ျမန္မာႏိုင္ငံအေပၚမွာ ေစတနာထားတဲ့ ဂ်ပန္ဝန္ႀကီးခ်ဳပ္ေဟာင္း ရွင္ဇိုအေဘးကို ဘာေၾကာင့္ လုပ္ႀကံခဲ့သလဲ
ဂ်ပန္ဝန္ႀကီးခ်ဳပ္ေဟာင္း ရွင္ဇိုအေဘးကို သူ ဘာေၾကာင့္လုပ္ႀကံခဲ့သလဲဆိုတာ ယာမာဂါမီက ေျဖာင့္ခ်က္ေပးတယ္။ သူ႔အေမက ဘာသာေရးအဖြဲ႕အစည္းတစ္ခုကို အရမ္းႀကီး ယုံၾကည္သက္ဝင္လြန္းၿပီး ရွိသမွ်အကုန္ လႉပစ္ခဲ့လို႔ ေငြေၾကးအက်ပ္အတည္း ျဖစ္သြားတာကို ယာမာဂါမီက ေဒါသထြက္ခဲ့တာပါ။ အဲဒီဘာသာေရးအဖြဲ႕အစည္းကို ရွင္ဇိုအေဘးက လူသိမ်ားထင္ရွားေအာင္ လုပ္ေပးခဲ့လို႔ သူ႔ေဒါသက ရွင္ဇိုအေဘးအေပၚ ပုံက်ခဲ့တာလို႔ ယာမာဂါမီက ဆိုတယ္။ အေစာပိုင္းမွာ သူ႔က ဗုံးနဲ႔တိုက္ခိုက္ဖို႔ စီစဥ္ခဲ့ေပမဲ့ ေနာက္ပိုင္းမွာေတာ့ အစီအစဥ္ေျပာင္းၿပီး




လက္လုပ္ေသနတ္နဲ႔ ပစ္ခတ္ခဲ့တာပါ။ ယာမာဂါမီရဲ႕အေမ ေငြေၾကးအမ်ားအျပား လႉဒါန္းခဲ့တဲ့ ဘာသာေရးအဖြဲ႕အစည္းအမည္ကိုေတာ့ ဂ်ပန္မီဒီယာေတြက ထည့္သြင္းေဖာ္ျပခဲ့ျခင္းမရွိပါဘူး။ ယာမာဂါမီဟာ ၂၀၀၂ ခုႏွစ္ကေန ၂၀၀၅ ခုႏွစ္အထိ ဂ်ပန္ေရတပ္မွာ တာဝန္ထမ္းေဆာင္ခဲ့တယ္လို႔ ဂ်ပန္မီဒီယာေတြက ေဖာ္ျပပါတယ္။ ယာမာဂါမီဟာ အလုပ္အကိုင္ရွာေဖြေရးကုမၸဏီမွာ CV Form သြားတင္ခဲ့ဖူးၿပီး ၂၀၂၀ ျပည့္ႏွစ္ ေႏွာင္းပိုင္းမွာေတာ့
က်ိဳတိုၿမိဳ႕က စက္႐ုံမွာ forklift ေမာင္းသူအျဖစ္ အလုပ္လုပ္ခဲ့ပါတယ္။ သူဟာ ၁ ႏွစ္ေက်ာ္ကာလအတြင္း အလုပ္ထဲမွာ ျပႆနာတစ္စုံတစ္ရာ မရွိခဲ့ဖူးပါး။ ဒါေပမဲ့ ၿပီးခဲ့တဲ့ ဧၿပီလလယ္မွာေတာ့ ခြင့္မတိုင္ဘဲ အလုပ္ပ်က္ခဲ့ၿပီးေနာက္ အလုပ္ရွင္ဆီမွာ အလုပ္ထြက္ခြင့္ ေတာင္းခဲ့ပါတယ္။ သူ႔ရဲ႕ခြင့္ရက္ေတြ က်န္ေနေသးလို႔ ခြင့္ဆက္ယူခဲ့ၿပီး ေမလ ၁၅ ရက္မွာေတာ့ ခြင့္ရက္ေစ့လို႔ အလုပ္ထြက္ခဲ့ပါတယ္။ ယာမာဂါမီက ၈ လႊာ




