#တနင်္ဂနွေ
ဒီကာလများတွင် မိမိစိတ်ထဲရည်စူးထားတာတွေပြည့်၀လာတတ်ပါတယ်။ မမျှော်လင့်ပဲ ယာဉ်၊ ကားများဝင် လာမည်။
ကားအလဲအထပ်ကိစ္စများလဲဆောင်ရွက်လို့ကောင်းပါတယ်။ပညာရေးတွင်စိတ်ပျံ့လွင့်မှုမရှိလျှင် ထွန်းပေါက် အောင်မြင်လာမည်။
ကြံစည်ထားသော ရည်မှန်းချက်များ အောင်မြင်ရန် လမ်းစများ ပေါ်ပေါက်လာမည်။ကျန်းမာရေး တွင်သွားကိုက်ခြင်း၊
သွေးတိုး၊ ဆီးရောဂါ၊ ထုံနာကျဉ်နာရောဂါများနှင့် အကြော အဆစ်ကိုက်ခဲခြင်း၊ ရောဂါများ ခံစား ရကိန်း ရှိပါသည်။အခြား ကံအကျိုးပေးကောင်းမည်။
မိဘများရဲ့ကျန်းမာရေးပူပန်ရခြင်းများရှိနေတတ်ပါတယ်။ အလုပ် အကိုင်သစ် တိုးချဲ့ လုပ် ကိုင်၍ စီးပွားတိုးတတ်ခြင်းများ ကြုံတွေ့ရတတ်သည်။
အိမ်၊ ခြံ၊ မြေ ရောင်းဝယ်၊ ရင်းနှီးမြှုပ်နှံ မှုတို့မှ အကျိုး အမြတ်ကောင်းများ ရရှိခံစားရနိုင်ပါသည်။
အတိုက်အခံများနှင့် ယှဉ်၍ ရာထူးတိုးတတ်ခြင်းများ ဖြစ် ပေါ်လာပါ လိမ့်မည်။
လူငယ် တွေဆိုပညာရေးနှင့်အချစ်ရေး များရောထွေးနေခြင်းများကြုံနေရတတ်ပါသည်။ နှလုံး သား မှ ဖူးပွင့်လာသော မေတ္တာ ရေးကိစ္စများ
မည်သို့ပင် အခက် အခဲကြုံလာစေကာမူ အဆင်ပြေလိမ့်မည်။ အိမ်ထောင် ရေး ကိစ္စများထင်ထားသည် ထက်ပိုမိုအဆင်ပြေနိုင်ပါသည်။
အဆင်မပြေတဲ့ အိမ်ထောင်ရေးတွေ ပြန်ပြေလည်မှုတွေ ရလာတတ်ပါတယ်။
အကျိုးပေးဂဏန်း ၄/၅/၈
အထူးဟော ကျန်းမာရေးတော့ ဒီအပတ်ဂရုစိုက်ကြပါ။
ယတြာ လက်ဖက်ထမင်းလေးဘုရားကပ်လှူပါ။




#တနင်္လာ
ဒီကာလအတွင်းဝင်စရာရှိသောငွေတွေအကုန်ဝင်လာမယ်။ ရပ်ဝေးကမိတ်ဆွေများ၊ဆွေမျိုးများရဲ့ အထောက် အပံ့ ရလွယ်တဲ့ကာလပါ။
လုပ်ငန်းကိစ္စများအတွက် အောင်မြင်မှုများ ရရှိမည်။လူစုလူဝေးနှင့် ပွဲလမ်းသဘင်အပျော် အပါးများ စိတ်ဝင်စားမှုကို ရှောင်သင့်သည်။
အနောက်အရပ်သို့ ရေလမ်းခရီးသွားလာခြင်း ရှောင်ကြဉ်ပါ။ အစစ အရာရာ အဆင်ပြေလာပြီး မိမိ၏ အောင်မြင်မှုပန်းတိုင်ကို ဆွတ်ခူးနိုင်ပေလိမ့်မည်။
လျှပ်စစ်ပစ္စည်း၊ ဆက်သွယ်ရေး ပစ္စည်းများ ရောင်းဝယ်ခြင်း၊ စက်သုံးဆီရောင်းဝယ်ခြင်းလုပ်ငန်း၊ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်ခြင်း ကောင်းမည်။
လူမျိုးကွဲ၊ လူမျိုးခြားများနှင့် ဆက်ဆံရေးများ အကျိုးပေးမည်။ စာချုပ်၊ စာတမ်းများနှင့် ကျောက်မျက် ရတနာ၊
ဖုန်း နှင့် ရွှေထည်၊ ငွေထည်ပစ္စည်းများ ကျပျောက်တတ်ပါသည်။ပျိုရွယ်သူများ အချစ်ရေးနှင့် ပတ်သက်၍ စန်းပွင့်နေ လိမ့်မည်။
အချစ်ရေးတွင် မိတ်ဆွေသူငယ်ချင်းသဖွယ် ရင်းနှီးသူများနှင့် မေတ္တာရေးကိစ္စများ ပေါ်ပေါက်လာတတ်ပါ သည်။
စေ့စပ်ခြင်းဖြစ်စေ၊ မိဘများအသိအမှတ်ပြုလာခြင်းများ ရှိမည်။
အိမ်ထောင်ရှင်များ သားသမီးများအတွက် စိတ်ပူနေရတတ်သည်။ သို့သော် ပျော်ရွှင်မှုများဖြင့် သာယာသောအိမ်ထောင်ရေး ဖြစ်ပေါ်လာမည်။
