ေဒၚလာေတြ စုေဆာင္းထားၿပီးျဖစ္လို႔ သီရိလကၤာနိုင္ငံ လိုျဖစ္လာစရာမရွိဘူးလို႔ စစ္ေကာင္စီအာမခံ
ဇူလိုင္လ ၂၆ ရက္၊ ဧရာဝတီတိုင္းမ္
စစ္ေကာင္စီမွာ ထိုက္သင့္တဲ့ ေဒၚလာရွိၿပီးျဖစ္လို႔ သီရိလကၤာနိုင္ငံလို ျဖစ္လာနိုင္စရာမရွိဘူးလို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းကအခိုင္အမာ ေျပာဆိုလာပါတယ္




ျမန္မာနိုင္ငံဟာ သီရိလကၤာနိုင္ငံလို ျဖစ္လာေတာ့မယ္လို႔ လူေျပာမ်ားေနတဲ့အေပၚ ဒီကေန႔ျပဳလုပ္တဲ့ စစ္ေကာင္စီ သတင္းစာရွင္းလင္းပြဲမွာ စစ္ေကာင္စီနဲ႔နီးစပ္တဲ့သတင္းဌာနတခု ေမးျမန္းမႈအေပၚ အခုလိုေျပာၾကားခဲ့တာပါ
ျဖစ္လာနိုင္စရာအေၾကာင္းမရွိပါဘူး ျမန္မာနိုင္ငံမွာက်ေနာ္တို႔ အရံေငြေၾကးအျဖစ္ ေဒၚလာ ထိုက္သင့္သေလာက္ စုေဆာင္းၿပီးျဖစ္ပါတယ္ ၿပီးရင္ က်ေနာ္တို႔အရံေငြေၾကးေတြ ျဖစ္တဲ့ ယြမ္လို ေငြေၾကးမ်ားလည္း စုေဆာင္းၿပီးျဖစ္ပါတယ္




ေငြေၾကးပမာဏ မေျပာနိုင္ေပမယ့္ ထိုက္သင့္တဲ့ ေငြေၾကးပမာဏ စုေဆာင္းၿပီးျဖစ္ပါတယ္၊ အေျခခံရွိၿပီးသားျဖစ္ပါတယ္ လို႔ သူက ေျပာပါတယ္
လက္ရွိ ေဒၚလာနဲ႔ ထိုင္းဘတ္ေငြ ေငြလံႏႈန္း စံခ်ိန္တင္ျမင့္တက္ေနၿပီး ျမန္မာက်ပ္ေငြ တန္ဖိုးက်ဆင္းေနကာ ေငြေၾကးေဖာင္းပြမႈေတြ ျဖစ္ေပၚေနတာနဲ႔ အဖက္ဖက္က အေျခအေနေတြေၾကာင့္ ျမန္မာနိုင္ငံဟာ သီရိလကၤာနိုင္ငံကဲ့သို႔တျဖည္းျဖည္းျဖစ္လာေနၿပီလို႔ ကၽြမ္းက်င္သူေတြကသုံးသပ္ေနၾကပါတယ္




ကမၻာ့ဘဏ္ရဲ့ ထုတ္ျပန္ခ်က္အရ စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ ၂၀၂၁ ခုႏွစ္အတြင္း ျမန္မာနိုင္ငံရဲ့ တိုင္းျပည္ တဦးခ်င္းဝင္ေငြဟာ အေရွ႕ေတာင္အာရွ ၁၁ နိုင္ငံမွာ ေအာက္ဆုံးမွာရပ္တည္ေနၿပီး GDP ဟာလည္း – ၁၈.၀ % မွာေရာက္ေနတယ္လို႔ ေဖာ္ျပပါတယ္
လက္ရွိျပည္တြင္းမွာလည္း ေငြေၾကးေဖာင္းပြမႈ၊ အေျခခံစားကုန္နဲ႔ေဆးဝါးကုန္ေစ်းႏႈန္းႀကီးျမင့္မႈ၊ စက္သုံးဆီေစ်းႏႈန္းႀကီးျမင့္မႈေတြနဲ႔ ေအာက္ေျချပည္သူေတြဆင္းရဲေမြေတမႈျမင့္တက္ေနၿပီး ဗဟိုဘဏ္ရဲ့ ကန္႔သတ္ခ်က္ေတြေၾကာင့္လည္း နယ္ပယ္အသီးသီးက စီးပြားေရးလုပ္ငန္းရွင္တခ်ိဳ႕ အက်ပ္အတည္းေတြနဲ႔ရင္ဆိုင္ေနရတယ္လို႔ သိရပါတယ္ Source: Ayeyarwaddy Times




