နှစ်ပေါင်း ၂၀၀၀ သက်တမ်းရှိတဲ့ အုတ်ဂူထဲကနေ အံ့အားသင့်စရာ တွေ့ရှိခဲ့တဲ့ ဖြစ်ရပ်

News

တရုတ်နိုင်ငံမှာ ရှေးဟောင်း ရှာဖွေတွေ့ရှိတဲ့ အထဲမှာ အံ့အားသင့်စရာ ရှာဖွေတွေ့ရှိမှုကြီး တစ်ခုရှိခဲ့ပါတယ်။

အဲ့တာကတော့ ရှေးဟောင်း အုတ်ဂူတစ်ဂူကနေ ကြေးနီဒင်္ဂါးပြား နှစ်သန်းကျော်လောက်ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီရှေးဟောင်းအုတ်ဂူကို Xinjian ခရိုင် နန်ချန်းမြို့ မှာ တွေ့ရှိခဲ့တာဖြစ်ပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း ၂၀၀၀ ရှိပြီလို့ ဆိုပါတယ်။

ကြေနီးဒင်္ဂါးပြားတွေမှာ တရုတ်သင်္ကေတများ၊ အက္ခရာများနှင့် အလယ်ဗဟိုရှိ စတုရန်းအပေါက်တစ်ခုလည်း ပါရှိတာ ဖြစ်ပါတယ်။

အဲ့ဒီတွေ့ရှိခဲ့တဲ့ ဒင်္ဂါးများရဲ့ တန်ဖိုးမှာ ယခုခေတ်ငွေကြေးဖြင့် နှိုင်းယဉ်ကြည့်မယ်ဆိုရင် ပေါင် ၁၀၄,၀၀၀ (ဒေါ်လာ ၁၅၇,၃၄၀) ဝန်းကျင်ရှိမယ်လို့

ကျွမ်းကျင်သူများက ခန့်မှန်းထားကြပါတယ်။ ဒါ့အပြင် ဒီအုတ်ဂူဟာ ဘီစီ ၂၀၆ မှ အေဒီ ကြားမှာ အုပ်ချုပ်ခဲ့တဲ့

ဟန်မင်းဆက်ရဲ့ အကြီးမြတ်ဆုံးဖြစ်တဲ့ ဧကရာဇ်ဝူရဲ့ မြေးတော် လျူဟဲရဲ့ မြေးဖြစ်မယ်လို့လည်း ယုံကြည်ထားကြပါတယ်။

Photo Credit -newcarsz

အဲ့တာကြောင့် ရှာဖွေတွေ့ရှိခဲ့တဲ့ ပစ္စည်းတွေဟာ မြင့်မြတ်တဲ့ သူတွေပဲ သုံးနိုင်တဲ့ ရွှေ၊ ကြေးနှင့် သံထည်ပစ္စည်း ၁၀,၀၀၀၊

ခေါင်းလောင်းများအပါအဝင် ဝါးညှပ်များထည့်သွင်း မြုပ်နှံထားတာကို တွေ့ရှိခဲ့တာပါ။

အဲ့ဒီအုပ်ဂူအပြင် အခြား သင်္ချိုင်းရှစ်ခုနှင့် ရထားသင်္ချိုင်းနေရာတစ်ခု့ကို တွေ့ရှိခဲ့ပြီး တူးဖော်မှုကို ငါးနှစ်ကြာလောက် လုပ်ဆောင်ခဲ့ရပါတယ်။

ဒီသင်္ချိုင်းဟာ (၄၃၀,၅၅၀ စတုရန်းပေ (၄၀,၀၀၀ စတုရန်းမီတာ) ကျယ်ဝန်းပြီး

၉,၆၉၀ ပေ (မီတာ ၉၀၀) နီးပါးရှည်တဲ့ နံရံများကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

