မြန်မာငွေဈေး ကျပြီး ဒေါ်လာဈေးထိုးတက်နေချိန်မျာ ရွှေကိုင်ရမလား၊ ငွေကိုင်ရမလား၊ မြေကိုင်ရမလား ဆိုပြီး ဒွိဟဖြစ်နေသူများအတွက် အဖြေ…..

News

မြန်မာငွေဈေး ကျပြီး ဒေါ်လာဈေးထိုးတက်နေချိန်မျာ ရွှေကိုင်ရမလား၊ ငွေကိုင်ရမလား၊ မြေကိုင်ရမလား ဆိုပြီး ဒွိဟဖြစ်နေသူများအတွက် အဖြေ…..

ကျပ်ငွေတန်ဖိုးကျဆင်းကာ အစစအရာရာ ဈေးနှုန်းတွေမြှင့်တက်နေပြီး ဈေးကွက်မတည်မငြိမ်ဖြစ်နေချိန် ရွှေကိုင်ရမလား၊ ငွေကိုင်ရမလား၊ မြေကိုင်ရမလား ကားပဲပြေးဝယ်ရတော့မှာလားဆိုပြီး ဒွိဟဖြစ်နေသူများအတွက် ရွေးချယ်မှုမှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ကြစေဖို့ ရည်ရွယ်ပါတယ်။ မြေဝယ်မကျလား မြေမျိုမှာလား ရွှေ ဒေါ်လာ အိမ်ခြံမြေ ကား ဘယ်ကိုရွှေ့ကြမလဲဆိုတာ မရှိတောင့်တ ရှိကြောင့်ကြသဘောအတိုင်း အခုလိုအခြေအနေမှာ ရှိတဲ့သူတွေကကိုယ့်ရှိတာလေးကို ဘယ်နေရာထားရမလဲပူနေကြရပါတယ်။ ပထမဆုံးလုပ်ဖြစ်ကြတာကတော့ ရွှေ။ နည်းနည်းဖြစ်ဖြစ်စုကြတာက ရွှေပါ။ မူးစုပဲစုနဲ့

စုကြသလို လက်ဝတ်လက်စားအဖြစ်နဲ့လည်း စုတတ်ကြတယ်။ငွေလိုရင်ပြန်ဖျောလို့လွယ်တယ်။အခုလည်း ရွှေစုတဲ့သူတွေမနည်းပါဘူး။ပြေးရင်လွှားရင် သယ်သွားလို့ရတယ်။ငွေကြေးဖောင်းပွမှုဒဏ်လည်းကာကွယ်နိုင်တယ်။အပိုင်းလိုက် အတုံးလိုက်စုရင်ကိုယ်ထိန်းသိမ်းရတာကျုံ့သွားတယ်။ အားနည်းချက်ကတော့ သူခိုးဓားမြစာမိနိုင်တယ်။ ဒုတိယက အိမ်ခြံမြေ။ အိမ်ခြံမြေကလည်း မြန်မာ့စီးပွားရှင်တွေအကြိုက်ပါပဲ။မြေဝယ်မကျဆိုတဲ့စကားကိုတော်တော်များများယုံကြည်ကြတယ်။ စစ်ဘေးအန္တရာယ်ကျရင်လည်း

မြေကတော့သူခိုးဓားမြကယူလို့မရဘူးပေါ့။မြေဈေးကလည်းငွေကြေးဖောင်းပွမှုကိုကာကွယ်နိုင်လေ့ရှိပါတယ်။ဥစ္စာဓနများသူတွေအတွက်ရွှေဝယ်ရင် ဘယ်နားသွားထားမလဲ။မြေထဲထည့်လိုက်ရင်တော့ဘယ်လောက်များတဲ့ဥစ္စာဖြစ်ဖြစ်ဝင်သွားတာပါပဲ။ ဒါပေမယ့် မြေကပြေးရင်လွှားရင်ထားခဲ့ရမယ်။မြေတိုင်းထမင်းနဲ့လဲလို့မရဘူး။တရားဥပဒေမစိုးမိုးရင် ကျူးသူတွေ ရှိနိုင်တယ်။မြေမျိုတယ်ဆိုတဲ့စကားလည်းရှိပါတယ်။တက်ဈေးနဲ့ဝယ်ရင်အဝယ်တွေရပ်သွားချိန်မှာပိုက်မိတတ်တယ်။ မြတ်ချင်ဇောနဲ့ဝယ်ရင်လုဝယ်ရတာမို့

