ဦးဂ်င္မီႏွင့္ ဦးၿဖိဳးေဇယ်ာေသာ္ အပါအဝင္ ေလးဦး၏ DBမ်ားကို ေထာင္ပိုင္မ်ားက ျပန္မေပး

News

ျပစ္ဒဏ္ေပးၿပီးျဖစ္ေသာ ဦးဂ်င္မီႏွင့္ ဦးၿဖိဳးေဇယ်ာေသာ္ အပါအဝင္ ေလးဦး၏ DBမ်ားကို ထုတ္မေပးနိုင္ေၾကာင္း ေထာင္အာဏာပိုင္က မိသားစုဝင္မ်ားကို ယေန႔မနက္တြင္ ေျပာၾကားလိုက္ေၾကာင္းသိရသည္

ယေန႔ ဇူလိုင္ ၂၅ နံနက္ပိုင္းတြင္ မိသားစုဝင္မ်ားက အင္းစိန္ေထာင္သို႔ သြားေရာက္ကာ ေထာင္အာဏာ ပိုင္မ်ားကို နိုင္ငံပိုင္သတင္းစာပါ အခ်က္ႏွင့္ ပတ္သက္၍ ေမးျမန္းရာတြင္ အထက္ပါအတိုင္း အတည္ျပဳလိုက္ ျခင္းျဖစ္သည္

အင္းစိန္ဒုေထာင္ပိုင္နဲ႔ေတြ႕တယ္ စီရင္လိုက္တာ ဟုတ္တယ္ေပါ့ေနာ္ ဘယ္ေန႔က လုပ္လိုက္တာလည္းဆိုတာ သူတို႔ ေျပာပိုင္ ခြင့္မရွိဘူးတဲ့ အဲဒါဆို DB ျပန္ေပးေပါ့ေနာ္ဆိုေတာ့ ဥပေဒမွာ မရွိဘူးေပါ့ေနာ္လို႔ ေျပာတယ္တဲ့ ဟု

မိသားစုဝင္ႏွင့္ နီးစပ္သူတစ္ဦးက ျမန္မာေနာင္း ကိုေျပာသည္

ကိုဂ်င္မီႏွင့္ ကိုၿဖိဳးေဇယ်ာေသာ္ မိသားစုဝင္မ်ားက ၎တို႔အတြက္ စ်ာပနကို ျပဳလုပ္ရန္ အစီအစဥ္မရွိေၾကာင္း သိရွိရသည္။

သတင္းအေသးစိတ္ကို ဆက္လက္ေဖာ္ျပပါမည္ Crd- ျမန္မာေနာင္း

ပြစ်ဒဏ်ပေးပြီးဖြစ်သော ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော် အပါအဝင် လေးဦး၏ DBများကို ထုတ်မပေးနိုင်ကြောင်း ထောင်အာဏာပိုင်က မိသားစုဝင်များကို ယနေ့မနက်တွင် ပြောကြားလိုက်ကြောင်းသိရသည်

ယနေ့ ဇူလိုင် ၂၅ နံနက်ပိုင်းတွင် မိသားစုဝင်များက အင်းစိန်ထောင်သို့ သွားရောက်ကာ ထောင်အာဏာ ပိုင်များကို နိုင်ငံပိုင်သတင်းစာပါ အချက်နှင့် ပတ်သက်၍ မေးမြန်းရာတွင် အထက်ပါအတိုင်း အတည်ပြုလိုက် ခြင်းဖြစ်သည်

အင်းစိန်ဒုထောင်ပိုင်နဲ့တွေ့တယ် စီရင်လိုက်တာ ဟုတ်တယ်ပေါ့နော် ဘယ်နေ့က လုပ်လိုက်တာလည်းဆိုတာ သူတို့ ပြောပိုင် ခွင့်မရှိဘူးတဲ့ အဲဒါဆို DB ပြန်ပေးပေါ့နော်ဆိုတော့ ဥပဒေမှာ မရှိဘူးပေါ့နော်လို့ ပြောတယ်တဲ့ ဟု

မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက မြန်မာနောင်း ကိုပြောသည်

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော် မိသားစုဝင်များက ၎င်းတို့အတွက် စျာပနကို ပြုလုပ်ရန် အစီအစဉ်မရှိကြောင်း သိရှိရသည်။

သတင်းအသေးစိတ်ကို ဆက်လက်ဖော်ပြပါမည် Crd- မြန်မာနောင်း

Leave a Reply

Your email address will not be published.