Zawgyi
” ဦးဂ်င္မီနဲ႔ ဦးၿဖိဳးေဇယ်ာေသာ္္တို႔ သတင္းကို သိရွိသြားတဲ့ အေမစုရဲ႕ လက္ရွိအေျခအေနကို ေျပာျပလာတဲ့ သူတစ္ဦး ”
ဦးဂ်င္မီနဲ႔ ဦးၿဖိဳးေဇယ်ာေသာ္တို့ ကို ေသဒဏ္စီရင္မွုကို ေဒၚေအာင္ဆန္းစုၾကည္ သိရွိသြားၿပီျဖစ္ၿပီး စိတ္မေကာင္းျဖစ္္ေနေၾကာင္း တရား႐ုံးနဲ႔နီးစပ္တဲ့အသိုင္းအ၀ိုင္းက သိရပါတယ္။




“သူကေတာ့ သိသြားတယ္။ မနက္ခင္း ႐ုံးခ်ိန္းမတိုင္ခင္ အမွုအေၾကာင္း ေဆြးေႏြးရင္းက သတင္းကိုသိသြားတယ္။ သိိသိခ်င္းမွာပဲ မ်က္ႏွာကေတာ္ေတာ္မေကာင္းဘူး။
စိတ္မေကာင္းေတာ္ေတာ္ကိုျဖစ္သြားတယ္။ ဘာမွ မွတ္ခ်က္ျပဳတုံ႔ျပန္ေျပာၾကားသြားတာေတာ့မရွိဘူး”လို့ တရား႐ုံးနဲ႔နီးစပ္တဲ့အသိုင္းအ၀ိုင္းကေျပာပါတယ္။




ဦးၿဖိဳးေဇယ်ာေသာ္ဟာ ေဒၚေအာင္ဆန္းစုၾကည္ရဲ့အားထားရတဲ့ NLD ပါတီ၀င္တစ္ဦးျဖစ္ၿပီး ၂၀၁၅ မတိုင္မီ ေဒၚေအာင္ဆန္းစုၾကည္ရဲ့ နိုင္ငံေရးအရ အေရးပါတဲ့ျပည္တြင္းျပည္ပခရီးစဥ္ေတြမွာ လိုက္ပါေဆာင္ရြက္ခဲ့ရသူတစ္ဦးလည္းျဖစ္ပါတယ္။
၈၈ မ်ိဳးဆက္ေက်ာင္းသားေခါင္းေဆာင္ ဦးဂ်င္မီဟာလည္း ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ရင္းႏွီးတဲ့ ပုဂၢိဳလ္ေရးဆက္ဆံမွုလည္းရွိသူတစ္ဦးျဖစ္ၿပီး သူနဲ႔ရင္းႏွီးတဲ့ ဒီႏွစ္ဦးရဲ့သတင္းနဲ႔ပတ္သက္လို့ စိတ္မေကာင္းျဖစ္ေနတာသိရေၾကာင္း တရား႐ုံးနဲ႔နီးစပ္တဲ့အသိုင္းအ၀ိုင္းကေျပာပါတယ္။




ဒီေန႔ဇူလိုင္ ၂၅ ရက္မွာ ေဒၚေအာင္ဆန္းစုၾကည္ကို ရဟတ္ယာဥ္အမွုေတြနဲ႔ပတ္သက္လို့ ေနျပည္ေတာ္အခ်ဳပ္ေထာင္တြင္းတရား႐ုံးမွာ ႐ုံးထုတ္စစ္ေဆးခဲ့တာျဖစ္ပါတယ္။
ဒါ့အျပင္ စီးပြားေရးလုပ္ငန္းရွင္ဦးေမာင္၀ိတ္နဲ႔ဆက္စပ္တဲ့အဂတိ ၂မွုကိုလည္း စြဲခ်က္တင္ခဲ့ၿပီး ဒီအမွုေတြနဲ႔ပတ္သက္လို့ ေဒၚေအာင္ဆန္းစုၾကည္ကသူ႔မွာအျပစ္မရွိေၾကာင္း ထြက္ဆိုခဲ့တယ္လို့သိရပါတယ္။
Source – BBC




Unicode
” ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ သတင်းကို သိရှိသွားတဲ့ အမေစုရဲ့ လက်ရှိအခြေအနေကို ပြောပြလာတဲ့ သူတစ်ဦး ”
ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ ကို သေဒဏ်စီရင်မှုကို ဒေါ်အောင်ဆန်းစုကြည် သိရှိသွားပြီဖြစ်ပြီး စိတ်မကောင်းဖြစ်နေကြောင်း တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။




“သူကတော့ သိသွားတယ်။ မနက်ခင်း ရုံးချိန်းမတိုင်ခင် အမှုအကြောင်း ဆွေးနွေးရင်းက သတင်းကိုသိသွားတယ်။ သိသိချင်းမှာပဲ မျက်နှာကတော်တော်မကောင်းဘူး။
စိတ်မကောင်းတော်တော်ကိုဖြစ်သွားတယ်။ ဘာမှ မှတ်ချက်ပြုတုံ့ပြန်ပြောကြားသွားတာတော့မရှိဘူး”လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကပြောပါတယ်။




ဦးဖြိုးဇေယျာသော်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အားထားရတဲ့ NLD ပါတီဝင်တစ်ဦးဖြစ်ပြီး ၂၀၁၅ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအရ အရေးပါတဲ့ပြည်တွင်းပြည်ပခရီးစဉ်တွေမှာ လိုက်ပါဆောင်ရွက်ခဲ့ရသူတစ်ဦးလည်းဖြစ်ပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီဟာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးတဲ့ ပုဂ္ဂိုလ်ရေးဆက်ဆံမှုလည်းရှိသူတစ်ဦးဖြစ်ပြီး သူနဲ့ရင်းနှီးတဲ့ ဒီနှစ်ဦးရဲ့သတင်းနဲ့ပတ်သက်လို့ စိတ်မကောင်းဖြစ်နေတာသိရကြောင်း တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကပြောပါတယ်။




ဒီနေ့ဇူလိုင် ၂၅ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ရဟတ်ယာဉ်အမှုတွေနဲ့ပတ်သက်လို့ နေပြည်တော်အချုပ်ထောင်တွင်းတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် စီးပွားရေးလုပ်ငန်းရှင်ဦးမောင်ဝိတ်နဲ့ဆက်စပ်တဲ့အဂတိ ၂မှုကိုလည်း စွဲချက်တင်ခဲ့ပြီး ဒီအမှုတွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကသူ့မှာအပြစ်မရှိကြောင်း ထွက်ဆိုခဲ့တယ်လို့သိရပါတယ်။
Source – BBC
Credit