Unicode
တရုတ်နိုင်ငံမှာ နေအတု နှင့် လအတု ကို နည်းပညာဖြင့် ဖန်တီး ရယူနိုင်ပြီ..
Artificial ကို မြန်မာလို “အတု” လို့ ဘာသာ ပြန်ဆိုကြပေမဲ့.. Artifact ကိုတော့ “လက်လုပ်ပစ္စည်း” (တနည်း) “လူလုပ်ပစ္စည်း” လို့ အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။ တရုတ်နိုင်ငံမှာ ယခုဆိုလျှင်ဖြင့် နေ နဲ့ လ ကို အတု (တနည်း) နည်းပညာဖြင့် ဖန်တီး ရယူနိုင်နေပြီ ဖြစ်ပါတယ်။




လအတုဆိုတာ တကယ့် လ အရွယ်အစားလောက်ကြီး လ အတုကို ဆိုလိုခြင်း မဟုတ်ပါ။ သံလိုက်စက်ကွင်းကို အသုံးချပြီး မြေဆွဲအားကို လျော့ပါးအောင် ပြုလုပ်ထားတဲ့ နည်းပညာဖြစ်ပါတယ်။
အရွယ်အစားအားဖြင့် နှစ်ပေသာသာ အကျယ်လောက်ရှိတဲ့ လေဟာနယ် အခန်းတစ်ခုထဲမှာ မြေဆွဲအားမရှိအောင် ဖန်တီးလုပ်ယူထားပါတယ်။ ထိုအခန်းထဲကို ကျောက်သားများထည့်သွင်းပြီး လ မျက်နှာပြင်နဲ့ တူအောင် ပြင်ဆင်ထားမှာဖြစ်ပါတယ်။




ရည်ရွယ်ချက်ကတော့.. မြေဆွဲအားနည်းတဲ့ လ မျက်နှာပြင်မှာ စမ်းသပ်မှုတွေ မပြုလုပ်ခင်.. ကြိုတင်လေ့လာတွေ့ရှိချက်တွေ စမ်းသပ်နိုင်ရန်ဖြစ်ပါတယ်။ မကြာမီမှာ လကမ္ဘာကို လူသားတို့ ခြေချနေထိုင်နိုင်ကြတော့မှာပါ။
နေအတုအတွက်ကိုတော့.. တရုတ်၊ အမေရီကန်၊ ရုရှား၊ ဂျပန် နဲ့ တောင်ကိုးရီးယားမှ ပညာရှင်များစုပေါင်းကာ ဒေါ်လာ ၁ ထရီလီယံ ရင်းနှီးမြှုပ်နှံပြီး တီထွင်ဖန်တီးနေကြတာ ဖြစ်ပါတယ်။




ပလာစမာ အဏုမြူဓါတ်ပေါင်းဖိုကြီးနဲ့ နေထက် ငါးဆလောက်ပူပြင်းတဲ့ အပူစွမ်းအင်ကို ၁၇ မိနစ်ကြာ ရယူနိုင်နေပါပြီ။ လက်ရှိသုံးစွဲနေကြတဲ့ နယူကလီးယား ဓါတ်ပေါင်းဖိုများနေရာမှာ ပိုမိုသန့်စင်တဲ့ နေ စွမ်းအင်ကို အစားထိုး သုံးစွဲလာနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
နေဟာ ဟိုက်ဒရိုဂျင် နဲ့ ဟီလီယံတို့ နယူကလိယ ဓါတ်ပြုပေါက်ကွဲနေတဲ့ ဓါတ်ငွေ့ဘောလုံးကြီးဖြစ်ပါတယ်။ အဆိုပါဓါတ်ပြုခြင်းမှ ထွက်လာတဲ့ အပူ နဲ့ အလင်းစွမ်းအင်ကို ကမ္ဘာအပါအဝင် ဂြိုဟ်တွေက အသုံးပြု (မှီခို) ကြရပါတယ်။




နေ အတုဟာ ကျနော်တို့ရဲ့ မိခင် နေ ရဲ့ နေရာကို အစားထိုးမှာ မဟုတ်ပဲ သန့်စင်တဲ့ (တနည်း) ဖန်လုံအိမ်ဓါတ်ငွေ့ စွန့်ထုတ်မှု နည်းပါးတဲ့ စွမ်းအင်ရင်းမြစ်တစ်ခု ဖြစ်လာရန်သာ ရည်ရွယ်ပါတယ်။
အနာဂတ်ကမ္ဘာကြီး ရေရှည်တည်တံ့ပြီး သာယာလှပဖို့ တိုးတက်လာတဲ့ အသိပညာ အတတ်ပညာတို့နဲ့ လူသားတို့ ကြိုးစားပြင်ဆင်သွားရမှာပဲ ဖြစ်ပါတော့တယ်။
အနာဂတ်ပညာရေးအတွက်..
Credit သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)




