“ဒေါင်းယာဉ်ပျံဘုံနဘေးမှာ စာရေးလို့ ထားချင်တယ်” ဆိုတာ ဘာကို ဆိုလိုတာလဲ?
အခုတစ်လောမှာ မြန်မာရုပ်ရှင်ဇာတ်လမ်းတွဲ ပရိသတ်တွေကြား ရေပန်းစားနေတဲ့ “ဒေါင်းယာဉ်ပျံဘုံနဘေးမှာ စာရေးလို့ထားချင်တယ်”
ဇာတ်လမ်းတွဲရဲ့ အမည်လေးရယ်၊ အဲ့ဒီ ခေါင်းစဉ်နဲ့ သက်ဆိုင်တဲ့ စိတ်၀င်စားစရာ အချက်တစ်ချို့ရယ်ကို ပြောပြချင်ပါတယ်။

ဒီဇာတ်လမ်းတွဲလေးက စာရေးဆရာ နွယ်ဂျာသိုင်းရဲ့ ၀တ္ထု ဖြစ်တဲ့ “ဒေါင်းယာဉ်ပျံဘုံနဘေးမှာ စာရေးလို့ထားချင်တယ်”
ဆိုတဲ့ နာမည်နဲ့ လုံးချင်း၀တ္ထု လေးကို အခြေခံပြီး ပြန်လည် ရိုက်ကူးထားတာပါ။
ဇာတ်အိမ်လေးရဲ့ အဓိက အကြောင်းအရာကတော့ သက်သက် ဆိုတဲ့ မိန်းကလေးတစ်ဦးရဲ့ ဘဝဖြတ်သန်းပုံလေးကို ဖော်ညွှန်းထားတာပေါ့။
အဓိကတော့ မိန်းကလေးတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ နောင်တတွေ၊ အမှန်တကယ်မှာ နောင်တရစရာမဟုတ်ဘဲ ခံစားချက်အတွက်
ရဲရင့်ပြတ်သားခဲ့မှုတွေ၊ ဒါတွေကို ရသစုံ ဖြစ်အောင်ပုံဖော်ထားတဲ့ ဇာတ်အိမ်လေးပါ။

ဒီနေရာမှာ သူ့ရဲ့ ခေါင်းစဉ်ဖြစ်တဲ့ “ဒေါင်းယာဉ်ပျံဘုံနဘေးမှာ စာရေးလို့ထားချင်တယ်” ဆိုတာဟာ ဟိုးတစ်ချိန်က သီပေါမင်းရဲ့
မိဘုရားခေါင်ကြီးဖြစ်ဖို့ လွဲချော်ခဲ့သူ စုဘုရားကြီး (အစ်မတော်စုဘုရား) ရဲ့ တေးထပ်တစ်ပုဒ်ရဲ့ နာမည်ပဲဖြစ်ပါတယ်။
“အောင်မအောင် ရိပ်ရောင်သိပါဘိ ၊ မောင်ချစ်တီးအိုးစည်၊ သာဘက်ကသူမြည်တယ် ၊ ကြံစည်တော်နိုင်ပေ့ ၊တစ်ဘက်လှဲ့စေတနာကို ၊
ဆွေမဟာတွေ့ကြုံရ၍ ၊ ကံမှေးတဲ့ခေတ်ဆီကို ၊ ချစ်မညီသွေလေ့သည်ဆွေလိုပွေခေါင်ကြွေ့ကို ၊ နောင်တွေ့ရင်ကွင်းမယ်၊ ဒေါင်းယဉ်ပျံဘုံနဘေးမှာ ၊
စာရေးလို့ထားချင်လှတယ်။ ကပ္ပဋ္ဌီငါးသွယ်မှာ ၊ တစ်ပါးမယ်ဆူလှိုက်လို့ ၊ ပူခိုက်ကို သူသုန်မှုန် အေးမှရိပ်လှုံ ဘဝတိုင်းသည်ပုံလို ၊
နောင်ကြုံမယ် ကြောက်လွန်းလို့လေး” ဆိုတဲ့ ဒီတေးထပ်လေးမှာ အစ်မတော် စုဘုရားဟာ သီပေါမင်းရဲ့ ဘက်လိုက်တဲ့အချစ်တွေ၊
မျက်နှာများပုံတွေ၊ ရှေ့တစ်မျိုးကွယ်ရာတစ်မျိုး ဆက်ဆံပုံတွေကို နာကျည်း၀မ်းနည်းပြီး ဒီတေးထပ်ကို ရေးခဲ့တာပါ။

