ်ားတြင္ ေဖာ္ျပသည့္ ဓာတ္ပုံမ်ားတြင္ ေတြ႕ရသည္။
#MeKongNews
Credit