မဲနေတဲ့ နှုတ်ခမ်းကို (၁၀) ရက်အတွင်း သဘာဝအတိုင်း ပန်းရောင်သမ်းလာစေမယ် နည်းလမ်း

Beauty












credit

unicode

နှုတ်ခမ်းမဲတာကိုပြန်လည်သက်သာချင်သူတွေအနေနဲ့ ကိုယ့်နှုတ်ခမ်းသား သဘာဝအတိုင်း ပြန်လည်စိုပြေလာဖို့

အိမ်မှာ အလွယ်တကူပြုလုပ်နိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ် လုပ်နည်းကသိပ်မခက် လှပါဘူး

လိုအပ်တာကသကြားရယ် ၊ သံပရာသီးတစ်ခြမ်းရယ် ၊ Vaseline ရယ်ပေါ့လုပ်ပုံလုပ်နည်းလေးကိုတစ်ဆင့် ခြင်းမပြောသွားမှီ

နုတ်ခမ်းဟာလည်းလူတစ်ယောက်မှာအရေးပါလှပါတယ်တစ်ချို့ကပြောကြတယ်ရုပ် လှစရာမလိုဘူးစိတ် လှဖို့ကအဓိကပါတဲ့

ဒါပေမဲ့ ပြောပြမယ် ဥပမာ လူတစ်ယောက်အလုပ် သွားလျောက်ပြီဆိုပါစို့ သင့် အလုပ်ရှင်က လူကို စ တွေ့တာလား ရုပ်ကိုအရင်စတွေ့တာလား

ရုပ်ကိုအရင်စတွေ့တာလေပြီးမှသင့်ရဲ့ကြိုးစားမှု နဲ့ ရိုးသားမူ့ကို သူတို့တွေ့တာဖြစ်ပါတယ် ဒါကြောင့်ရုပ် ကအင်မတန်အရေးပါတယ်လို့ ဆိုချင်ပါတယ်

ရုပ် မှာတောင်စတွေ့ရတာက မျက်နှာဗျာ ဒါကြောင့် အပစ်ပြောစရာမရှိအောင် လှပဖို့နုတ်ခမ်းလေးကလဲလိုအပ်ပါတယ်

ဒါကြောင့် မဲနေတဲ့နုတ်ခမ်းကို ပြန်ဖြူ အောင်လုပ်နည်းလေးတင်ပေးလိုက်တာဖြစ်ပါတယ်

ပထမဆုံးအနေ နဲ့ ခွက်တစ်လုံးထဲသို့ သကြားလက် ဖက်စားဇွန်း၂ဇွန်းခန့်ထည့်ပါ သင်လိုအပ်သလောက် ပေါ့ ပြီးရင် သံပရာတစ်ခြမ်းကိုညှစ်ထည့်ပါ

ထိုသို့ပြီးပါက vaseline လက်ဖက်စားဇွန်းတစ်ဇွန်းခန့် ထည့်ပါပြီးပါက မွှေပါတစ်မိနစ်လောက်မွှေပြီးပါက

သင့်နုတ်ခမ်းပေါ်သို့သုတ်လိမ်းနိုင်ပါသည်ထိုသို့လုပ် ပေးခြင်းအားဖြင့် မဲနေတဲ့သင့်နုတ်ခမ်းပြန်ဖြူ လာမှာ ဖြစ်ပါတယ်။

credit

Leave a Reply

Your email address will not be published.