ပညာရေးတွင် မိမိ၏ကြိုး ပမ်းမှုကြောင့် ထူးထူးခြားခြား တိုးတတ်အောင်မြင်လာမည်။ သင်တန်းဆရာကောင်းများနှင့်ဆုံရသင်ခွင့်ရ လာမဲ့ကာလလဲဖြစ်သည်။
အကျိုးပေးဂဏန်း ၂/၆/၉
အထူးဟော ကံအကောင်းလေးတွေများမဲ့ကာလပါပဲ။
ယတြာ ဘုရားရှင်ကိုရေသပ္ပယ်ပြီး ကော်ဖီတစ်ခွက်ကပ်လှူလိုက်ပါ။




#အင်္ဂါ
ဒီကာလများအတွင်း အမှတ်ရစရာအနေအထားလေးများကြုံရမယ်။မိမိလုပ်ငန်းကို ပိုမိုsafeဖြစ်အောင် ဆောင်ရွက်သွားနိုင်မဲ့ကာလပဲဖြစ်ပါတယ်။
နေရာသစ်၊ ဝန်းကျင်သစ်များသို့ ပြောင်းရွှေ့လုပ်ကိုင်ရတတ်သည်။ဂုဏ် သတင်း ကျော် ဇောခြင်း၊ ဂုဏ်ထူး၊ ဘွဲ့ထူး ချီးမြှင့်ခြင်း၊ ရာထူးတတ်ကိန်းများ ရှိမည်။
အောက်လက်ငယ်သား တွေက ထင်သ လောက် အားမကိုးရလို့ စိတ်ညစ်ရတတ်ပါတယ်။ လခစားများ မိမိအလုပ်ကိုပဲလုပ်ပါ။
သူများအလုပ်တွေ ဝင်ရောက်စွက်ဖက်ရာကနေ ပြဿနာတွေတိုးလာတတ်ပါတယ်။ မရည်ရွယ်ဘဲ ဘာသာရေးကိစ္စများ လုပ်ကိုင် ဆောင်ရွက်ရခြင်းများ ကြုံတွေ့နေရမည်။
ရည်စားဟောင်း၏ အနှောက်အယှက်များကြောင့် မိန်းကလေးများ စိတ်ရှုပ် ရတတ်ပါသည်။
ငွေကြေး ကိစ္စ များကောင်းပေမဲ့ ငွေအတွက်မှားပြီးပေးမိတာမျိုးဖြစ်တတ်လို့ သတိနှင့်ယှဉ်ပြီး လုပ်ကိုင်ရမည်။ တစ်ဦးထက်ပိုသော အချစ်ရေးကိစ္စများ ခံစားတွေ့ကြုံရမည်။
မမျှော် လင့်ပဲ စေ့စပ်ကြောင်းလမ်းခြင်း များ ရှိမည်။ အိမ်ထောင်ရှင်များ မပြေမလည်ဖြစ်နေရတတ်ပါသည်။
သို့သော် သား သမီးရတနာများအတွက် သတင်းကောင်းများ ကြားရမည့်အချိန်ကာလဖြစ်သည်။
ပညာရေးတွင်အစပိုင်း၌ ကြိုးစား အားထုတ်မှုကောင်းပြီး နောက်ပိုင်းတွင် အပေါင်းအသင်းများကြောင့် မိမိရည်မှန်းချက်များနှင့် ဝေးကွာရ တတ်သည်။
ကျန်းမာရေးတွင် ဗိုက်အောင့်ဗိုက်နာခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများကြုံတွေ့ရတတ်သည်။
အကျိုးပေးဂဏန်း ၆/၇/၀
အထူးဟော မိမိအလုပ်တွေကိုသာစိတ်နှစ်လုပ်ကိုင်ခြင်းဖြင့်အောင်မြင်မှုပိုရမယ်။
ယတြာ သစ်တော်သီးဘုရားကပ်ပါ။




#ဗုဒ္ဓဟူး/ရာဟု
ဒီကာလများအတွင်း လောင်းကစားဒိုင်များ၊ဥပဒေနဲ့မလွတ်ကင်းတဲ့သူများသတိထားသင့်သလို လခစား ဝန်ထမ်းများ
တစို့လက်ဆောင်တွေလက်ခံမိရင် တော့ဒုက္ခရောက်နိုင်ပါတယ်။ဥပဒေနဲ့ မလွတ်ကင်း တာမှန်သမျှ ရှောင်လိုက်ပါ။
ကောင်းမှုကုသိုလ်၊ အလှူအတန်းများ ပြုလုပ်ရမည်။ သားသမီးနှင့် ပတ်သက်သော သတင်းစကား ကောင်း များ ကြားသိရမည်။
ပွဲရုံလုပ်ငန်း၊ အနုပညာနှင့် ပတ်သက်သောလုပ်ငန်းများ ပညာရေးဝန်ဆောင်မှုလုပ်ငန်း တို့နှင့် အကျိုးပေးမည်။
အလုပ်စီးပွားများ တိုးတတ်မည်။ စီးပွားရေးနယ်ပယ်မှာ ပါးနပ် လိမ္မာဖို့လိုပါတယ်။စီးပွား ရေးကိုခေတ်နဲ့အညီပြောင်းလဲပါ။
နည်းပညာနဲ့စတင်ပေါင်းစပ်လုပ်ကိုင်ပါ။ အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ခြင်း၊ ရင်းနှီး မြှုပ်နှံခြင်းတို့မှ အကျိုးအမြတ်ကြီးများ ရရှိမည်။
