မလေးရှား၌ ထိန်းသိမ်းခံထားရသည့် CDM ဝန်ထမ်းများကို ကယ်ထုတ်နိုင်ခဲ့
ရန်ကုန်၊ ဇူလိုင် (၂၉)
လူငယ့်ခေတ်
မလေးရှားနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ရင်း ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံမှ CDM ဝန်ထမ်းများကို ကယ်ထုတ်နိုင်ခဲ့ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ(မလေးရှား)(MMWC-Malaysia)ထံမှ သိရသည်။

မလေးရှားနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာမှုအတွက် ကလန်တန်းထောင်တွင် CDM ဝန်ထမ်း (၅)ဦး ထိန်းသိမ်းခံထားရသည်ဟု ယင်းကော်မတီကဆိုသည်။
ထို့ကြောင့် ၎င်းတို့ကို ကယ်ထုတ်နိုင်ရေးအတွက် UNHCR နှင့်ချိတ်ဆက်ကြိုးစားဆောင်ရွက်နေပြီး ဇူလိုင် (၂၇) ရက်တွင် (၂)ဦးကို ခေါ်ထုတ်နိုင်ခဲ့ပြီးဖြစ်သည်ဟု (MMWC-Malaysia)ဥက္ကဋ္ဌဒေါ်သူဇာမောင်က ဆိုသည်။

ယနေ့တွင်လည်း ကျန်ရှိသည့်ထိန်းသိမ်းခံထားရသူများ လွတ်မြောက်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သည်ဟု ဒေါ်သူဇာမောင်ထံမှ သိရသည်။
“ယနေ့ တရားရုံးမှာ အမှုနိုင်ပါတယ်ရှင့် … လုပ်ထုံးလုပ်နည်းများ ကျန်ပါသေးသဖြင့် လူစောင့် ခေါ်နေပါတယ်… အားလုံးကို ကျေးဇူးတင်ပါတယ်”ဟု ဒေါ်သူဇာမောင်က ရေးသားထားသည်။
ထိန်းသိမ်းခံ CDM ဝန်ထမ်းများကို ကယ်ထုတ်ပေးနေသည့် အသေးစိတ်အချက်အလက်များနှင့်ပတ်သက်၍ ဒေါ်သူဇာမောင်ထံ လူငယ့်ခေတ်က ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

မလေးရှားနိုင်ငံ၌ ဖမ်းဆီးထိန်းသိမ်းခံရသည့် CDM ဝန်ထမ်းများရှိပါကလည်း ဆက်သွယ်သတင်းပေးရန် MMWC က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံရှိ CDM ဝန်ထမ်းများမှာ လက်ရှိအချိန်၌ အလုပ်အကိုင်အခက်အခဲများရှိနေပြီး စစ်ကောင်စီက ပြည်ပသွားရောက်ခွင့်ကို ပိတ်ပင်ထားသည်။
ထို့ကြောင့် နယ်စပ်လမ်းကြောင်းမှနေ၍ ထွက်ပြေးတိမ်းရှောင်မှုများပြုလုပ်ချိန် အခြားနိုင်ငံ၌ ဖမ်းဆီးထိန်းသိမ်းခံရခြင်းများရှိနေခြင်းဖြစ်သည်။

ဓာတ်ပုံ – မလေးရှားနိုင်ငံသို့ တရားမဝင်ဝင်ရောက်သည့်အတွက် ဖမ်းဆီးခံခဲ့ရသည့် မြန်မာနိုင်ငံသားအချို့အား တွေ့ရစဉ်

Credit