Photo Credit -newcarsz

တရုတ်လူမျိုးများဟာ ဘီစီ ၁၂၀၀ ဝန်းကျင်လောက်က သူတို့အသုံးပြုတဲ့ ‌ငွေကြေးကို တန်ဖိုးအလွန်နည်းပါးတဲ့

ကြေးနီဒင်္ဂါး အကြွေစေ့များအသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ကြေးနီဒင်္ဂါး အားလုံးကတော့ အလယ်မှာ အပေါက်များဖောက်ထားတာပါ။

ကြွေစေ့တွေကို အလွယ်တကူ ရေတွက်နိုင်အောင်လည်း ဆယ် ၊ ရာ ၊ ထောင်အလိုက် ကြိုးဖြင့်ဖောက်ချည် သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။

ဉပမာ – ကြိုးတစ်ချောင်းမှာ အကြွေစေ့ ၁၀၀၀ လောက်ကို ငွေစင်တစ်တောင်နဲ့ တန်တယ်လို့ ဆိုလိုတာပါ။

Photo Credit -newcarsz

ယခုတွေ့ရှိခဲ့တဲ့ ငွေဒင်္ဂါးပြားတွေကို ကြည့်ခြင်းအားဖြင့် အဲ့ဒီခေတ်တုန်းက ဒေသအတွင်း ကုန်သွယ်ရေး နှင့် ငွေကြေးများ ပေါကြွယ်ဝခဲ့တယ်လို့ ယူဆမိပါတယ်။

သင်တို့ရော ဒီရှာဖွေတွေ့ရှိခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထင်မြင်ယူဆချက်လေးတွေ ပြောပေးခဲ့ပါဦး။

Photo Credit -newcarsz

သတင်း အရင်းအမြစ်៖ Source – newcarsz

Credit

===================

Zawgyi

တ႐ုတ္ႏိုင္ငံမွာ ေရွးေဟာင္း ရွာေဖြေတြ႕ရွိတဲ့ အထဲမွာ အံ့အားသင့္စရာ ရွာေဖြေတြ႕ရွိမႈႀကီး တစ္ခုရွိခဲ့ပါတယ္။

အဲ့တာကေတာ့ ေရွးေဟာင္း အုတ္ဂူတစ္ဂူကေန ေၾကးနီဒဂၤါးျပား ႏွစ္သန္းေက်ာ္ေလာက္ကို ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။

ဒီေရွးေဟာင္းအုတ္ဂူကို Xinjian ခ႐ိုင္ နန္ခ်န္းၿမိဳ႕ မွာ ေတြ႕ရွိခဲ့တာျဖစ္ၿပီး သက္တမ္းအားျဖင့္ ႏွစ္ေပါင္း ၂၀၀၀ ရွိၿပီလို႔ ဆိုပါတယ္။

ေၾကနီးဒဂၤါးျပားေတြမွာ တ႐ုတ္သေကၤတမ်ား၊ အကၡရာမ်ားႏွင့္ အလယ္ဗဟိုရွိ စတုရန္းအေပါက္တစ္ခုလည္း ပါရွိတာ ျဖစ္ပါတယ္။

Photo Credit -newcarsz

အဲ့ဒီေတြ႕ရွိခဲ့တဲ့ ဒဂၤါးမ်ားရဲ႕ တန္ဖိုးမွာ ယခုေခတ္ေငြေၾကးျဖင့္ ႏႈိင္းယဥ္ၾကည့္မယ္ဆိုရင္ ေပါင္ ၁၀၄,၀၀၀ (ေဒၚလာ ၁၅၇,၃၄၀) ဝန္းက်င္ရွိမယ္လို႔

ကြၽမ္းက်င္သူမ်ားက ခန႔္မွန္းထားၾကပါတယ္။ ဒါ့အျပင္ ဒီအုတ္ဂူဟာ ဘီစီ ၂၀၆ မွ ေအဒီ ၾကားမွာ အုပ္ခ်ဳပ္ခဲ့တဲ့