အစုရှယ်ယာ၊ စတော့ရှယ်ယာတို့မှ အကျိုး အမြတ်များ ရရှိမည်။ မိတ်သစ်၊ ဆွေသစ်တိုးပွားမည်။ အပေါင်းအသင်းနှင့် မိသားစုပြဿနာများကြောင့်
မိမိရည်မှန်း ချက်များ နှောင့်နှေးနေ ရတတ်ပါသည်။ ကျန်းမာရေးတွင် အစာအိမ်ရောဂါ၊ လည်ချောင်းနာခြင်း၊ အဖျားအနာ များနှင့်
ခေါင်း ကိုက် ခြင်း ဝေဒနာ များ ခံစားရတတ်ပါသည်။
အပြန်အလှန် နားလည်ခွင့်လွှတ်မှုတို့ကြောင့် ချစ်မှုရေးရာ သည် သာယာ ကြည်နူးရ နိုင်မည်။ ပညာရေးတွင် ကြိုးစား လေ့လာလျှင် ပြည်တွင်းသာမက
ပြည်ပတွင် ကျောင်းဝင်ခွင့်လျှောက်ထား၊ ဖြေထား သည် များမှ သတင်းကောင်းကြားပြီး ထွန်းပေါက် အောင်မြင် နိုင်ပါသည်။
အကျိုးပေးဂဏန်း ၁/၇/၀
အထူးဟော ရိုးသားပါလို့ မှာချင်ပါတယ်။
ယတြာ အုန်းနို့ဆန်ပြုတ်ဘုရားကပ်လှူပါ




#ကြာသပတေး
ဒီကာလများသည် မိသားစုအမွေကိစ္စများ အဆင်ပြေလာမည်။ ကာလအတန်ကြာ မတွေ့သော မိတ်ဆွေ ရင်းခြာတို့နှင့် ပြန်လည်ဆုံတွေ့ရမည်။
အပြိုင်အဆိုင်များကြားမှ ပင်ကိုယ်စွမ်းရည်ကြောင့် တိုးတတ်အောင်မြင်သော ဘဝကို ရရှိနိုင်ပါသည်။
ကြွေးဟောင်း၊ ငွေဟောင်းများ၊ လက်လွန်ထားသည်များ ပြန်လည်တောင်းခံရရှိနိုင်ပါသည်။ စိတ်ထဲရှိ နေတဲ့ အတွေးတွေက လက်တွေ့အကောင်အထည်ဖော်သင့်ပါတယ် ။
ဝန်ထမ်းလခစားများ နေရာ ကောင်း ရခြင်း ၊ပညာအသစ်တွေသင်ရခြင်းမျိုးတွေကြုံရလိမ့်မယ်။
စပ်တူအလုပ်များညှိနှိုင်းရခက်တဲ့အခြေအနေလေးတွေပေါ် ပေါက်လာတတ်ပါတယ်။
ကျန်းမာရေးတွင် ခေါင်းကိုက်ခဲခြင်း၊ လေရောဂါ၊ ထုံနာ ကျဉ်နာရောဂါများ အရေပြားရောဂါ များ ခံစားရတတ် ပါသည်။ နာတာရှည်ရောဂါများ ဝင်လာတတ်ပါသည်။
မျက်စိ ဝေဒနာများ ခံစားရစေနိုင်ပါသည်။ လူမှုရေးကိစ္စတွေ၊ ပရဟိတကိစ္စတွေဆောင် ရွက်နေရတဲ့အတွက်မိမိ လုပ်လက်စ အလုပ်တွေနှောင့်နှေးရတတ်ပါ တယ်။
မမျှော်လင့်ဘဲ မထင်မှတ်ထားသောသူနှင့် မတော်တဆ ချစ်သူဖြစ်ကိန်း ရှိ နေပါသည်။
ပညာရေးတွင် မိမိကြိုး စားမှု စွမ်းအားကြောင့် ရည်မှန်းချက်များ အောင်မြင်မည်။ စစ်မှန်သော အချစ် ရေး၊ မေတ္တာရေး၊ နှလုံးသားရေးရာကိစ္စ များ ကြုံတွေ့ရနိုင်ပါသည်။
အိမ်ထောင်ရေးကံညံ့နေတာမျိုးမရှိနိုင်သေးပါ။
အကျိုးပေးဂဏန်း ၁/၂/၅
အထူးဟော ကံသင့်ပါတယ်။
ယတြာ ဒီအပတ် သရဏဂုံ ၃ပါးရွတ်ပွားပူဇော်ပါ။




#သောကြာ
ဒီကာလများတွင် ကုန်ပစ္စည်းများ ရင်းနှီးမြှုပ်နှံထားနိုင်လျှင် အကျိုးအမြတ်များ ခံစားရကိန်းရှိပါသည်။
မိမိ၏ လုပ်ငန်းခွင်အတွင်း မတော်တဆထိခိုက်မှုများပေါ်ပေါက်တတ်ပါသည်။ မည်သည့်ကိစ္စကို ဆောင်ရွက် ထားသည် ဖြစ်စေ မိမိကြိုးစားထားတာဆိုရင်
သေချာပေါက်အောင်မြင်မှုများ ရရှိမည်။
ဘုရားဖူးခရီးများသွားလာခြင်း၊ ခရီးတို၊ ခရီးရှည်သွားရကိန်းများ ရှိနေ ပါ သည်။ အရှေ့တောင်အရပ်သို့ ရေလမ်းခရီးသွားလာခြင်းများ ရှောင်ကျဉ်ပေးပါ။