မှားယွင်းတတ်တယ်။ငွေလိုချိန်မှာမြေရောင်းရင်ကိုယ့်မြေရဲ့ ဈေးကွက်ဝင်မှုပေါ်မူတည်ပြီး သိပ်ခက်ပါတယ်။ဒါကြောင့်အိမ်ခြံမြေဝယ်မယ်ကြံတိုင်း “မြေဝယ်မကျ”နဲ့ “ မြေမျို”စကားနှစ်ခုကို စီးပွားရှင်တို့အမှတ်ရရင်အကောင်းဆုံးပါ။ နောက်တစ်ခုက ဒေါ်လာ။ ဒေါ်လာကတော့ငွေမာလို့ ပြောကြတဲ့အတိုင်း ဘယ်ခေတ်မှာဖြစ်ဖြစ်ပန်းပန်ပါတယ်။ကမ္ဘာမှာအတောင့်ဆုံးနိုင်ငံကြီးရဲ့နိုင်ငံသုံးငွေဆိုတော့ သူ့ကိုတစ်ကမ္ဘာလုံးကယုံကြည်ကြပါတယ်။ စီးပွားရှင်တို့တွေဝယ်နေသုံးနေရတဲ့ပစ္စည်းတွေကလည်းဒေါ်လာနဲ့ဝယ်ရတာ

၊ဆေးကုရင်လည်းဒေါ်လာနဲ့ ဆေးကုရတာဆိုတော့ဒေါ်လာစုထားမမှားပါဘူး။ ဒါပေမယ့် ဒေါ်လာဟာအများအနည်းပေါ်တည်ပြီး အတုနဲ့မိနိုင်တယ်။ဥပဒေနဲ့ ငြိစွန်းနိုင်တယ်။ နောက်ဆုံးတစ်ခုကတော့ ကား။ ကားကတော့တခြားနိုင်ငံတွေနဲ့မတူဘဲစီးပွားရှင်တို့မြန်မာမှာထူးခြားချက်ရှိပါတယ်။ သူများနိုင်ငံတွေမှာပြခန်းကနေမောင်းထွက်တဲ့နောက်ပိုင်း ဈေးကကျပဲကျပေမယ့်မြန်မာမှာကတော့

တက်တတ်ပါတယ်။ ကံကောင်းရင်ကိုယ့်ငွေအများကြီး ပွားသွားနိုင်တယ်။အခုလည်းဒီတိုင်းပါပဲ။ကားကမြေထက်ငွေပေါ်လွယ်ပြီးသုံးလို့လည်းရပါတယ်။ ကားအမျိုးအစားပေါ်တော့တည်တာပေါ့။ တခုရှိတာကသူကလည်း ကိုယ့်ခြံကိုယ့်ဝင်းနဲ့မဟုတ်ရင်သူခိုးဓားမြရန်စိုးရိမ်ရပါတယ်။ကားကမူဝါဒပေါ်လည်းမှီနေပါတယ်။မူဝါဒပြောင်းတာနဲ့ဈေးကထိုးတက်

သို့မဟုတ်ထိုးကျတတ်ပါတယ်။ ရေးရင်း သတိရလာတာက ဘဏ်ပါ။စီးပွားရှင်တို့မြန်မာတွေဟာ လွန်ခဲ့တဲ့ ၇နှစ် ၈နှစ်အတွင်း ဘဏ်တွေကိုယုံကြည်သုံးစွဲလာရာကနေ လွန်ခဲ့တဲ့တစ်နှစ်ကျော်ကာလမှာဘဏ်တွေကိုယုံကြည်မှုပျောက်သွားပါတယ်။ လုပ်ငန်းရှင်တွေကတော့ဘဏ်တွေကိုသုံးနေကြရတာပါပဲ။ ဘဏ်ကတော့အတိုးရပါတယ်။သူခိုးဓားမြရန်မပူရဘူး။

သူခိုးဓားမြမပြောနဲ့ အပ်ထားသူပိုင်ရှင်တောင်ထုတ်မရဘူးလို့ ဟာသပြောရလောက်အောင်ပါ။ ဘာပဲပြောပြောဘဏ်အပ်သူတွေကတော့ရှိနေမှာပါ။ယုံကြည်မှုအတိုင်းအတာနဲ့ဝန်ဆောင်မှုပေါ်တည်ပြီး ဘဏ်အပ်သူအနည်းအများတော့ကွာမှာပါ။ စီးပွားရှင်တို့ ဥစ္စာဓနပေါများတိုးတက်ပါစေ။ရှိပြီးသား တွေကိုလည်းထိန်းသိမ်းနိုင်ပါစေဆိုပြီး စာရေးဆရာ စီးပွားရှင်ရဲ့ အကြံပြုရေးသားချက်အား ဒွိဟဖြစ်နေသူများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

crd-စီးပွားရှင်

Leave a Reply

Your email address will not be published.