အခုတစ်လော ထိုင်းမှာနာမည်ကြီးနေတဲ့ ဂဏန်းပေးတယ်ဆိုတဲ့ ထူးဆန်း တဲ့ရွှေညောင်ပင်မှ တတိယအကြိမ် အထင်ရှားပေးပြန်ပြီ…

News

အခုတစ်လော ထိုင်းမှာ နာမည်ကြီးနေတဲ့ 2D 3D ပေးတယ်ဆိုတဲ့ ထူးဆန်းတဲ့ ရွှေညောင်ပင်မှ တတိယအကြိမ် သိန်း၁ဝဝတန် ဒိုင်ပြေးနံပတ် အထင်ရှားပေးပြန်ပြီ။

ထူးဆန်းတဲ့ ရွှေညောင်ပင်မှ ၃ ကြိမ်မြောက် ဂဏန်းများပေးနေထိုင်းနိုင်ငံက ထူးဆန်းတဲ့ရွှေညောင်ပင်မှ

တတိယအကြိမ် ချဲဂဏန်း ၃ လုံး ၊ ၂ လုံး ကိုအထင်အရှားပေးသည်ဟုဆိုကာ လူအများ လာရောက် ပူဇော်ပသကြပြန်ပြီ။

အခု တလောထိုင်းမှာ အထူးအဆန်းဆိုရင် ချဲဂဏန်းတောင်းကြ တဲ့ပို့စ်အတော်များများကိုမြင်တွေ့နေရတယ်။

ပြီးခဲ့တဲ့ မေလတုန်းကလည်း အူဒွန်ထာနီ ( Udont hani ) ခရိုင် ဖိန်မြို့ နယ် ( Phen ) ၊ဘန့်ထတ်ကျေးရွာအုပ်စု နားဖွန်ဆတ်ကျေးရွာအနီး

အသက် ၉၄ နှစ်အရွယ် နိုင်ဒီး ရဲ့လယ်ကွင်းစပ်မှာပေါက်နေတဲ့ သက်တမ်းနှစ် ၁၀၀ နီးပါးရှိပြီဖြစ်တဲ့ ညောင်ပင်အောက်မှနောက်ထပ်ညောင်ပင်ရဲ့အရွက်အားလုံးဟာ

လွန်ခဲ့တဲ့ ၃ လကတည်းက ရွှေရောင်လိုဝင်းပနေပြီး အရောင် ၄ မျိုးပြောင်းသည်ဟု အသက် ၄၉ နှစ်အရွယ် နန်းထန်ချနုတ် မှဆိုပါတယ်။

ပထမမှာတော့ ပန်းရောင် ၊ နောက်တော့ဖက်ဖူးရောင် ၊ အဲ့ဒီမှတဆင့်အဝါရောင် ၊ နောက်တော့အဖြူရောင်သို့ပြောင်းပြိး ယခုလိုဘဲ ရွက်ဟောင်းရွက်နုလဲသည်အထိပါဘဲ။

တစ်ခါတစ်ရံမှာ ညောင်ရွက်မှာ သင်္ချာဂဏန်းတွေထင်ရှားစွာမြင်တွေ့ကြရတာမို့အနီအနားကဒေသခံ ၃၀၀ လောက်ဟာ သတင်းကြားပြီး

ညောင်ပင်ကိုလာရောက်ပူဇော်ကြပသကြပါတယ်ပြီးခဲ့တဲ့အပတ်တွေကချဲဂဏန်း 807 ကိုလည်း ဒီညောင်ပင်ကရခဲ့ကြတယ်လ်ု့ဆိုပါတယ် ။

ယခုလည်း ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ဒီရွှေညောင်ပင်ကနေပထမဆုံး နှစ်လုံးဂဏန်း ၄၂ ကိုရခဲ့ပြန်ပါတယ်။ယခုလည်း ဟုတ်မဟုတ်စောင့်ကြည့်ရပါတော့မည်။

အခုအခါမှာလည် မနက်ဖြန်အတွက်ချဲဂဏန်း သုံးလုံးဂဏန်းဖြစ်တဲ့ 812 နှစ်လုံးဂဏန်း 18 ကိုမြင်တွေ့ကြသလို

တစ်ချို့လည်း 80 နဲ့ 25 ကိုမြင်တွေ့ကြတဲ့အတွက် သတင်းထောက်တွေနဲ့ဒေသခံပြည်သူတွေ ခြေချင်းလိမ်နေကြပါတယ် ၊

ဒေသခံတွေကတော့အမွှေးတိုင်တွေထွန်းညှိပူဇော်ပသကြပါတယ်။ဒီရွှေညောင်ပင်ကနေပထမဆုံး နှစ်လုံးဂဏန်း 95 ကိုရခဲ့ပြီး

ထီပေါက်ခဲ့တဲ့သူကတော့ လယ်ပိုင်ရင်နိုင်ဒီးရဲ့ သားမက်နဲ့သမီးတို့ဘဲဖြစ်ကြပါတယ်လို့ ဆိုပါတယ်။

ယခုလည်း ဟုတ်မဟုတ်စောင့်ကြည့်ရပါတော့မည်။

ခရက်တစ်

=======================

Zawgyi

















ခရက်တစ်

Leave a Reply

Your email address will not be published.