နည်းပညာနှင့်ဆက်နွယ်သောအလုပ်များခေတ်ရှေ့ပြေးသောကိစ္စများတွင် ထူးခြားစွာအောင်မြင်ခြင်းများ ရှိမည်။
ကိုယ်ပိုင်အလုပ်စီးပွားများ ပြိုင်ဘက်များက မိမိအားနည်းချက်ကို စောင့် ကြည့်နေတာမို့အရာရာကို သတိနှင့် ဆောင် ရွက်ရမည်။
အိမ်၊ ခြံ၊ မြေရောင်းဝယ်ခြင်း၊ ပုလဲ နှင့်ငါးမွေးမြူရေး လုပ်ငန်း၊စားသောက်ကုန် ထုတ်လုပ်မှုလုပ်ငန်းများမှ ဝင်ငွေများရရှိနိုင်ပါသည်။
ပျိုရွယ်သူများ အချစ်ရေးတွင်အသေးစားပြဿနာများကို အကျယ်ချဲ့၍ ပဋိပက္ခဖြစ်ခြင်း များဖြင့် လမ်းခွဲရခြင်းများ ကြုံမည်။
အိမ်ထောင်ရေးတွင် အသိုင်း အဝိုင်းဆွေမျိုးစကားများကြောင့် အိမ်ထောင်ရေး အထင်အမြင်လွဲမှုများပေါ်ပေါက်လာတတ်ပါသည်။
ပညာရေး တွင်ဝီရိယအကျိုးကိုခံစားရကိန်းများ ရှိနေပါသည်။ လုပ်ငန်းစာမေးပွဲဖြေဆိုခြင်းများ အဆင့် မြင့် အောင် မြင် ခြင်း များ ရရှိစေပါသည်။
အကျိုးပေးဂဏန်း ၂/၃/၆
အထူးဟော စီးပွားရေးလုပ်ငန်းများခေတ်မှီအောင် ကြိုးစားလုပ်ကိုင်ပါ။
ယတြာ ကြက်သွန်များ သီလရှင်ကိုလောင်းလှူပေးပါ။




#စနေ
ဒီကာလများအတွင်း စိတ်တိုင်းမကျစရာလေးများဖြစ်နေတတ်ပါတယ်။မိသားစုအတွင်းလဲဘယ်သူကိုမှ အကောင်းမမြင်နိုင်ဖြစ်နေလိမ့်မယ်။
ကိုယ့်သားသမီးတွေကိုလဲ အော်ဟစ်ဆူပူမိနေတတ်ပါတယ်။ အတူနေသူများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် စကားအခြေအတင်ဖြစ်ရတတ်ပါတယ်။
မိမိတတ်သိထားတဲ့ပညာတွေကိုလဲ ဝေမျှပေးလို့ အထူး ကောင်း ပါတယ်။
လုပ်ငန်းသစ်များ၊ နေရာအပြောင်းအလဲလုပ်ကိုင်ရန် ဆန္ဒရှိသည့်အတိုင်း ဆောင်ရွက် လုပ် ကိုင် ရတတ်သည်။
မိမိ ဩဇာအာဏာလွမ်းမိုးနိုင်အောင် အထူးဆောင်ရွက်ရမည်။
ဆွေမျိုးမိတ်သင်္ဂဟများအတွက် ကူညီစောင့်ရှောက်မှုများ ပေး ရတတ်ပါသည်။ စက်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ ရတနာပစ္စည်းများ ဝင်လာ တတ်ပါသည်။
ညီအစ်ကို မောင်နှမများအချင်းချင်း ရန်စကားပြောဆိုခြင်းများ တွေ့ကြုံရ တတ်ပါသည်။
မိမိမိသားစု အတွက် အိုးအိမ်၊ တိုက်တာ၊ အဆောက်အဦးများ အသစ်ဆောက်လုပ်ရတတ်သည်။
မည်သည့်ကိစ္စကို ဆောင်ရွက်စေ အခက်အခဲကြုံပြီးမှသာအဆင်ပြေမှု ရရှိနိုင် ပါသည်။
ပျိုရွယ်သူများ အချစ်ကို ဖွင့်ပြောရခက်လေပြီး နှုတ်နှေးနေ ခြင်းကြောင့် တစ်ပါးသူလက်သို့ ချစ်သူပါသွား တတ်သည်။
အိမ်ထောင်ရှင်များ နှစ်ဖက်ဆွေမျိုးသားချင်း များအတွက် ငွေကြေးနှင့် လူမှုရေးအပူသောကများ ဝင်ရောက်နေရတတ်ပါသည်။
ပညာရေးတွင် အသက်မွေးဝမ်းကျောင်း ပညာရပ် များ ဂရုတစိုက် လေ့လာသင်ယူသင့်သည်။
အကျိုးပေးဂဏန်း ၃/၄/၀
အထူးဟော အနည်းငယ်ကံညံ့နေနိုင်ပါတယ်။
ယတြာ စတုမဓူတစ်ဘူး လူကြီးမိဘတွေကိုလှူဒါန်းလိုက်ပါ။
၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
