Unicode
PDF ၈ ဖွဲ့ ပူးပေါင်းကာ ပေါက်မြို့နယ်တွင် ဇေယျာသော် စစ်ဆင်ရေး စတင်၊ စစ်ကောင်စီတပ်နှင့် ပျူစောထီး ၇ ဦးသေဆုံး(ရုပ်/သံ)
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၇ ရက်
မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တပ်စွဲထားသည့် တပ်ကုန်းရွာကို ”ဇေယျာသော်” စစ်ဆင်ရေးအဖြစ် PDF ၈ ဖွဲ့ ပူးပေါင်းကာ ယမန်နေ့က စီးနင်းတိုက်ခိုက်ခဲ့ကြောင်း Young Revolution Front က သတင်းထုတ်ပြန်ထားသည်။

ယမန်နေ့ ဇူလိုင်လ(၂၆)ရက်နေ့၊ နံနက်(၅)နာရီခွဲမှ (၇)နာရီအထိ PDF ပူးပေါင်းအဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားနှင့် ပျူစောထီး(၇)ဦးသေဆုံးကာ သေနတ် ၁ လက်၊ Usi ကျည် ၂၄ တောင့်၊ G-3ကျည် ၃ တောင့်၊ ၅.၅၆ ကျည် ၆၉ တောင့်၊ ကပစ ၁၂ ကျည် ၂၉ တောင့်နှင့် လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

” ဇေယျာသော် ” စစ်ဆင်ရေးကို ပေါက်တောင်ပိုင်း ပျောက်ကြားတပ်-SPGF၊ YDF Saw တပ်ရင်း – ၉၊ ၁၀ Yenangyang PDF၊ တပ်ရင်း (၇၁၂) ၊ PPC၊ Pauk PDF တပ်ရင်း -၄၊ Pauk PDF တပ်ရင်း -၆၊ CAF -Spu PDF၊ Young Revolution Front – YRF တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အောင်ပွဲဖြင့် ပြန်လာသည့် PDF များကို ပြည်သူများက ကြိုဆိုခဲ့ကြကြောင်း သိရသည်။
ရုပ်သံ – Young Revolution Front

Zawgyi
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၇ ရက်

