တစ်ကျော့ပြန် ကိုဗစ်ကာလမှာ ဈေးမကြီးဘဲ အားပြည့်စေမဲ့ အစားအစာ(၁၂)မျိုး

News Uncategorized

တစ်ကျော့ပြန် ကိုဗစ်ကာလမှာ သင့်ကို နာရီပိုင်းအတွင်း အားအင်ကို ပြည့်စေသော အစားအစာ – (၁၂) မျိုး အကြောင်းကို မျှဝေပေးလိုက်ပါတယ်။

(၁) ဒိန်ချဉ် ထန်းလျက်နဲ့ တဖန်ခွက် သေးသေး ၊ရေခဲမပါ

(၂) မုန်လာဥနီကို နွားနို့နဲ့ ဖျော် သကြားနဲနဲ ဆားနဲနဲ၊ရေခဲမပါ။

(၃) ကြက်ဥကာကျက်ကို ပျားရည်နဲနဲ သံပုရာတစိတ်နဲ့ ရော ၊ ဆားနဲနဲ။

(၄) ငါးရှဉ့်ချဉ်စပ်၊ ငါးရှဉ့်ခြောက်စပ်၊ ငါးရှဉ့်မဆလာ (မိန်းခလေးများ ငါးရှဉ့်မတည့်သူရှိ)

(၅) ဖီးကြမ်း ငှက်ပျောသီးကို ထောပတ်နဲနဲ၊ ပျားရည်နဲနဲ နဲ့ ကြော်စားပါ။

(၆) ကြက်ဥနှင့် ဂတ်စ်ပါသော အချိုရည်တမျိုးကို အမြှုပ်ထအောင် ဇွန်းဖြင့် ခေါက်မွှေပါ။ မွှေပြီးပြီးချင်း အမြှုပ် မငြိမ်ခင် အမြန်သောက်ပါ။

(၇) ကြက်ဥ + သံပုရာသီးတစိတ် + အိုင်ဆိုတောနစ် ပါသော အချိုရည် အနည်းငယ် ရော၍ သောက်ပါ။

(၈) အုန်းစိမ်းရည်၊ ကြံရည်၊ ဓါတ်ဆားရည်၊ ဂလူးကို့စ်ရည်၊ ပဲနို့ (ကန်စွန်းရိုးနီ + ထန်းလျက်ပြုတ်ရည် )

(၉) အသားနီသား ငါးကျပ်သားတုံးကို ဒယ်အိုးထဲ ထောပတ်ဆီနဲ့ တဝက်ကျက် အနေအထားထိသာ ကင်၍ စားပါ။

(၁၀) ကြက်ပြုတ်ရည် (ကြက်ပေါင်းရည်)

(၁၁) ရုံးပတီသီး ကြော်/ ကင်/ ပြုတ်/

(၁၂) ဟင်းနုနွယ်ကြော်၊ ပဲပင်ပေါက်ကြော်၊ ကန်စွန်းရွက်ကြော်၊ ကိုက်လန်ကြော်။

ခွန်အားပြည့်သော အစားအစာ များကို စားပြီး ရောဂါ ကပ်ဘေးမှ ကင်းလွတ်နိုင်ပါစေ။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

======================

Zawgyi
















Leave a Reply

Your email address will not be published.