0977 5555 695
09 44 5555 695
Credit
====================




Zawgyi
#တနဂၤေႏြ
ဒီကာလမ်ားတြင္ မိမိစိတ္ထဲရည္စူးထားတာေတြျပည့္၀လာတတ္ပါတယ္။ မေမွ်ာ္လင့္ပဲ ယာဥ္၊ ကားမ်ားဝင္ လာမည္။
ကားအလဲအထပ္ကိစၥမ်ားလဲေဆာင္႐ြက္လို႔ေကာင္းပါတယ္။ပညာေရးတြင္စိတ္ပ်ံ႕လြင့္မႈမရွိလွ်င္ ထြန္းေပါက္ ေအာင္ျမင္လာမည္။
ႀကံစည္ထားေသာ ရည္မွန္းခ်က္မ်ား ေအာင္ျမင္ရန္ လမ္းစမ်ား ေပၚေပါက္လာမည္။က်န္းမာေရး တြင္သြားကိုက္ျခင္း၊
ေသြးတိုး၊ ဆီးေရာဂါ၊ ထုံနာက်ဥ္နာေရာဂါမ်ားႏွင့္ အေၾကာ အဆစ္ကိုက္ခဲျခင္း၊ ေရာဂါမ်ား ခံစား ရကိန္း ရွိပါသည္။အျခား ကံအက်ိဳးေပးေကာင္းမည္။
မိဘမ်ားရဲ႕က်န္းမာေရးပူပန္ရျခင္းမ်ားရွိေနတတ္ပါတယ္။ အလုပ္ အကိုင္သစ္ တိုးခ်ဲ႕ လုပ္ ကိုင္၍ စီးပြားတိုးတတ္ျခင္းမ်ား ႀကဳံေတြ႕ရတတ္သည္။
အိမ္၊ ၿခံ၊ ေျမ ေရာင္းဝယ္၊ ရင္းႏွီးျမႇဳပ္ႏွံ မႈတို႔မွ အက်ိဳး အျမတ္ေကာင္းမ်ား ရရွိခံစားရႏိုင္ပါသည္။
အတိုက္အခံမ်ားႏွင့္ ယွဥ္၍ ရာထူးတိုးတတ္ျခင္းမ်ား ျဖစ္ ေပၚလာပါ လိမ့္မည္။
လူငယ္ ေတြဆိုပညာေရးႏွင့္အခ်စ္ေရး မ်ားေရာေထြးေနျခင္းမ်ားႀကဳံေနရတတ္ပါသည္။ ႏွလုံး သား မွ ဖူးပြင့္လာေသာ ေမတၱာ ေရးကိစၥမ်ား
မည္သို႔ပင္ အခက္ အခဲႀကဳံလာေစကာမူ အဆင္ေျပလိမ့္မည္။ အိမ္ေထာင္ ေရး ကိစၥမ်ားထင္ထားသည္ ထက္ပိုမိုအဆင္ေျပႏိုင္ပါသည္။
အဆင္မေျပတဲ့ အိမ္ေထာင္ေရးေတြ ျပန္ေျပလည္မႈေတြ ရလာတတ္ပါတယ္။
အက်ိဳးေပးဂဏန္း ၄/၅/၈
အထူးေဟာ က်န္းမာေရးေတာ့ ဒီအပတ္ဂ႐ုစိုက္ၾကပါ။
ယၾတာ လက္ဖက္ထမင္းေလးဘုရားကပ္လႉပါ။




#တနလၤာ
ဒီကာလအတြင္းဝင္စရာရွိေသာေငြေတြအကုန္ဝင္လာမယ္။ ရပ္ေဝးကမိတ္ေဆြမ်ား၊ေဆြမ်ိဳးမ်ားရဲ႕ အေထာက္ အပံ့ ရလြယ္တဲ့ကာလပါ။
လုပ္ငန္းကိစၥမ်ားအတြက္ ေအာင္ျမင္မႈမ်ား ရရွိမည္။လူစုလူေဝးႏွင့္ ပြဲလမ္းသဘင္အေပ်ာ္ အပါးမ်ား စိတ္ဝင္စားမႈကို ေရွာင္သင့္သည္။
အေနာက္အရပ္သို႔ ေရလမ္းခရီးသြားလာျခင္း ေရွာင္ၾကဥ္ပါ။ အစစ အရာရာ အဆင္ေျပလာၿပီး မိမိ၏ ေအာင္ျမင္မႈပန္းတိုင္ကို ဆြတ္ခူးႏိုင္ေပလိမ့္မည္။
လွ်ပ္စစ္ပစၥည္း၊ ဆက္သြယ္ေရး ပစၥည္းမ်ား ေရာင္းဝယ္ျခင္း၊ စက္သုံးဆီေရာင္းဝယ္ျခင္းလုပ္ငန္း၊ အိမ္၊ ၿခံ၊ ေျမ အက်ိဳးေဆာင္ျခင္း ေကာင္းမည္။
လူမ်ိဳးကြဲ၊ လူမ်ိဳးျခားမ်ားႏွင့္ ဆက္ဆံေရးမ်ား အက်ိဳးေပးမည္။ စာခ်ဳပ္၊ စာတမ္းမ်ားႏွင့္ ေက်ာက္မ်က္ ရတနာ၊
ဖုန္း ႏွင့္ ေ႐ႊထည္၊ ေငြထည္ပစၥည္းမ်ား က်ေပ်ာက္တတ္ပါသည္။ပ်ိဳ႐ြယ္သူမ်ား အခ်စ္ေရးႏွင့္ ပတ္သက္၍ စန္းပြင့္ေန လိမ့္မည္။
အခ်စ္ေရးတြင္ မိတ္ေဆြသူငယ္ခ်င္းသဖြယ္ ရင္းႏွီးသူမ်ားႏွင့္ ေမတၱာေရးကိစၥမ်ား ေပၚေပါက္လာတတ္ပါ သည္။
ေစ့စပ္ျခင္းျဖစ္ေစ၊ မိဘမ်ားအသိအမွတ္ျပဳလာျခင္းမ်ား ရွိမည္။
အိမ္ေထာင္ရွင္မ်ား သားသမီးမ်ားအတြက္ စိတ္ပူေနရတတ္သည္။ သို႔ေသာ္ ေပ်ာ္႐ႊင္မႈမ်ားျဖင့္ သာယာေသာအိမ္ေထာင္ေရး ျဖစ္ေပၚလာမည္။
