မင္းေအာင္လွိုင္ရဲ႕ ေရႊဉာဏ္ေတာ္ စူးေရာက္မူေရာင္ ျပည္တြင္းမွာ (၄) ဆနီးပါး ေဈးတက္သြားတဲ့ ႏိုင္ငံျခားေဆးေတြနဲ႔ ပိုက္ဆံရွိရင္ေတာင္ ဝယ္မရတဲ့ အျဖစ္ ( ဆီးခ်ဳိ၊ ေသြးတိုး တို႔လို႔ နာတာရွည္ ေရာဂါသည္မ်ား ေဆးမ်ားကို ႀကိဳတင္စုေဆာင္းထား ေစခ်င္ပါတယ္…)




ႏိုင္ငံျခားကေန ျမန္မာႏိုင္ငံကိုတင္သြင္းေနတဲ့ ေဆးဝါးေတြ အျပင္ ေဆးပစၥည္း ေတာ္ေတာ္မ်ားမ်ားပစၥည္းျပတ္ကုန္ၾကၿပီး တခ်ိဳ႕ ေဆးေတြ ေဆးပစၥည္းေတြဆို ေဈးႏႈန္း ၃၊ ၄ ဆ အထိ ခုန္တက္သြားတာသိၾကလား.. ျပည္တြင္းျပည္ပက ရင္းႏွီးျမႇပ္ႏွံထားတဲ့ ေဒၚလာေတြကို စကစ က တစ္ေဒၚလာကို 1850 နဲ႔ ေဈးျဖတ္လို႔ ျပည္တြင္းျပည္ပက ရင္းႏွီးျမႇပ္ႏွံမႈေတြ မၾကာခင္ အၿပီးပိုင္ရပ္ဆိုင္းၿပီး တခ်ိဳ႕ ႏိုင္ငံျခား ကုမၼဏီေတြ အၿပီးပိုင္ပိတ္သိမ္းၿပီး ျပန္ၾကေတာ့မယ္ဆိုတာေရာ သိၾကရဲ႕လား ဒါေၾကာင့္ သိပ္မၾကာခင္..ျပည္တြင္းက သိန္းခ်ီတဲ့ အလုပ္သမားေတြအလုပ္လက္မဲ့ ျဖစ္လာေတာ့မယ္




ဆိုတာေရာ သိၾကလား ဆန္စပါး အဓိက စိုက္ပ်ိဳး ထြက္ရွိတဲ့ ဆန္အိုးႀကီးလို႔အေခၚခံရတဲ့ ျမန္မာႏိုင္ငံအလယ္ပိုင္းက ေတာင္သူေတြရဲ႕ေနအိမ္ေတြ မီးရႈိ႕ခံရၿပီး ႐ြာလုံးကြၽတ္ထြက္ေျပးေနရလို႔ ဆန္စပါးသီးႏွံ လုံးဝစိုက္ပ်ိဳးျခင္း မရွိတဲ့အျပင္ စကစ က တိုင္းျပည္ပိုင္တဲ့ အရန္ဆန္ေတြ ကို သူတို႔ ရိကၡာ ဂိုေထာင္ဘက္ကို အၿပီးပိုင္ေ႐ြ႕ၿပီးၿပီဆိုတာေရာ သိၾကလား ေနာက္ဆို ဆန္မေျပာနဲ႔ ဆန္ျပဳတ္ေတာင္ မေသာက္ႏိုင္တဲ့ ဘဝေတြကို




ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္လာမယ္ဆိုတာေရာ သိၾကလား ျမန္မာႏိုင္ငံက စုတ္ျပတ္သတ္ၿပီး Fail State မ်ဥ္း ေအာက္ေရာက္ေနၿပီ ကမာၻ႔စီးပြားေရးပညာရွင္ေတြကလည္း ျမန္မာႏိုင္ငံဟာ အလုံးစုံ ပ်က္သုန္းမယ့္ႏိုင္ငံဆိုၿပီး ေဟာကိန္းထုတ္ၿပီး ကမာၻကို က်ယ္က်ယ္ေလာင္ေလာင္နဲ႔ ေျပာေနတုန္းမွာ အခုအခ်ိန္အထိ ဒီက လူေတြက ေသာက္ေပါ အလုပ္ လုပ္ေနၾကတုန္း (Hein Zin Phyo) ျပည္ပႏိုင္ငံမ်ားမွ