Zaw Gyi
တ႐ုတ္ႏိုင္ငံမွာ ေနအတု ႏွင့္ လအတု ကို နည္းပညာျဖင့္ ဖန္တီး ရယူႏိုင္ၿပီ..
Artificial ကို ျမန္မာလို “အတု” လို႔ ဘာသာ ျပန္ဆိုၾကေပမဲ့.. Artifact ကိုေတာ့ “လက္လုပ္ပစၥည္း” (တနည္း) “လူလုပ္ပစၥည္း” လို႔ အဓိပၸါယ္ဖြင့္ဆိုၾကပါတယ္။ တ႐ုတ္ႏိုင္ငံမွာ ယခုဆိုလွ်င္ျဖင့္ ေန နဲ႔ လ ကို အတု (တနည္း) နည္းပညာျဖင့္ ဖန္တီး ရယူႏိုင္ေနၿပီ ျဖစ္ပါတယ္။




လအတုဆိုတာ တကယ့္ လ အ႐ြယ္အစားေလာက္ႀကီး လ အတုကို ဆိုလိုျခင္း မဟုတ္ပါ။ သံလိုက္စက္ကြင္းကို အသုံးခ်ၿပီး ေျမဆြဲအားကို ေလ်ာ့ပါးေအာင္ ျပဳလုပ္ထားတဲ့ နည္းပညာျဖစ္ပါတယ္။
အ႐ြယ္အစားအားျဖင့္ ႏွစ္ေပသာသာ အက်ယ္ေလာက္ရွိတဲ့ ေလဟာနယ္ အခန္းတစ္ခုထဲမွာ ေျမဆြဲအားမရွိေအာင္ ဖန္တီးလုပ္ယူထားပါတယ္။ ထိုအခန္းထဲကို ေက်ာက္သားမ်ားထည့္သြင္းၿပီး လ မ်က္ႏွာျပင္နဲ႔ တူေအာင္ ျပင္ဆင္ထားမွာျဖစ္ပါတယ္။
ရည္႐ြယ္ခ်က္ကေတာ့.. ေျမဆြဲအားနည္းတဲ့ လ မ်က္ႏွာျပင္မွာ စမ္းသပ္မႈေတြ မျပဳလုပ္ခင္.. ႀကိဳတင္ေလ့လာေတြ႕ရွိခ်က္ေတြ စမ္းသပ္ႏိုင္ရန္ျဖစ္ပါတယ္။ မၾကာမီမွာ လကမာၻကို လူသားတို႔ ေျခခ်ေနထိုင္ႏိုင္ၾကေတာ့မွာပါ။




ေနအတုအတြက္ကိုေတာ့.. တ႐ုတ္၊ အေမရီကန္၊ ႐ုရွား၊ ဂ်ပန္ နဲ႔ ေတာင္ကိုးရီးယားမွ ပညာရွင္မ်ားစုေပါင္းကာ ေဒၚလာ ၁ ထရီလီယံ ရင္းႏွီးျမႇဳပ္ႏွံၿပီး တီထြင္ဖန္တီးေနၾကတာ ျဖစ္ပါတယ္။
ပလာစမာ အဏုျမဴဓါတ္ေပါင္းဖိုႀကီးနဲ႔ ေနထက္ ငါးဆေလာက္ပူျပင္းတဲ့ အပူစြမ္းအင္ကို ၁၇ မိနစ္ၾကာ ရယူႏိုင္ေနပါၿပီ။ လက္ရွိသုံးစြဲေနၾကတဲ့ နယူကလီးယား ဓါတ္ေပါင္းဖိုမ်ားေနရာမွာ ပိုမိုသန္႔စင္တဲ့ ေန စြမ္းအင္ကို အစားထိုး သုံးစြဲလာႏိုင္ဖို႔ ရည္႐ြယ္ထားပါတယ္။
ေနဟာ ဟိုက္ဒ႐ိုဂ်င္ နဲ႔ ဟီလီယံတို႔ နယူကလိယ ဓါတ္ျပဳေပါက္ကြဲေနတဲ့ ဓါတ္ေငြ႕ေဘာလုံးႀကီးျဖစ္ပါတယ္။ အဆိုပါဓါတ္ျပဳျခင္းမွ ထြက္လာတဲ့ အပူ နဲ႔ အလင္းစြမ္းအင္ကို ကမာၻအပါအဝင္ ၿဂိဳဟ္ေတြက အသုံးျပဳ (မွီခို) ၾကရပါတယ္။
ေန အတုဟာ က်ေနာ္တို႔ရဲ႕ မိခင္ ေန ရဲ႕ ေနရာကို အစားထိုးမွာ မဟုတ္ပဲ သန္႔စင္တဲ့ (တနည္း) ဖန္လုံအိမ္ဓါတ္ေငြ႕ စြန္႔ထုတ္မႈ နည္းပါးတဲ့ စြမ္းအင္ရင္းျမစ္တစ္ခု ျဖစ္လာရန္သာ ရည္႐ြယ္ပါတယ္။




အနာဂတ္ကမာၻႀကီး ေရရွည္တည္တံ့ၿပီး သာယာလွပဖို႔ တိုးတက္လာတဲ့ အသိပညာ အတတ္ပညာတို႔နဲ႔ လူသားတို႔ ႀကိဳးစားျပင္ဆင္သြားရမွာပဲ ျဖစ္ပါေတာ့တယ္။
အနာဂတ္ပညာေရးအတြက္..
Credit သန္႔ဦး (အာကာသႏွင့္ စၾကဝဠာ သင္ေထာက္ကူ)