ပညာေရးတြင္ မိမိ၏ႀကိဳး ပမ္းမႈေၾကာင့္ ထူးထူးျခားျခား တိုးတတ္ေအာင္ျမင္လာမည္။ သင္တန္းဆရာေကာင္းမ်ားႏွင့္ဆုံရသင္ခြင့္ရ လာမဲ့ကာလလဲျဖစ္သည္။
အက်ိဳးေပးဂဏန္း ၂/၆/၉
အထူးေဟာ ကံအေကာင္းေလးေတြမ်ားမဲ့ကာလပါပဲ။
ယၾတာ ဘုရားရွင္ကိုေရသပၸယ္ၿပီး ေကာ္ဖီတစ္ခြက္ကပ္လႉလိုက္ပါ။




#အဂၤါ
ဒီကာလမ်ားအတြင္း အမွတ္ရစရာအေနအထားေလးမ်ားႀကဳံရမယ္။မိမိလုပ္ငန္းကို ပိုမိုsafeျဖစ္ေအာင္ ေဆာင္႐ြက္သြားႏိုင္မဲ့ကာလပဲျဖစ္ပါတယ္။
ေနရာသစ္၊ ဝန္းက်င္သစ္မ်ားသို႔ ေျပာင္းေ႐ႊ႕လုပ္ကိုင္ရတတ္သည္။ဂုဏ္ သတင္း ေက်ာ္ ေဇာျခင္း၊ ဂုဏ္ထူး၊ ဘြဲ႕ထူး ခ်ီးျမႇင့္ျခင္း၊ ရာထူးတတ္ကိန္းမ်ား ရွိမည္။
ေအာက္လက္ငယ္သား ေတြက ထင္သ ေလာက္ အားမကိုးရလို႔ စိတ္ညစ္ရတတ္ပါတယ္။ လခစားမ်ား မိမိအလုပ္ကိုပဲလုပ္ပါ။
သူမ်ားအလုပ္ေတြ ဝင္ေရာက္စြက္ဖက္ရာကေန ျပႆနာေတြတိုးလာတတ္ပါတယ္။ မရည္႐ြယ္ဘဲ ဘာသာေရးကိစၥမ်ား လုပ္ကိုင္ ေဆာင္႐ြက္ရျခင္းမ်ား ႀကဳံေတြ႕ေနရမည္။
ရည္စားေဟာင္း၏ အေႏွာက္အယွက္မ်ားေၾကာင့္ မိန္းကေလးမ်ား စိတ္ရႈပ္ ရတတ္ပါသည္။
ေငြေၾကး ကိစၥ မ်ားေကာင္းေပမဲ့ ေငြအတြက္မွားၿပီးေပးမိတာမ်ိဳးျဖစ္တတ္လို႔ သတိႏွင့္ယွဥ္ၿပီး လုပ္ကိုင္ရမည္။ တစ္ဦးထက္ပိုေသာ အခ်စ္ေရးကိစၥမ်ား ခံစားေတြ႕ႀကဳံရမည္။
မေမွ်ာ္ လင့္ပဲ ေစ့စပ္ေၾကာင္းလမ္းျခင္း မ်ား ရွိမည္။ အိမ္ေထာင္ရွင္မ်ား မေျပမလည္ျဖစ္ေနရတတ္ပါသည္။
သို႔ေသာ္ သား သမီးရတနာမ်ားအတြက္ သတင္းေကာင္းမ်ား ၾကားရမည့္အခ်ိန္ကာလျဖစ္သည္။
ပညာေရးတြင္အစပိုင္း၌ ႀကိဳးစား အားထုတ္မႈေကာင္းၿပီး ေနာက္ပိုင္းတြင္ အေပါင္းအသင္းမ်ားေၾကာင့္ မိမိရည္မွန္းခ်က္မ်ားႏွင့္ ေဝးကြာရ တတ္သည္။
က်န္းမာေရးတြင္ ဗိုက္ေအာင့္ဗိုက္နာျခင္း၊ အသက္ရႉလမ္းေၾကာင္းဆိုင္ရာေရာဂါမ်ားႀကဳံေတြ႕ရတတ္သည္။
အက်ိဳးေပးဂဏန္း ၆/၇/၀
အထူးေဟာ မိမိအလုပ္ေတြကိုသာစိတ္ႏွစ္လုပ္ကိုင္ျခင္းျဖင့္ေအာင္ျမင္မႈပိုရမယ္။
ယၾတာ သစ္ေတာ္သီးဘုရားကပ္ပါ။




#ဗုဒၶဟူး/ရာဟု
ဒီကာလမ်ားအတြင္း ေလာင္းကစားဒိုင္မ်ား၊ဥပေဒနဲ႔မလြတ္ကင္းတဲ့သူမ်ားသတိထားသင့္သလို လခစား ဝန္ထမ္းမ်ား
တစို႔လက္ေဆာင္ေတြလက္ခံမိရင္ ေတာ့ဒုကၡေရာက္ႏိုင္ပါတယ္။ဥပေဒနဲ႔ မလြတ္ကင္း တာမွန္သမွ် ေရွာင္လိုက္ပါ။
ေကာင္းမႈကုသိုလ္၊ အလႉအတန္းမ်ား ျပဳလုပ္ရမည္။ သားသမီးႏွင့္ ပတ္သက္ေသာ သတင္းစကား ေကာင္း မ်ား ၾကားသိရမည္။
ပြဲ႐ုံလုပ္ငန္း၊ အႏုပညာႏွင့္ ပတ္သက္ေသာလုပ္ငန္းမ်ား ပညာေရးဝန္ေဆာင္မႈလုပ္ငန္း တို႔ႏွင့္ အက်ိဳးေပးမည္။
အလုပ္စီးပြားမ်ား တိုးတတ္မည္။ စီးပြားေရးနယ္ပယ္မွာ ပါးနပ္ လိမၼာဖို႔လိုပါတယ္။စီးပြား ေရးကိုေခတ္နဲ႔အညီေျပာင္းလဲပါ။
နည္းပညာနဲ႔စတင္ေပါင္းစပ္လုပ္ကိုင္ပါ။ အိမ္၊ ၿခံ၊ ေျမ ေရာင္းဝယ္ျခင္း၊ ရင္းႏွီး ျမႇဳပ္ႏွံျခင္းတို႔မွ အက်ိဳးအျမတ္ႀကီးမ်ား ရရွိမည္။