ဒါကြောင့် ဒီတေးထပ်ဟာ အမျိုးသမီးတစ်ဦးကနေ ယောင်္ကျားတစ်ယောက်ရဲ့ မယုံကြည်ရတဲ့အခြေအနေတွေကို ရင်ဖွင့်တဲ့ တေးထပ်တစ်ခုဖြစ်ပါတယ်။
ဒီလိုပဲ ဆရာ နွယ်ဂျာသိုင်းရဲ့ ၀တ္တုနဲ့ဇာတ်အိမ်ကလည်း တူညီတဲ့ အကြောင်းအရာပေါ်မှာ အခြေပြုထားတာပါ။
ဒါပေမယ့် ခေါင်းစဉ်စကားလုံးဖြစ်တဲ့ “ဒေါင်းယာဉ်ပျံဘုံနဘေးမှာ စာရေးလို့ထားချင်တယ်” ဆိုတာကို နားလည်ဖို့ကကြတော့ ရှေးမြန်မာတွေဟာ
နေ နဲ့ လ ကို ဒေါင်း နဲ့ ယုန်လို့ ကိုယ်စားပြုသတ်မှတ်ကြပါတယ်။
ဒေါင်း က ချိန်မှာ ဝိုင်းစက်တောက်ပတဲ့ အမြှီးကို နေနဲ့ နှိုင်းယှဉ်ပြီး အခုလို သတ်မှတ်ကြတာပါ။ဒီတော့ ဒေါင်းယာဉ်ပျံဘုံဆိုတာကတော့ နေဗိမာန်ဘုံ
လို့ အဓိပ္ပာယ်ဖွင့်ရမှာဖြစ်ပါတယ်။ သူ့ရဲ့ တေးထပ်မှာ အဓိက နေရာတစ်ခုဖြစ်တဲ့ ဒေါင်းယဉ်ပျံဘုံနဘေးမှာ ၊ စာရေးလို့ထားချင်လှတယ်
ကပ္ပဋ္ဌီငါးသွယ်မှာ ၊ တစ်ပါးမယ်ဆူလှိုက်လို့ ၊ ဆိုတဲ့ နေရာလေးဟာ တေးထပ်တစ်ခုလုံး အဓိက အသက်နေရာ လေးဖြစ်ပြီး နေဗိမာန်ဘုံနဘေး မှာ
စာရေးထားချင်တယ်၊ ဘာအကြောင်းလဲဆိုတော့ ကမ္ဘာမြေ တည်ရှိနေသရွေ့ ရှိနေမယ့် အကြောင်းတရား ကပ္ပဋ္ဌီလေးသွယ်မှာ
တစ်သွယ်ထပ်တိုးတဲ့အကြောင်း ကပ္ပဋ္ဌီငါးသွယ်မြောက် ဖြစ်တဲ့ ချစ်ခြင်းတရားတွေ၊ချစ်ရတဲ့သူတွေကို ထပ်တိုးအဖြစ်
ထည့်ရေးပြီး ပြောင်ပြောင် မြောက်မြောက် ညွှန်းဖွဲ့ထားတာပါ။