ေဆးဝါးႏွင့္ေဆးပစၥည္းမ်ားအား တင္သြင္းခြင့္ပါမစ္ ခ်ေပးရာတြင္ စကစ လက္ေအာက္ခံ ေကာ္မတီႏွင့္ ဌာနဆိုင္ရာမ်ား၏ ခြင့္ျပဳခ်က္ရရွိေရး အဆင့္ဆင့္ ေတာင္းခံေနရသျဖင့္ ၾကန႔္ၾကာမႈမ်ား ျဖစ္ေပၚေနၿပီး ေဆးဝါးေစ်းတက္ေနသကဲ့သို႔ ပစၥည္းျပတ္လပ္မႈမ်ားပါ ျဖစ္ေပၚေနေၾကာင္း ေဈးကြက္အတြင္းမွ သိရပါတယ္။ လက္ရွိ ေဆးဝါးေဈးကြက္အတြင္း ေဆးမ်ိဳးစုံမွာ အနိမ့္ဆုံး ၅ ရာခိုင္ႏႈန္းမွ ၁၀ ရာခိုင္ႏႈန္းထိ ေဈးႏႈန္းျမင့္တက္ေနသလို




ဆီးခ်ိဳေရာဂါသည္မ်ား ေသာက္သုံးသည့္ ေဆးဝါးမ်ား၊ အဆုတ္ေရာဂါအတြက္ သုံးသည့္ ပိုးသတ္ေဆးမ်ား၊ ေဈးႀကီး သည့္ ႏိုင္ငံျခားေဆးဝါးတခ်ိဳ႕ႏွင့္ ကေလးျဖည့္စြက္စာ စသည္တို႔မွာ ပစၥည္းျပတ္လုနီးပါး ျဖစ္ေနတယ္လို႔ သိရပါတယ္။ ယခင္က ေဆးႏွင့္ေဆးပစၥည္း တင္သြင္းခြင့္ ပါမစ္မ်ားအား စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနသို႔သာ တင္ျပရေသာ္လည္း ၿပီးခဲ့သည့္ ဧၿပီလမွစၿပီး စစ္ေကာင္စီ၏




ကုန္သြယ္မႈႏွင့္ ကုန္စည္စီးဆင္းမႈမ်ား မွန္ကန္ျမန္ဆန္ေစ ေရး ဗဟိုေကာ္မတီ၊ လုပ္ငန္းေကာ္မတီႏွင့္ က်န္းမာေရးဝန္ႀကီးဌာန စသည္ျဖင့္ သြင္းကုန္ပါမစ္မ်ားအား အဆင့္ဆင့္ တင္ျပရၿပီး ၎တို႔ ခြင့္ျပဳမွသာ တင္သြင္းခြင့္ရျခင္း ျဖစ္ေၾကာင္း လုပ္ငန္းရွင္မ်ားထံမွ သိရပါတယ္။ ထိုသို႔ေသာ အေျခအေနမ်ားေၾကာင့္ ေဈးကြက္အတြင္း ေဆးဝါးေဈးႏႈန္းမ်ား တပတ္ႏွင့္တပတ္ မတူေအာင္ ျမင့္တက္လ်က္ရွိၿပီး




တခ်ိဳ႕ေဆးဝါးမ်ားမွာ ေဆးဆိုင္တိုင္း၌ပင္ ဝယ္ယူ၍ မရႏိုင္သည့္ အေျခအေန ျဖစ္လာေၾကာင္း ေဆးဝါး တင္သြင္းျဖန႔္ျဖဴးေနသူမ်ားက ေျပာပါတယ္။ စစ္ေကာင္စီ လက္ေအာက္ခံ ကုန္သြယ္မႈႏွင့္ ကုန္စည္စီးဆင္းမႈမ်ား မွန္ကန္ျမန္ဆန္ေစေရး ဗဟိုေကာ္မတီ၊ လုပ္ငန္း ေကာ္မတီက သြင္းကုန္တင္ပို႔မႈတြင္ အုပ္စု ၅ မ်ိဳး ခြဲထားၿပီး ယင္းအထဲမွ ဦးစားေပးကုန္စည္မ်ား (စားသုံးဆီ၊ စက္သုံး ဆီ၊ ေဆးဝါး စသည္ျဖင့္) ကိုသာ သြင္းကုန္ပါမစ္မ်ားကို