အစုရွယ္ယာ၊ စေတာ့ရွယ္ယာတို႔မွ အက်ိဳး အျမတ္မ်ား ရရွိမည္။ မိတ္သစ္၊ ေဆြသစ္တိုးပြားမည္။ အေပါင္းအသင္းႏွင့္ မိသားစုျပႆနာမ်ားေၾကာင့္
မိမိရည္မွန္း ခ်က္မ်ား ေႏွာင့္ေႏွးေန ရတတ္ပါသည္။ က်န္းမာေရးတြင္ အစာအိမ္ေရာဂါ၊ လည္ေခ်ာင္းနာျခင္း၊ အဖ်ားအနာ မ်ားႏွင့္
ေခါင္း ကိုက္ ျခင္း ေဝဒနာ မ်ား ခံစားရတတ္ပါသည္။
အျပန္အလွန္ နားလည္ခြင့္လႊတ္မႈတို႔ေၾကာင့္ ခ်စ္မႈေရးရာ သည္ သာယာ ၾကည္ႏူးရ ႏိုင္မည္။ ပညာေရးတြင္ ႀကိဳးစား ေလ့လာလွ်င္ ျပည္တြင္းသာမက
ျပည္ပတြင္ ေက်ာင္းဝင္ခြင့္ေလွ်ာက္ထား၊ ေျဖထား သည္ မ်ားမွ သတင္းေကာင္းၾကားၿပီး ထြန္းေပါက္ ေအာင္ျမင္ ႏိုင္ပါသည္။
အက်ိဳးေပးဂဏန္း ၁/၇/၀
အထူးေဟာ ႐ိုးသားပါလို႔ မွာခ်င္ပါတယ္။
ယၾတာ အုန္းႏို႔ဆန္ျပဳတ္ဘုရားကပ္လႉပါ




#ၾကာသပေတး
ဒီကာလမ်ားသည္ မိသားစုအေမြကိစၥမ်ား အဆင္ေျပလာမည္။ ကာလအတန္ၾကာ မေတြ႕ေသာ မိတ္ေဆြ ရင္းျခာတို႔ႏွင့္ ျပန္လည္ဆုံေတြ႕ရမည္။
အၿပိဳင္အဆိုင္မ်ားၾကားမွ ပင္ကိုယ္စြမ္းရည္ေၾကာင့္ တိုးတတ္ေအာင္ျမင္ေသာ ဘဝကို ရရွိႏိုင္ပါသည္။
ေႂကြးေဟာင္း၊ ေငြေဟာင္းမ်ား၊ လက္လြန္ထားသည္မ်ား ျပန္လည္ေတာင္းခံရရွိႏိုင္ပါသည္။ စိတ္ထဲရွိ ေနတဲ့ အေတြးေတြက လက္ေတြ႕အေကာင္အထည္ေဖာ္သင့္ပါတယ္ ။
ဝန္ထမ္းလခစားမ်ား ေနရာ ေကာင္း ရျခင္း ၊ပညာအသစ္ေတြသင္ရျခင္းမ်ိဳးေတြႀကဳံရလိမ့္မယ္။
စပ္တူအလုပ္မ်ားညႇိႏႈိင္းရခက္တဲ့အေျခအေနေလးေတြေပၚ ေပါက္လာတတ္ပါတယ္။
က်န္းမာေရးတြင္ ေခါင္းကိုက္ခဲျခင္း၊ ေလေရာဂါ၊ ထုံနာ က်ဥ္နာေရာဂါမ်ား အေရျပားေရာဂါ မ်ား ခံစားရတတ္ ပါသည္။ နာတာရွည္ေရာဂါမ်ား ဝင္လာတတ္ပါသည္။
မ်က္စိ ေဝဒနာမ်ား ခံစားရေစႏိုင္ပါသည္။ လူမႈေရးကိစၥေတြ၊ ပရဟိတကိစၥေတြေဆာင္ ႐ြက္ေနရတဲ့အတြက္မိမိ လုပ္လက္စ အလုပ္ေတြေႏွာင့္ေႏွးရတတ္ပါ တယ္။
မေမွ်ာ္လင့္ဘဲ မထင္မွတ္ထားေသာသူႏွင့္ မေတာ္တဆ ခ်စ္သူျဖစ္ကိန္း ရွိ ေနပါသည္။
ပညာေရးတြင္ မိမိႀကိဳး စားမႈ စြမ္းအားေၾကာင့္ ရည္မွန္းခ်က္မ်ား ေအာင္ျမင္မည္။ စစ္မွန္ေသာ အခ်စ္ ေရး၊ ေမတၱာေရး၊ ႏွလုံးသားေရးရာကိစၥ မ်ား ႀကဳံေတြ႕ရႏိုင္ပါသည္။
အိမ္ေထာင္ေရးကံညံ့ေနတာမ်ိဳးမရွိႏိုင္ေသးပါ။
အက်ိဳးေပးဂဏန္း ၁/၂/၅
အထူးေဟာ ကံသင့္ပါတယ္။
ယၾတာ ဒီအပတ္ သရဏဂုံ ၃ပါး႐ြတ္ပြားပူေဇာ္ပါ။




#ေသာၾကာ
ဒီကာလမ်ားတြင္ ကုန္ပစၥည္းမ်ား ရင္းႏွီးျမႇဳပ္ႏွံထားႏိုင္လွ်င္ အက်ိဳးအျမတ္မ်ား ခံစားရကိန္းရွိပါသည္။
မိမိ၏ လုပ္ငန္းခြင္အတြင္း မေတာ္တဆထိခိုက္မႈမ်ားေပၚေပါက္တတ္ပါသည္။ မည္သည့္ကိစၥကို ေဆာင္႐ြက္ ထားသည္ ျဖစ္ေစ မိမိႀကိဳးစားထားတာဆိုရင္
ေသခ်ာေပါက္ေအာင္ျမင္မႈမ်ား ရရွိမည္။
ဘုရားဖူးခရီးမ်ားသြားလာျခင္း၊ ခရီးတို၊ ခရီးရွည္သြားရကိန္းမ်ား ရွိေန ပါ သည္။ အေရွ႕ေတာင္အရပ္သို႔ ေရလမ္းခရီးသြားလာျခင္းမ်ား ေရွာင္က်ဥ္ေပးပါ။