ဒီတေးထပ်လေးဟာ အနုပညာသဘောအရရော၊ စာပေသဘောအရရော အဆင့်မြင့် ပြောင်မြောက်လွန်းတဲ့ တေးထပ်လေးတစ်ခုလည်းဖြစ်ပြီး ချီးကျူးဖွယ်ရာ လက်ရာလေးတစ်ခုပါ။
ရေးသားသူ စုဘုရားကြီးကိုယ်တိုင်က ဝိပဿနာကျမ်းကို ပြုစုတဲ့ ကျမ်းပြုသူတစ်ဦးလည်းဖြစ်သလို နောက်ဆုံးဘဝနေ၀င်ချိန်ကို သာသနာ့ဘောင်မှာ ဖြတ်သန်းခဲ့သူလည်းဖြစ်ပါတယ်။
ဒါကြောင့် ဘယ်လောက်ထိ ကျမ်းဂန်ပိုင်နိုင်ပြီး ဝေါဟာရကြွယ်၀သလဲဆိုတာကို ဒီတေးထပ်နဲ့ ဒီခေါင်းစဉ်လေးမှာ မြင်တွေ့ရမှာပါ။
ကျွန်တော်တို့တွေလည်း ရင်ဘတ်ထဲကအကြောင်းအရာတွေကို ချစ်လို့ပဲဖြစ်ဖြစ် မုန်းလို့ပဲဖြစ်ဖြစ်၊ နာကျည်းလို့ပဲဖြစ်ဖြစ် ကမ္ဘာတည်နေသရွှေ့
မေ့ပျောက်မရနိုင်အောင်၊ မေ့မသွားကြရအောင် “ဒေါင်းယာဉ်ပျံဘုံနဘေးမှာ၊ စာရေးလို့သာ ထားလိုက်ချင်ပါတော့တယ်” ခင်ဗျာ။
လေးစားစွာဖြင့် မူရင်းရေးသူကို..
zawgyi,
“ဒေါင်းယာဉ်ပျံဘုံနဘေးမှာ စာရေးလို့ ထားချင်တယ်” ဆိုတာ ဘာကို ဆိုလိုတာလဲ?
အခုတစ်လောမှာ မြန်မာရုပ်ရှင်ဇာတ်လမ်းတွဲ ပရိသတ်တွေကြား ရေပန်းစားနေတဲ့ “ဒေါင်းယာဉ်ပျံဘုံနဘေးမှာ စာရေးလို့ထားချင်တယ်”
ဇာတ်လမ်းတွဲရဲ့ အမည်လေးရယ်၊ အဲ့ဒီ ခေါင်းစဉ်နဲ့ သက်ဆိုင်တဲ့ စိတ်ဝင်စားစရာ အချက်တစ်ချို့ရယ်ကို ပြောပြချင်ပါတယ်။
ဒီဇာတ်လမ်းတွဲလေးက စာရေးဆရာ နွယ်ဂျာသိုင်းရဲ့ ဝတ္ထု ဖြစ်တဲ့ “ဒေါင်းယာဉ်ပျံဘုံနဘေးမှာ စာရေးလို့ထားချင်တယ်”
ဆိုတဲ့ နာမည်နဲ့ လုံးချင်းဝတ္ထု လေးကို အခြေခံပြီး ပြန်လည် ရိုက်ကူးထားတာပါ။

ဇာတ်အိမ်လေးရဲ့ အဓိက အကြောင်းအရာကတော့ သက်သက် ဆိုတဲ့ မိန်းကလေးတစ်ဦးရဲ့ ဘဝဖြတ်သန်းပုံလေးကို ဖော်ညွှန်းထားတာပေါ့။
အဓိကတော့ မိန်းကလေးတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ နောင်တတွေ၊ အမှန်တကယ်မှာ နောင်တရစရာမဟုတ်ဘဲ ခံစားချက်အတွက်
ရဲရင့်ပြတ်သားခဲ့မှုတွေ၊ ဒါတွေကို ရသစုံ ဖြစ်အောင်ပုံဖော်ထားတဲ့ ဇာတ်အိမ်လေးပါ။
ဒီနေရာမှာ သူ့ရဲ့ ခေါင်းစဉ်ဖြစ်တဲ့ “ဒေါင်းယာဉ်ပျံဘုံနဘေးမှာ စာရေးလို့ထားချင်တယ်” ဆိုတာဟာ ဟိုးတစ်ချိန်က သီပေါမင်းရဲ့
မိဘုရားခေါင်ကြီးဖြစ်ဖို့ လွဲချော်ခဲ့သူ စုဘုရားကြီး (အစ်မတော်စုဘုရား) ရဲ့ တေးထပ်တစ်ပုဒ်ရဲ့ နာမည်ပဲဖြစ်ပါတယ်။
“အောင်မအောင် ရိပ်ရောင်သိပါဘိ ၊ မောင်ချစ်တီးအိုးစည်၊ သာဘက်ကသူမြည်တယ် ၊ ကြံစည်တော်နိုင်ပေ့ ၊တစ်ဘက်လှဲ့စေတနာကို ၊
ဆွေမဟာတွေ့ကြုံရ၍ ၊ ကံမှေးတဲ့ခေတ်ဆီကို ၊ ချစ်မညီသွေလေ့သည်ဆွေလိုပွေခေါင်ကြွေ့ကို ၊ နောင်တွေ့ရင်ကွင်းမယ်၊ ဒေါင်းယဉ်ပျံဘုံနဘေးမှာ ၊
စာရေးလို့ထားချင်လှတယ်။ ကပ္ပဋ္ဌီငါးသွယ်မှာ ၊ တစ်ပါးမယ်ဆူလှိုက်လို့ ၊ ပူခိုက်ကို သူသုန်မှုန် အေးမှရိပ်လှုံ ဘဝတိုင်းသည်ပုံလို ၊
နောင်ကြုံမယ် ကြောက်လွန်းလို့လေး” ဆိုတဲ့ ဒီတေးထပ်လေးမှာ အစ်မတော် စုဘုရားဟာ သီပေါမင်းရဲ့ ဘက်လိုက်တဲ့အချစ်တွေ၊
မျက်နှာများပုံတွေ၊ ရှေ့တစ်မျိုးကွယ်ရာတစ်မျိုး ဆက်ဆံပုံတွေကို နာကျည်းဝမ်းနည်းပြီး ဒီတေးထပ်ကို ရေးခဲ့တာပါ။

