အမေရိကန်မှာ ကောင်းကင်ကြီးတခုလုံး စိမ်းသွားရတဲ့ အဓိက အကြောင်းအရင်း…

International News

အမေရိကန်မှာ မုန်တိုင်းမလာခင် ကောင်းကင်ကြီးတခုလုံး စိမ်းသွားရတဲ့ အဓိက အကြောင်းအရင်း..

အ​မေရိကန်နိုင်ငံမှာ မုန်တိုင်းတစ်ခု မတိုက်ခတ်မှီ ​ကောင်းကင်ကြီးတစ်ခုလုံး အစိမ်း​ရောင်သန်းသွားတဲ့ သတင်းတစ်ခု ဖတ်လိုက်ရပါတယ်။

ဘာ့​ကြောင့်လဲ ဆိုတာကို ရှင်းပြဖို့.. သတ္တမတန်း သိပ္ပံသင်ခန်းစာထဲက အဖြူ​ရောင် အလင်းတန်းဖြစ်​ပေါ်မှုနဲ့ မူလအ​ရောင်​တွေအ​ကြောင်းက စရမှာပါ..။

​နေမှ လာ​သော အလင်းဟာ.. အဖြူ​ရောင် ဖြစ်ပါတယ်။ သို့​ပေမဲ့ အဆိုပါ အဖြူ​ရောင်မှာ အလင်း​ရောင်စဥ် (၇)မျိုး ​ရော​နှောပါဝင် ​ပေါင်းစပ်ထားပါတယ်။

မိုးရွာပြီးစမှာ မြင်​တွေ့ရတဲ့ သက်တံ​ရောင်စဥ်များပါပဲ။

သိပ္ပံပညာရှင် ဆာအိုင်းဆက် နယူတန်ကလည်း သုံး​မြှောင့်ဖန်တုံးကို အသုံးပြုပြီး ​ရောင်စဥ်​တွေကို လက်​တွေ့ ခွဲခြားပြသခဲ့ပါတယ်။

အဲ့ဒီ့အလင်း​ရောင်စဥ်​တွေကို မူလအ​ရောင် နဲ့ ထပ်ဆင့်အ​ရောင်ဆိုပြီး ထပ်ခွဲလို့ရပါ​သေးတယ်။

မူလအ​ရောင် (primary color) ၃ ခုက​တော့.. အနီ၊ အစိမ်း နဲ့ အပြာတို့ဖြစ်ကြပြီး ထိုအ​ရောင်​တွေ ​ပေါင်းစပ်တဲ့အခါ

ထပ်ဆင့်အ​ရောင် (secondary color) ​တွေ ထပ်ရပါတယ်။ အ​ရောင်အားလုံး​စုပေါင်းလိုက်လျှင်​တော့ အဖြူ​ရောင်ကို ရရှိပါတယ်။

(မှတ်ချက်။ ပန်းချီ​ရေးဆွဲရာတွင် သတ်မှတ်​သောအ​ရောင်နှင့် မတူပါ။)

မိုးတိမ်​တောင်တစ်ခုထဲမှာ ​ရေခိုး​ရေ​ငွေ့များစွာနဲ့ အခြား​သော ​ရေခဲ၊ ​ရေစက်၊ မိုးသီး​တွေ ​ရော​နှောပါဝင်တတ်ပါတယ်။

မိုးတိမ်​တောင် သိပ်ကြီးထွားလာတဲ့အခါ အဆိုပါ တိမ်တိုက်ကြီးကို ဖြတ်သန်းလာ​သော ​နေ​ရောင်ခြည်ထဲမှ အနီ နဲ့ အပြာ​ရောင်တို့ကို ​

ရေခဲမှုန် (မိုးသီး) များက စုပ်ယူထားလိုက်တဲ့အခါ (တနည်း) အလင်းပြန်မှု မ​ရရှိတဲ့အခါ.. ​

ကောင်းကင်တစ်ခုလုံးမှာ မူလအ​ရောင်ထဲမှ အစိမ်း​ရောင် တစ်မျိုးသာ ကျန်ရှိ​နေပါ​တော့တယ်။

ထို့အတွက်​ကြောင့် ​ကောင်းကင်ကြီးတစ်ခုလုံးကို အစိမ်း​ရောင်အဖြစ် မြင်ရခြင်းဖြစ်​ကြောင်း ​ရေးသားလိုက်ရပါတယ်။

တကယ်​တော့ အားလုံးဟာ ကျ​နော်တို့ ငယ်စဥ်က သင်ကြားခဲ့ရတဲ့ အ​​ခြေခံပညာ​တွေပါပဲ..

အနာဂတ်ပညာ​ရေးအတွက် အစဥ်ကြိုးစားလျက်.. သန့်ဦး (အာကာသနှင့် စကြဝဠာ သင်​ထောက်ကူ)

Credit

==================

Zawgyi

အေမရိကန္မွာ မုန္တိုင္းမလာခင္ ေကာင္းကင္ႀကီးတခုလုံး စိမ္းသြားရတဲ့ အဓိက အေၾကာင္းအရင္း..