ဟန္မင္းဆက္ရဲ႕ အႀကီးျမတ္ဆုံးျဖစ္တဲ့ ဧကရာဇ္ဝူရဲ႕ ေျမးေတာ္ လ်ဴဟဲရဲ႕ ေျမးျဖစ္မယ္လို႔လည္း ယုံၾကည္ထားၾကပါတယ္။ အဲ့

တာေၾကာင့္ ရွာေဖြေတြ႕ရွိခဲ့တဲ့ ပစၥည္းေတြဟာ ျမင့္ျမတ္တဲ့ သူေတြပဲ သုံးႏိုင္တဲ့ ေ႐ႊ၊ ေၾကးႏွင့္ သံထည္ပစၥည္း ၁၀,၀၀၀၊

ေခါင္းေလာင္းမ်ားအပါအဝင္ ဝါးညႇပ္မ်ားထည့္သြင္း ျမဳပ္ႏွံထားတာကို ေတြ႕ရွိခဲ့တာပါ။

အဲ့ဒီအုပ္ဂူအျပင္ အျခား သခ်ႋဳင္းရွစ္ခုႏွင့္ ရထားသခ်ႋဳင္းေနရာတစ္ခု႔ကို ေတြ႕ရွိခဲ့ၿပီး တူးေဖာ္မႈကို ငါးႏွစ္ၾကာေလာက္ လုပ္ေဆာင္ခဲ့ရပါတယ္။

ဒီသခ်ႋဳင္းဟာ (၄၃၀,၅၅၀ စတုရန္းေပ (၄၀,၀၀၀ စတုရန္းမီတာ) က်ယ္ဝန္းၿပီး

၉,၆၉၀ ေပ (မီတာ ၉၀၀) နီးပါးရွည္တဲ့ နံရံမ်ားကိုလည္း ေတြ႕ရတယ္လို႔ ဆိုပါတယ္။

တ႐ုတ္လူမ်ိဳးမ်ားဟာ ဘီစီ ၁၂၀၀ ဝန္းက်င္ေလာက္က သူတို႔အသုံးျပဳတဲ့ ‌ေငြေၾကးကို တန္ဖိုးအလြန္နည္းပါးတဲ့

ေၾကးနီဒဂၤါး အေႂကြေစ့မ်ားအသုံးျပဳခဲ့တာ ျဖစ္ပါတယ္။ ေၾကးနီဒဂၤါး အားလုံးကေတာ့ အလယ္မွာ အေပါက္မ်ားေဖာက္ထားတာပါ။

ေႂကြေစ့ေတြကို အလြယ္တကူ ေရတြက္ႏိုင္ေအာင္လည္း ဆယ္ ၊ ရာ ၊ ေထာင္အလိုက္ ႀကိဳးျဖင့္ေဖာက္ခ်ည္ သတ္မွတ္ထားၾကတာ ျဖစ္ပါတယ္။

ဉပမာ – ႀကိဳးတစ္ေခ်ာင္းမွာ အေႂကြေစ့ ၁၀၀၀ ေလာက္ကို ေငြစင္တစ္ေတာင္နဲ႔ တန္တယ္လို႔ ဆိုလိုတာပါ။

ယခုေတြ႕ရွိခဲ့တဲ့ ေငြဒဂၤါးျပားေတြကို ၾကည့္ျခင္းအားျဖင့္ အဲ့ဒီေခတ္တုန္းက ေဒသအတြင္း ကုန္သြယ္ေရး ႏွင့္ ေငြေၾကးမ်ား ေပါႂကြယ္ဝခဲ့တယ္လို႔ ယူဆမိပါတယ္။

သင္တို႔ေရာ ဒီရွာေဖြေတြ႕ရွိခဲ့တဲ့ ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ထင္ျမင္ယူဆခ်က္ေလးေတြ ေျပာေပးခဲ့ပါဦး။

သတင္း အရင္းအျမစ္៖ Source – newcarsz

Credit

Leave a Reply

Your email address will not be published.