ဒါကြောင့် ဒီတေးထပ်ဟာ အမျိုးသမီးတစ်ဦးကနေ ယောင်္ကျားတစ်ယောက်ရဲ့ မယုံကြည်ရတဲ့အခြေအနေတွေကို ရင်ဖွင့်တဲ့ တေးထပ်တစ်ခုဖြစ်ပါတယ်။
ဒီလိုပဲ ဆရာ နွယ်ဂျာသိုင်းရဲ့ ဝတ္တုနဲ့ဇာတ်အိမ်ကလည်း တူညီတဲ့ အကြောင်းအရာပေါ်မှာ အခြေပြုထားတာပါ။
ဒါပေမယ့် ခေါင်းစဉ်စကားလုံးဖြစ်တဲ့ “ဒေါင်းယာဉ်ပျံဘုံနဘေးမှာ စာရေးလို့ထားချင်တယ်” ဆိုတာကို နားလည်ဖို့ကကြတော့ ရှေးမြန်မာတွေဟာ
နေ နဲ့ လ ကို ဒေါင်း နဲ့ ယုန်လို့ ကိုယ်စားပြုသတ်မှတ်ကြပါတယ်။
ဒေါင်း က ချိန်မှာ ဝိုင်းစက်တောက်ပတဲ့ အမြှီးကို နေနဲ့ နှိုင်းယှဉ်ပြီး အခုလို သတ်မှတ်ကြတာပါ။ဒီတော့ ဒေါင်းယာဉ်ပျံဘုံဆိုတာကတော့ နေဗိမာန်ဘုံ
လို့ အဓိပ္ပာယ်ဖွင့်ရမှာဖြစ်ပါတယ်။ သူ့ရဲ့ တေးထပ်မှာ အဓိက နေရာတစ်ခုဖြစ်တဲ့ ဒေါင်းယဉ်ပျံဘုံနဘေးမှာ ၊ စာရေးလို့ထားချင်လှတယ်
ကပ္ပဋ္ဌီငါးသွယ်မှာ ၊ တစ်ပါးမယ်ဆူလှိုက်လို့ ၊ ဆိုတဲ့ နေရာလေးဟာ တေးထပ်တစ်ခုလုံး အဓိက အသက်နေရာ လေးဖြစ်ပြီး နေဗိမာန်ဘုံနဘေး မှာ
စာရေးထားချင်တယ်၊ ဘာအကြောင်းလဲဆိုတော့ ကမ္ဘာမြေ တည်ရှိနေသရွေ့ ရှိနေမယ့် အကြောင်းတရား ကပ္ပဋ္ဌီလေးသွယ်မှာ
တစ်သွယ်ထပ်တိုးတဲ့အကြောင်း ကပ္ပဋ္ဌီငါးသွယ်မြောက် ဖြစ်တဲ့ ချစ်ခြင်းတရားတွေ၊ချစ်ရတဲ့သူတွေကို ထပ်တိုးအဖြစ်
ထည့်ရေးပြီး ပြောင်ပြောင် မြောက်မြောက် ညွှန်းဖွဲ့ထားတာပါ။

ဒီတေးထပ်လေးဟာ အနုပညာသဘောအရရော၊ စာပေသဘောအရရော အဆင့်မြင့် ပြောင်မြောက်လွန်းတဲ့ တေးထပ်လေးတစ်ခုလည်းဖြစ်ပြီး ချီးကျူးဖွယ်ရာ လက်ရာလေးတစ်ခုပါ။
ရေးသားသူ စုဘုရားကြီးကိုယ်တိုင်က ဝိပဿနာကျမ်းကို ပြုစုတဲ့ ကျမ်းပြုသူတစ်ဦးလည်းဖြစ်သလို နောက်ဆုံးဘဝနေဝင်ချိန်ကို သာသနာ့ဘောင်မှာ ဖြတ်သန်းခဲ့သူလည်းဖြစ်ပါတယ်။
ဒါကြောင့် ဘယ်လောက်ထိ ကျမ်းဂန်ပိုင်နိုင်ပြီး ဝေါဟာရကြွယ်ဝသလဲဆိုတာကို ဒီတေးထပ်နဲ့ ဒီခေါင်းစဉ်လေးမှာ မြင်တွေ့ရမှာပါ။

Credit