တိုက္ခန္းက်ဥ္းေလးမွာ ေနထိုင္ၿပီး သူတို႔တိုက္ ေအာက္ဆုံးထပ္မွာေတာ့ ဘားဆိုင္ေတြ ရွိပါတယ္။ ယာမာဂါမီဟာ ပတ္ဝန္းက်င္က လူေတြနဲ႔လည္း စကားေျပာေလ့မရွိပါဘူး။ ရွင္ဇိုအာေဘးကို မလုပ္ႀကံခင္ ၃ ရက္အလိုမွာ ယာမာဂါမီကို ေတြ႕လို႔ ႏႈတ္ဆက္ခဲ့ေပမဲ့ သူက ဘာမွ ျပန္မေျပာဘူးလို႔ သူ႔ေအာက္ထပ္မွာ ေနတဲ့ အမ်ိဳးသမီးႀကီးက ဆိုပါတယ္။ ” ကြၽန္မက ဟယ္လိုလို႔ လွမ္းႏႈတ္ဆက္လိုက္ေပမဲ့ သူက
ဘာမွျပန္မေျပာဘူး။ သူက ႏွာေခါင္းစည္းလည္း တပ္မထားဘူး။ ေခါင္းငိုက္စိုက္ခ်ၿပီး ၾကမ္းျပင္ကို ၾကည့္ေနတယ္။ သူ႔ပုံစံက စိတ္နဲ႔လူနဲ႔ မကပ္သလိုပဲ။ တစ္ခုခုကို စိတ္ပ်က္ေနပုံေပၚတယ္” လို႔ အဲဒီအမ်ိဳးသမီးႀကီးက ဆိုပါတယ္။ ”ယာမာဂါမီကို ႀကိမ္ဖန္မ်ားစြာ ဆုံဖူးတယ္။ ဒါေပမဲ့ ဓာတ္ေလွကားထဲမွာ ဦးၫႊတ္ႏႈတ္ဆက္ရင္ေတာင္ သူက ဘာမွ ျပန္မေျပာပါဘူး”လို႔ ၆ လႊာမွာေနတဲ့




ဗီယက္နမ္အမ်ိဳးသမီးတစ္ဦးကဆိုပါတယ္။ ယာမာဂါမီဟာ အြန္လိုင္းကေန ဝယ္ယူထားတဲ့ အစိတ္အပိုင္းေတြကို အသုံးျပဳၿပီး သံပိုက္ေတြကို တိတ္ပတ္ကာ လက္လုပ္ေသနတ္ ဖန္တီးခဲ့တာျဖစ္ပါတယ္။ ယာမာဂါမီ အသုံးျပဳခဲ့တဲ့ ေသနတ္က လုပ္ဖို႔
လြယ္ကူလြန္းတယ္လို႔ ေလ့လာသူေတြက ဆိုၾကပါတယ္။ ယာမာဂါမီဟာ ရွင္ဇိုအေဘးကို လုပ္ႀကံဖို႔ လေပါင္းမ်ားစြာအလိုကတည္းက စီစဥ္ေနခဲ့တာျဖစ္ၿပီး အခင္းမျဖစ္ပြားမီ တစ္ရက္အလိုကလည္း နာရာၿမိဳ႕နဲ႔ ကီလိုမီတာ ၂၀၀ ကြာေဝးတဲ့ေနရာက ရွင္ဇိုအေဘးရဲ႕ မိန႔္ခြန္းေျပာပြဲတစ္ခုကို သြားေရာက္ခဲ့ပါေသးတယ္။
crd-




ယူနီကုတ္
မြန်မာနိုင်ငံအပေါ်မှာ စေတနာထားတဲ့ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအဘေးကို ဘာကြောင့် လုပ်ကြံခဲ့သလဲ
ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအဘေးကို သူ ဘာကြောင့်လုပ်ကြံခဲ့သလဲဆိုတာ ယာမာဂါမီက ဖြောင့်ချက်ပေးတယ်။ သူ့အမေက ဘာသာရေးအဖွဲ့အစည်းတစ်ခုကို အရမ်းကြီး ယုံကြည်သက်ဝင်လွန်းပြီး ရှိသမျှအကုန် လှူပစ်ခဲ့လို့ ငွေကြေးအကျပ်အတည်း ဖြစ်သွားတာကို ယာမာဂါမီက ဒေါသထွက်ခဲ့တာပါ။ အဲဒီဘာသာရေးအဖွဲ့အစည်းကို ရှင်ဇိုအဘေးက လူသိများထင်ရှားအောင် လုပ်ပေးခဲ့လို့ သူ့ဒေါသက ရှင်ဇိုအဘေးအပေါ် ပုံကျခဲ့တာလို့ ယာမာဂါမီက ဆိုတယ်။ အစောပိုင်းမှာ သူ့က ဗုံးနဲ့တိုက်ခိုက်ဖို့ စီစဉ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အစီအစဉ်ပြောင်းပြီး