အ​ေမရိကန္ႏိုင္ငံမွာ မုန္တိုင္းတစ္ခု မတိုက္ခတ္မွီ ​ေကာင္းကင္ႀကီးတစ္ခုလုံး အစိမ္း​ေရာင္သန္းသြားတဲ့ သတင္းတစ္ခု ဖတ္လိုက္ရပါတယ္။

ဘာ့​ေၾကာင့္လဲ ဆိုတာကို ရွင္းျပဖို႔.. သတၱမတန္း သိပၸံသင္ခန္းစာထဲက အျဖဴ​ေရာင္ အလင္းတန္းျဖစ္​ေပၚမႈနဲ႔ မူလအ​ေရာင္​ေတြအ​ေၾကာင္းက စရမွာပါ..။

​ေနမွ လာ​ေသာ အလင္းဟာ.. အျဖဴ​ေရာင္ ျဖစ္ပါတယ္။ သို႔​ေပမဲ့ အဆိုပါ အျဖဴ​ေရာင္မွာ အလင္း​ေရာင္စဥ္ (၇)မ်ိဳး ​ေရာ​ေႏွာပါဝင္ ​ေပါင္းစပ္ထားပါတယ္။

မိုး႐ြာၿပီးစမွာ ျမင္​ေတြ႕ရတဲ့ သက္တံ​ေရာင္စဥ္မ်ားပါပဲ။

သိပၸံပညာရွင္ ဆာအိုင္းဆက္ နယူတန္ကလည္း သုံး​ေျမႇာင့္ဖန္တုံးကို အသုံးျပဳၿပီး ​ေရာင္စဥ္​ေတြကို လက္​ေတြ႕ ခြဲျခားျပသခဲ့ပါတယ္။

အဲ့ဒီ့အလင္း​ေရာင္စဥ္​ေတြကို မူလအ​ေရာင္ နဲ႔ ထပ္ဆင့္အ​ေရာင္ဆိုၿပီး ထပ္ခြဲလို႔ရပါ​ေသးတယ္။

မူလအ​ေရာင္ (primary color) ၃ ခုက​ေတာ့.. အနီ၊ အစိမ္း နဲ႔ အျပာတို႔ျဖစ္ၾကၿပီး ထိုအ​ေရာင္​ေတြ ​ေပါင္းစပ္တဲ့အခါ

ထပ္ဆင့္အ​ေရာင္ (secondary color) ​ေတြ ထပ္ရပါတယ္။ အ​ေရာင္အားလုံး​စုေပါင္းလိုက္လွ်င္​ေတာ့ အျဖဴ​ေရာင္ကို ရရွိပါတယ္။

(မွတ္ခ်က္။ ပန္းခ်ီ​ေရးဆြဲရာတြင္ သတ္မွတ္​ေသာအ​ေရာင္ႏွင့္ မတူပါ။)

မိုးတိမ္​ေတာင္တစ္ခုထဲမွာ ​ေရခိုး​ေရ​ေငြ႕မ်ားစြာနဲ႔ အျခား​ေသာ ​ေရခဲ၊ ​ေရစက္၊ မိုးသီး​ေတြ ​ေရာ​ေႏွာပါဝင္တတ္ပါတယ္။

မိုးတိမ္​ေတာင္ သိပ္ႀကီးထြားလာတဲ့အခါ အဆိုပါ တိမ္တိုက္ႀကီးကို ျဖတ္သန္းလာ​ေသာ ​ေန​ေရာင္ျခည္ထဲမွ အနီ နဲ႔ အျပာ​ေရာင္တို႔ကို ​

ေရခဲမႈန္ (မိုးသီး) မ်ားက စုပ္ယူထားလိုက္တဲ့အခါ (တနည္း) အလင္းျပန္မႈ မ​ရရွိတဲ့အခါ.. ​

ေကာင္းကင္တစ္ခုလုံးမွာ မူလအ​ေရာင္ထဲမွ အစိမ္း​ေရာင္ တစ္မ်ိဳးသာ က်န္ရွိ​ေနပါ​ေတာ့တယ္။

ထို႔အတြက္​ေၾကာင့္ ​ေကာင္းကင္ႀကီးတစ္ခုလုံးကို အစိမ္း​ေရာင္အျဖစ္ ျမင္ရျခင္းျဖစ္​ေၾကာင္း ​ေရးသားလိုက္ရပါတယ္။

တကယ္​ေတာ့ အားလုံးဟာ က်​ေနာ္တို႔ ငယ္စဥ္က သင္ၾကားခဲ့ရတဲ့ အ​​ေျခခံပညာ​ေတြပါပဲ..

အနာဂတ္ပညာ​ေရးအတြက္ အစဥ္ႀကိဳးစားလ်က္.. သန္႔ဦး (အာကာသႏွင့္ စၾကဝဠာ သင္​ေထာက္ကူ)

Credit

Leave a Reply

Your email address will not be published.