ဒေါ်လာတွေ စုဆောင်းထားပြီးဖြစ်လို့ သီရိလင်္ကာနိုင်ငံ လိုဖြစ်လာစရာမရှိဘူးလို့ စစ်ကောင်စီအာမခံ
ဇူလိုင်လ ၂၆ ရက်၊ ဧရာဝတီတိုင်းမ်
စစ်ကောင်စီမှာ ထိုက်သင့်တဲ့ ဒေါ်လာရှိပြီးဖြစ်လို့ သီရိလင်္ကာနိုင်ငံလို ဖြစ်လာနိုင်စရာမရှိဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကအခိုင်အမာ ပြောဆိုလာပါတယ်




မြန်မာနိုင်ငံဟာ သီရိလင်္ကာနိုင်ငံလို ဖြစ်လာတော့မယ်လို့ လူပြောများနေတဲ့အပေါ် ဒီကနေ့ပြုလုပ်တဲ့ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီနဲ့နီးစပ်တဲ့သတင်းဌာနတခု မေးမြန်းမှုအပေါ် အခုလိုပြောကြားခဲ့တာပါ
ဖြစ်လာနိုင်စရာအကြောင်းမရှိပါဘူး မြန်မာနိုင်ငံမှာကျနော်တို့ အရံငွေကြေးအဖြစ် ဒေါ်လာ ထိုက်သင့်သလောက် စုဆောင်းပြီးဖြစ်ပါတယ် ပြီးရင် ကျနော်တို့အရံငွေကြေးတွေ ဖြစ်တဲ့ ယွမ်လို ငွေကြေးများလည်း စုဆောင်းပြီးဖြစ်ပါတယ်




ငွေကြေးပမာဏ မပြောနိုင်ပေမယ့် ထိုက်သင့်တဲ့ ငွေကြေးပမာဏ စုဆောင်းပြီးဖြစ်ပါတယ်၊ အခြေခံရှိပြီးသားဖြစ်ပါတယ် လို့ သူက ပြောပါတယ်
လက်ရှိ ဒေါ်လာနဲ့ ထိုင်းဘတ်ငွေ ငွေလံနှုန်း စံချိန်တင်မြင့်တက်နေပြီး မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းနေကာ ငွေကြေးဖောင်းပွမှုတွေ ဖြစ်ပေါ်နေတာနဲ့ အဖက်ဖက်က အခြေအနေတွေကြောင့် မြန်မာနိုင်ငံဟာ သီရိလင်္ကာနိုင်ငံကဲ့သို့တဖြည်းဖြည်းဖြစ်လာနေပြီလို့ ကျွမ်းကျင်သူတွေကသုံးသပ်နေကြပါတယ်




ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ တိုင်းပြည် တဦးချင်းဝင်ငွေဟာ အရှေ့တောင်အာရှ ၁၁ နိုင်ငံမှာ အောက်ဆုံးမှာရပ်တည်နေပြီး GDP ဟာလည်း – ၁၈.၀ % မှာရောက်နေတယ်လို့ ဖော်ပြပါတယ်
လက်ရှိပြည်တွင်းမှာလည်း ငွေကြေးဖောင်းပွမှု၊ အခြေခံစားကုန်နဲ့ဆေးဝါးကုန်စျေးနှုန်းကြီးမြင့်မှု၊ စက်သုံးဆီစျေးနှုန်းကြီးမြင့်မှုတွေနဲ့ အောက်ခြေပြည်သူတွေဆင်းရဲမွေတေမှုမြင့်တက်နေပြီး ဗဟိုဘဏ်ရဲ့ ကန့်သတ်ချက်တွေကြောင့်လည်း နယ်ပယ်အသီးသီးက စီးပွားရေးလုပ်ငန်းရှင်တချို့ အကျပ်အတည်းတွေနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ် Source: Ayeyarwaddy Times
Credit