သီလဝါသွားတဲ့ တံတားပေါ်က ထူးဆန်းတဲ့အဝါရောင်မျဉ်းတွေရဲ့ အကြောင်း

News

Unicode
သီလဝါသွားတဲ့ တံတားပေါ်က ထူးဆန်းတဲ့အဝါရောင်မျဉ်းတွေရဲ့ အကြောင်း

အမေး။ တခုလောက် မေးခွင့်ပြုပါခင်မျာ – ဒဂုံဆိပ်ကမ်းကနေ သီလဝါဖက်ကိုသွားတဲ့ ကုလားဝဲတံတားပေါ်မှာ ဆွဲထားတဲ့ မျဉ်းဝါလိုင်းတွေက ဘာကို ဆိုလိုမှန်းမသိလို့ပါ – သိနားလည်တဲ့ဆရာတို့ ပြောပြပေးခဲ့စေချင်ပါတယ်ခင်မျာ။

အဖြေ။ Heavy-weight Truck တွေအတွက် တံတားရဲ့ အမာခံသံယက်မ (H-Beam)တန်းတွေ ရှိတဲ့နေရာကို အမှတ်အသားလိုင်းဆွဲပြထားတာပါ။

Over weight ကားကြီးတွေ အတွက်ပါ သီလဝါ ဆိပ်ကမ်းကနေ လာတဲ့ ဥပမာ။ ထရမ်စဖော်မာ အကြီးကြီးတွေ ယန္တယား အကြီးကြီးတွေ နဲ့တစ်ခြား Heavy weight ကြီးတွေဟာ

ညဘက် လူခြေတိတ်ချိန်ကြ ဖြတ်သန်း တဲ့အခါ တံတားပေါ် ဖြတ်သမ်းရမယ့်နေရာကို ဆွဲပေးထားတာပါ။

မျဉ်းမဆွဲခင်က အဲ့လို Heavy weight တွေဖြတ်မယ်ဆို တံတားတည်ဆောက်တဲ့ အင်ဂျင်နီယာအဖွဲ့တွေက စောင့်ပြီး လမ်းကြောင်းတစ်လျှောက် လိုက်ပါပြီးပို့ဆောင်ရပါတယ်။

ဖြတ်သမ်းမယ့် နေရာမှာ ရှိတဲ့ တံတားလေးတွေ မှာလဲ အဲ့တာဝန်ရှိအင်ဂျင်နီယာတွေကပဲ ဆေးနဲ့ဖြစ်စေ ထုံးတား၍ဖြစ်စေ အင်ဂျင်နီယာ ကိုယ်တိုင်လမ်းလျှောက်၍ဖြစ်စေ လမ်းကြောင်းတစ်လျှေက်လိုက်ပြရတာပါ။

အဲ့လို weight တွေဖြတ်သမ်းရင် ရှေ့ကလမ်းကြောင်းကား ပါ ပါတယ် တံတားရဲ့ကျစ်လစ်မှု ခံနိုင်မှုအများဆုံးနေရာတွေကို ဉီးစားပေး ရွေးခြယ်ထားပြီး

တန်ချိန်အရမ်းများတဲ့ကားကြီးတွေအတွက် မျဉ်းဝါဆွဲပေးထားတာဖြစ်ပါကြောင်း ဗဟုသုတအဖြစ် ပြန်လည်ဝေမျှလိုက်ပါသည်။ (မူရင်းရေးသားသူအား လေးစားမှုဖြင့်)

သီလဝါသြားတဲ့ တံတားေပၚက ထူးဆန္းတဲ့အဝါေရာင္မ်ဥ္းေတြရဲ႕ အေၾကာင္း

အေမး။ တခုေလာက္ ေမးခြင့္ျပဳပါခင္မ်ာ – ဒဂုံဆိပ္ကမ္းကေန သီလဝါဖက္ကိုသြားတဲ့ ကုလားဝဲတံတားေပၚမွာ ဆြဲထားတဲ့ မ်ဥ္းဝါလိုင္းေတြက ဘာကို ဆိုလိုမွန္းမသိလို႔ပါ – သိနားလည္တဲ့ဆရာတို႔ ေျပာျပေပးခဲ့ေစခ်င္ပါတယ္ခင္မ်ာ။

အေျဖ။ Heavy-weight Truck ေတြအတြက္ တံတားရဲ႕ အမာခံသံယက္မ (H-Beam)တန္းေတြ ရွိတဲ့ေနရာကို အမွတ္အသားလိုင္းဆြဲျပထားတာပါ။

Over weight ကားႀကီးေတြ အတြက္ပါ သီလဝါ ဆိပ္ကမ္းကေန လာတဲ့ ဥပမာ။ ထရမ္စေဖာ္မာ အႀကီးႀကီးေတြ ယႏၲယား အႀကီးႀကီးေတြ နဲ႔တစ္ျခား Heavy weight ႀကီးေတြဟာ

ညဘက္ လူေျခတိတ္ခ်ိန္ၾက ျဖတ္သန္း တဲ့အခါ တံတားေပၚ ျဖတ္သမ္းရမယ့္ေနရာကို ဆြဲေပးထားတာပါ။

မ်ဥ္းမဆြဲခင္က အဲ့လို Heavy weight ေတြျဖတ္မယ္ဆို တံတားတည္ေဆာက္တဲ့ အင္ဂ်င္နီယာအဖြဲ႕ေတြက ေစာင့္ၿပီး လမ္းေၾကာင္းတစ္ေလွ်ာက္ လိုက္ပါၿပီးပို႔ေဆာင္ရပါတယ္။

ျဖတ္သမ္းမယ့္ ေနရာမွာ ရွိတဲ့ တံတားေလးေတြ မွာလဲ အဲ့တာဝန္ရွိအင္ဂ်င္နီယာေတြကပဲ ေဆးနဲ႔ျဖစ္ေစ ထုံးတား၍ျဖစ္ေစ အင္ဂ်င္နီယာ ကိုယ္တိုင္လမ္းေလွ်ာက္၍ျဖစ္ေစ လမ္းေၾကာင္းတစ္ေလွ်က္လိုက္ျပရတာပါ။

အဲ့လို weight ေတြျဖတ္သမ္းရင္ ေရွ႕ကလမ္းေၾကာင္းကား ပါ ပါတယ္ တံတားရဲ႕က်စ္လစ္မႈ ခံႏိုင္မႈအမ်ားဆုံးေနရာေတြကို ဉီးစားေပး ေ႐ြးျခယ္ထားၿပီး

တန္ခ်ိန္အရမ္းမ်ားတဲ့ကားႀကီးေတြအတြက္ မ်ဥ္းဝါဆြဲေပးထားတာျဖစ္ပါေၾကာင္း ဗဟုသုတအျဖစ္ ျပန္လည္ေဝမွ်လိုက္ပါသည္။ (မူရင္းေရးသားသူအား ေလးစားမႈျဖင့္)

Leave a Reply

Your email address will not be published.