ခ်ထားေပးျခင္း ျဖစ္ေၾကာင္း သိရပါတယ္။ ျပည္တြင္း ေဆးဝါးေဈးကြက္ရွိ ၈၅ ရာခိုင္ႏႈန္းမွာ ျပည္ပမွ တင္သြင္းရျခင္းျဖစ္ၿပီး က်န္ ၁၅ ရာခိုင္ႏႈန္းမွာ ျပည္တြင္း ထုတ္မ်ား ျဖစ္ေၾကာင္း၊ အမ်ားစုသည္ တ႐ုတ္၊ အိႏၵိယ၊ ပါကစၥတန္ႏွင့္ ထိုင္းႏိုင္ငံတို႔မွ တင္သြင္းျခင္း ျဖစ္ေၾကာင္း သိရ သည္။
crd-
ယူနီကုတ္
မင်းအောင်လှိုင်ရဲ့ ရွှေဉာဏ်တော် စူးရောက်မူရောင် ပြည်တွင်းမှာ (၄) ဆနီးပါး ဈေးတက်သွားတဲ့ နိုင်ငံခြားဆေးတွေနဲ့ ပိုက်ဆံရှိရင်တောင် ဝယ်မရတဲ့ အဖြစ်
နိုင်ငံခြားကနေ မြန်မာနိုင်ငံကိုတင်သွင်းနေတဲ့ ဆေးဝါးတွေ အပြင် ဆေးပစ္စည်း တော်တော်များများပစ္စည်းပြတ်ကုန်ကြပြီး တချို့ ဆေးတွေ ဆေးပစ္စည်းတွေဆို ဈေးနှုန်း ၃၊ ၄ ဆ အထိ ခုန်တက်သွားတာသိကြလား.. ပြည်တွင်းပြည်ပက ရင်းနှီးမြှပ်နှံထားတဲ့ ဒေါ်လာတွေကို စကစ က တစ်ဒေါ်လာကို 1850 နဲ့ ဈေးဖြတ်လို့ ပြည်တွင်းပြည်ပက ရင်းနှီးမြှပ်နှံမှုတွေ မကြာခင် အပြီးပိုင်ရပ်ဆိုင်းပြီး တချို့ နိုင်ငံခြား ကုမ္မဏီတွေ အပြီးပိုင်ပိတ်သိမ်းပြီး ပြန်ကြတော့မယ်ဆိုတာရော သိကြရဲ့လား ဒါကြောင့် သိပ်မကြာခင်..ပြည်တွင်းက သိန်းချီတဲ့ အလုပ်သမားတွေအလုပ်လက်မဲ့ ဖြစ်လာတော့မယ်




ဆိုတာရော သိကြလား ဆန်စပါး အဓိက စိုက်ပျိုး ထွက်ရှိတဲ့ ဆန်အိုးကြီးလို့အခေါ်ခံရတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက တောင်သူတွေရဲ့နေအိမ်တွေ မီးရှို့ခံရပြီး ရွာလုံးကျွတ်ထွက်ပြေးနေရလို့ ဆန်စပါးသီးနှံ လုံးဝစိုက်ပျိုးခြင်း မရှိတဲ့အပြင် စကစ က တိုင်းပြည်ပိုင်တဲ့ အရန်ဆန်တွေ ကို သူတို့ ရိက္ခာ ဂိုထောင်ဘက်ကို အပြီးပိုင်ရွေ့ပြီးပြီဆိုတာရော သိကြလား နောက်ဆို ဆန်မပြောနဲ့ ဆန်ပြုတ်တောင် မသောက်နိုင်တဲ့ ဘဝတွေကို
ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာမယ်ဆိုတာရော သိကြလား မြန်မာနိုင်ငံက စုတ်ပြတ်သတ်ပြီး Fail State မျဉ်း အောက်ရောက်နေပြီ ကမ္ဘာ့စီးပွားရေးပညာရှင်တွေကလည်း မြန်မာနိုင်ငံဟာ အလုံးစုံ ပျက်သုန်းမယ့်နိုင်ငံဆိုပြီး ဟောကိန်းထုတ်ပြီး ကမ္ဘာကို ကျယ်ကျယ်လောင်လောင်နဲ့ ပြောနေတုန်းမှာ အခုအချိန်အထိ ဒီက လူတွေက သောက်ပေါ အလုပ် လုပ်နေကြတုန်း (Hein Zin Phyo) ပြည်ပနိုင်ငံများမှ