လက်လုပ်သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။ ယာမာဂါမီရဲ့အမေ ငွေကြေးအများအပြား လှူဒါန်းခဲ့တဲ့ ဘာသာရေးအဖွဲ့အစည်းအမည်ကိုတော့ ဂျပန်မီဒီယာတွေက ထည့်သွင်းဖော်ပြခဲ့ခြင်းမရှိပါဘူး။ ယာမာဂါမီဟာ ၂၀၀၂ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အထိ ဂျပန်ရေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ဂျပန်မီဒီယာတွေက ဖော်ပြပါတယ်။ ယာမာဂါမီဟာ အလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီမှာ CV Form သွားတင်ခဲ့ဖူးပြီး ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းမှာတော့
ကျိုတိုမြို့က စက်ရုံမှာ forklift မောင်းသူအဖြစ် အလုပ်လုပ်ခဲ့ပါတယ်။ သူဟာ ၁ နှစ်ကျော်ကာလအတွင်း အလုပ်ထဲမှာ ပြဿနာတစ်စုံတစ်ရာ မရှိခဲ့ဖူးပါး။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဧပြီလလယ်မှာတော့ ခွင့်မတိုင်ဘဲ အလုပ်ပျက်ခဲ့ပြီးနောက် အလုပ်ရှင်ဆီမှာ အလုပ်ထွက်ခွင့် တောင်းခဲ့ပါတယ်။ သူ့ရဲ့ခွင့်ရက်တွေ ကျန်နေသေးလို့ ခွင့်ဆက်ယူခဲ့ပြီး မေလ ၁၅ ရက်မှာတော့ ခွင့်ရက်စေ့လို့ အလုပ်ထွက်ခဲ့ပါတယ်။ ယာမာဂါမီက ၈ လွှာ
တိုက်ခန်းကျဉ်းလေးမှာ နေထိုင်ပြီး သူတို့တိုက် အောက်ဆုံးထပ်မှာတော့ ဘားဆိုင်တွေ ရှိပါတယ်။ ယာမာဂါမီဟာ ပတ်ဝန်းကျင်က လူတွေနဲ့လည်း စကားပြောလေ့မရှိပါဘူး။ ရှင်ဇိုအာဘေးကို မလုပ်ကြံခင် ၃ ရက်အလိုမှာ ယာမာဂါမီကို တွေ့လို့ နှုတ်ဆက်ခဲ့ပေမဲ့ သူက ဘာမှ ပြန်မပြောဘူးလို့ သူ့အောက်ထပ်မှာ နေတဲ့ အမျိုးသမီးကြီးက ဆိုပါတယ်။ ” ကျွန်မက ဟယ်လိုလို့ လှမ်းနှုတ်ဆက်လိုက်ပေမဲ့ သူက




ဘာမှပြန်မပြောဘူး။ သူက နှာခေါင်းစည်းလည်း တပ်မထားဘူး။ ခေါင်းငိုက်စိုက်ချပြီး ကြမ်းပြင်ကို ကြည့်နေတယ်။ သူ့ပုံစံက စိတ်နဲ့လူနဲ့ မကပ်သလိုပဲ။ တစ်ခုခုကို စိတ်ပျက်နေပုံပေါ်တယ်” လို့ အဲဒီအမျိုးသမီးကြီးက ဆိုပါတယ်။ ”ယာမာဂါမီကို ကြိမ်ဖန်များစွာ ဆုံဖူးတယ်။ ဒါပေမဲ့ ဓာတ်လှေကားထဲမှာ ဦးညွှတ်နှုတ်ဆက်ရင်တောင် သူက ဘာမှ ပြန်မပြောပါဘူး”လို့ ၆ လွှာမှာနေတဲ့
ဗီယက်နမ်အမျိုးသမီးတစ်ဦးကဆိုပါတယ်။ ယာမာဂါမီဟာ အွန်လိုင်းကနေ ဝယ်ယူထားတဲ့ အစိတ်အပိုင်းတွေကို အသုံးပြုပြီး သံပိုက်တွေကို တိတ်ပတ်ကာ လက်လုပ်သေနတ် ဖန်တီးခဲ့တာဖြစ်ပါတယ်။ ယာမာဂါမီ အသုံးပြုခဲ့တဲ့ သေနတ်က လုပ်ဖို့




လွယ်ကူလွန်းတယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။ ယာမာဂါမီဟာ ရှင်ဇိုအဘေးကို လုပ်ကြံဖို့ လပေါင်းများစွာအလိုကတည်းက စီစဉ်နေခဲ့တာဖြစ်ပြီး အခင်းမဖြစ်ပွားမီ တစ်ရက်အလိုကလည်း နာရာမြို့နဲ့ ကီလိုမီတာ ၂၀၀ ကွာဝေးတဲ့နေရာက ရှင်ဇိုအဘေးရဲ့ မိန့်ခွန်းပြောပွဲတစ်ခုကို သွားရောက်ခဲ့ပါသေးတယ်။
crd-