နည္းပညာႏွင့္ဆက္ႏြယ္ေသာအလုပ္မ်ားေခတ္ေရွ႕ေျပးေသာကိစၥမ်ားတြင္ ထူးျခားစြာေအာင္ျမင္ျခင္းမ်ား ရွိမည္။
ကိုယ္ပိုင္အလုပ္စီးပြားမ်ား ၿပိဳင္ဘက္မ်ားက မိမိအားနည္းခ်က္ကို ေစာင့္ ၾကည့္ေနတာမို႔အရာရာကို သတိႏွင့္ ေဆာင္ ႐ြက္ရမည္။
အိမ္၊ ၿခံ၊ ေျမေရာင္းဝယ္ျခင္း၊ ပုလဲ ႏွင့္ငါးေမြးျမဴေရး လုပ္ငန္း၊စားေသာက္ကုန္ ထုတ္လုပ္မႈလုပ္ငန္းမ်ားမွ ဝင္ေငြမ်ားရရွိႏိုင္ပါသည္။
ပ်ိဳ႐ြယ္သူမ်ား အခ်စ္ေရးတြင္အေသးစားျပႆနာမ်ားကို အက်ယ္ခ်ဲ႕၍ ပဋိပကၡျဖစ္ျခင္း မ်ားျဖင့္ လမ္းခြဲရျခင္းမ်ား ႀကဳံမည္။
အိမ္ေထာင္ေရးတြင္ အသိုင္း အဝိုင္းေဆြမ်ိဳးစကားမ်ားေၾကာင့္ အိမ္ေထာင္ေရး အထင္အျမင္လြဲမႈမ်ားေပၚေပါက္လာတတ္ပါသည္။
ပညာေရး တြင္ဝီရိယအက်ိဳးကိုခံစားရကိန္းမ်ား ရွိေနပါသည္။ လုပ္ငန္းစာေမးပြဲေျဖဆိုျခင္းမ်ား အဆင့္ ျမင့္ ေအာင္ ျမင္ ျခင္း မ်ား ရရွိေစပါသည္။
အက်ိဳးေပးဂဏန္း ၂/၃/၆
အထူးေဟာ စီးပြားေရးလုပ္ငန္းမ်ားေခတ္မွီေအာင္ ႀကိဳးစားလုပ္ကိုင္ပါ။
ယၾတာ ၾကက္သြန္မ်ား သီလရွင္ကိုေလာင္းလႉေပးပါ။




#စေန
ဒီကာလမ်ားအတြင္း စိတ္တိုင္းမက်စရာေလးမ်ားျဖစ္ေနတတ္ပါတယ္။မိသားစုအတြင္းလဲဘယ္သူကိုမွ အေကာင္းမျမင္ႏိုင္ျဖစ္ေနလိမ့္မယ္။
ကိုယ့္သားသမီးေတြကိုလဲ ေအာ္ဟစ္ဆူပူမိေနတတ္ပါတယ္။ အတူေနသူမ်ား၊ လုပ္ေဖာ္ကိုင္ဖက္မ်ားႏွင့္ စကားအေျခအတင္ျဖစ္ရတတ္ပါတယ္။
မိမိတတ္သိထားတဲ့ပညာေတြကိုလဲ ေဝမွ်ေပးလို႔ အထူး ေကာင္း ပါတယ္။
လုပ္ငန္းသစ္မ်ား၊ ေနရာအေျပာင္းအလဲလုပ္ကိုင္ရန္ ဆႏၵရွိသည့္အတိုင္း ေဆာင္႐ြက္ လုပ္ ကိုင္ ရတတ္သည္။
မိမိ ဩဇာအာဏာလြမ္းမိုးႏိုင္ေအာင္ အထူးေဆာင္႐ြက္ရမည္။
ေဆြမ်ိဳးမိတ္သဂၤဟမ်ားအတြက္ ကူညီေစာင့္ေရွာက္မႈမ်ား ေပး ရတတ္ပါသည္။ စက္ပစၥည္းမ်ား၊ အိမ္ေဆာက္ပစၥည္းမ်ား၊ ရတနာပစၥည္းမ်ား ဝင္လာ တတ္ပါသည္။
ညီအစ္ကို ေမာင္ႏွမမ်ားအခ်င္းခ်င္း ရန္စကားေျပာဆိုျခင္းမ်ား ေတြ႕ႀကဳံရ တတ္ပါသည္။
မိမိမိသားစု အတြက္ အိုးအိမ္၊ တိုက္တာ၊ အေဆာက္အဦးမ်ား အသစ္ေဆာက္လုပ္ရတတ္သည္။
မည္သည့္ကိစၥကို ေဆာင္႐ြက္ေစ အခက္အခဲႀကဳံၿပီးမွသာအဆင္ေျပမႈ ရရွိႏိုင္ ပါသည္။
ပ်ိဳ႐ြယ္သူမ်ား အခ်စ္ကို ဖြင့္ေျပာရခက္ေလၿပီး ႏႈတ္ေႏွးေန ျခင္းေၾကာင့္ တစ္ပါးသူလက္သို႔ ခ်စ္သူပါသြား တတ္သည္။
အိမ္ေထာင္ရွင္မ်ား ႏွစ္ဖက္ေဆြမ်ိဳးသားခ်င္း မ်ားအတြက္ ေငြေၾကးႏွင့္ လူမႈေရးအပူေသာကမ်ား ဝင္ေရာက္ေနရတတ္ပါသည္။
ပညာေရးတြင္ အသက္ေမြးဝမ္းေက်ာင္း ပညာရပ္ မ်ား ဂ႐ုတစိုက္ ေလ့လာသင္ယူသင့္သည္။
အက်ိဳးေပးဂဏန္း ၃/၄/၀
အထူးေဟာ အနည္းငယ္ကံညံ့ေနႏိုင္ပါတယ္။
ယၾတာ စတုမဓူတစ္ဘူး လူႀကီးမိဘေတြကိုလႉဒါန္းလိုက္ပါ။
၇ရက္သားသမီးအေပါင္း ရန္သူမ်ိဳးငါးပါးေဘးမွ ကင္းေဝးႏိုင္ၾကပါေစ
ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ)
0977 5555 695
09 44 5555 695
Credit