ဆေးဝါးနှင့်ဆေးပစ္စည်းများအား တင်သွင်းခွင့်ပါမစ် ချပေးရာတွင် စကစ လက်အောက်ခံ ကော်မတီနှင့် ဌာနဆိုင်ရာများ၏ ခွင့်ပြုချက်ရရှိရေး အဆင့်ဆင့် တောင်းခံနေရသဖြင့် ကြန့်ကြာမှုများ ဖြစ်ပေါ်နေပြီး ဆေးဝါးဈေးတက်နေသကဲ့သို့ ပစ္စည်းပြတ်လပ်မှုများပါ ဖြစ်ပေါ်နေကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။ လက်ရှိ ဆေးဝါးဈေးကွက်အတွင်း ဆေးမျိုးစုံမှာ အနိမ့်ဆုံး ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းထိ ဈေးနှုန်းမြင့်တက်နေသလို
ဆီးချိုရောဂါသည်များ သောက်သုံးသည့် ဆေးဝါးများ၊ အဆုတ်ရောဂါအတွက် သုံးသည့် ပိုးသတ်ဆေးများ၊ ဈေးကြီး သည့် နိုင်ငံခြားဆေးဝါးတချို့နှင့် ကလေးဖြည့်စွက်စာ စသည်တို့မှာ ပစ္စည်းပြတ်လုနီးပါး ဖြစ်နေတယ်လို့ သိရပါတယ်။ ယခင်က ဆေးနှင့်ဆေးပစ္စည်း တင်သွင်းခွင့် ပါမစ်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့သာ တင်ပြရသော်လည်း ပြီးခဲ့သည့် ဧပြီလမှစပြီး စစ်ကောင်စီ၏




ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေ ရေး ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ကျန်းမာရေးဝန်ကြီးဌာန စသည်ဖြင့် သွင်းကုန်ပါမစ်များအား အဆင့်ဆင့် တင်ပြရပြီး ၎င်းတို့ ခွင့်ပြုမှသာ တင်သွင်းခွင့်ရခြင်း ဖြစ်ကြောင်း လုပ်ငန်းရှင်များထံမှ သိရပါတယ်။ ထိုသို့သော အခြေအနေများကြောင့် ဈေးကွက်အတွင်း ဆေးဝါးဈေးနှုန်းများ တပတ်နှင့်တပတ် မတူအောင် မြင့်တက်လျက်ရှိပြီး
တချို့ဆေးဝါးများမှာ ဆေးဆိုင်တိုင်း၌ပင် ဝယ်ယူ၍ မရနိုင်သည့် အခြေအနေ ဖြစ်လာကြောင်း ဆေးဝါး တင်သွင်းဖြန့်ဖြူးနေသူများက ပြောပါတယ်။ စစ်ကောင်စီ လက်အောက်ခံ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ၊ လုပ်ငန်း ကော်မတီက သွင်းကုန်တင်ပို့မှုတွင် အုပ်စု ၅ မျိုး ခွဲထားပြီး ယင်းအထဲမှ ဦးစားပေးကုန်စည်များ (စားသုံးဆီ၊ စက်သုံး ဆီ၊ ဆေးဝါး စသည်ဖြင့်) ကိုသာ သွင်းကုန်ပါမစ်များကို




ချထားပေးခြင်း ဖြစ်ကြောင်း သိရပါတယ်။ ပြည်တွင်း ဆေးဝါးဈေးကွက်ရှိ ၈၅ ရာခိုင်နှုန်းမှာ ပြည်ပမှ တင်သွင်းရခြင်းဖြစ်ပြီး ကျန် ၁၅ ရာခိုင်နှုန်းမှာ ပြည်တွင်း ထုတ်များ ဖြစ်ကြောင်း၊ အများစုသည် တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းခြင်း ဖြစ်ကြောင်း သိရ သည်။
crd-