ခုရက်ပိုင်း လူတိုင်းသိချင်နေကြတဲ့ “မင်းလေးပါးဆုံ ရွှေတိဂုံကိန်းကျမည်” ဆိုသော တဘောင်၏ အဓိပ္ပါယ်

Knowledge

စွန်းလွန်းဆရာတော်သည် ရဟန္တာဟု ကျော်ကြားသလို ဝန်ကြီးချုပ်ဟောင်း ဦးနု၏ကိုးကွယ်ကြည်ညိုသော ဆရာတော်တစ်ပါးလည်း ဖြစ်လေသည်။

ရဟန္တာဟူသော ပုဂ္ဂိုလ်တို့သည် ရှေ့ဖြစ်လာမည့် အရာများကို သိမြင်နိုင်စွမ်းရှိသလို ပညာဉာဏ် တန်ခိုးများလည်း ပြည်စုံ၏။

ဟုတ်တိုင်း မှန်ရာသာလျှင် မိန့်လေသည်။၁၉၄၈ မှ ၁၉၆၂ အထိ ဝန်ကြီးချုပ်ဖြစ်ခဲ့သောဦးနုသည် ထိုအချိန်ကကျော်ကြားနေသော

(မင်းလေးပါးဆုံ ရွှေတိဂုံကိန်းကျမည့် တဘောင်)အားဆရာတော်ထံ မေးလျှောက်လေသည်။

ဦးနု အမေး။ ။ အရှင်မြတ်ဘုရား ဒီတဘောင်ဟာမြန်မာပြည်မှာ မင်းလေးပါး ပေါ်မှာလား( ဒါမှမဟုတ် )

အာဏာလုပွဲ ဖြစ်မှာလား(ဒါမှမဟုတ် )တခြားတိုင်းပြည်ကမင်းလေးပါး လာဆုံမှာလားဘုရား။

ဆရာတော်အဖြေ။ ။ ဒကာတော်ကြီးဦးနု ထင်သလိုမဟုတ်ပါ။ မစိုးရိမ်ပါနဲ့။ ဒီတဘောင်ဟာ ဆန်းကြယ် နက်နဲလှပါတယ်။

ဒီတဘောင်ရဲ့ ရှေ့ဆက်ဖြစ်လာမယ့် အရာသည် သာသနာနှစ်(၂၆ဝဝ) နားနီး ခရစ်နှစ် (၂ဝ၅ဝ)လောက်မှာ သာသနာပြုမင်း (သမ္မတ)ပေါ်လိမ့်မယ်။

အဲဒီမင်းခေတ်မှာ ကျောက်သံ ပတ္တမြား၊ ရွှေ၊ ငွေ၊ နဝရတ်ကိုးသွယ်တို့ဟာ အင်မတန်မှကို ထွက်ရှိ ပေါကြွယ်လာမယ်။

အဲဒီ နဝရတ် ကိုးသွယ် အဖိုးတန်ရတနာများဖြင့် သာသနာပြုမင်းဟာ ရွှေတိဂုံဘုရားကို အကြီးအကျယ် ထီးတော်တင်လိမ့်မယ်။

ရွှေသားအတိနဲ့ ရွှေသင်္ကန်း ကပ်လိမ့်မယ်။ ပြုပြင်မွန်းမံလိမ့်မယ်။ ထီးတော်တင်ချိန်မှာ ရဟန်းများစွာ ပင့်ဖိတ်ပြီးတင်လိမ့်မယ်။

ထိုထဲမှာ သာသနာပြုမင်း ကိုးကွယ်သော ရဟန္တာဆရာတော် တစ်ပါးလည်း ပါဝင်မယ်။

ထီးတော်တင်ချိန်မှာ သာသနာပြုမင်း၏ ဘုန်းကံကြောင့် သော် လည်းကောင်း၊ရဟန္တာ ဆရာတော်ကို ကြည်ညိုကြသောကြောင့် လည်းကောင်း

လေးဆူဓာတ်ပုံ ရွှေတိဂုံဘုရား၏ တန်ခိုးတော်ကြောင့် သိကြားမင်း၊ နဂါးမင်း၊ ဘီလူးမင်း တို့ဟာ

ရွှေတိဂုံဘုရား အထက် ကောင်းကင်ကနေ လူမမြင်အပ်စေဘဲ လာရောက် ဖူးမြော်ကြမယ်။

(လူမင်း ဘုန်းကြီးသော် နတ်မင်း မနေသာ) ရွှေတိဂုံရင်ပြင်နဲ့ မြေပြင်မှာတော့ သာသနာပြုမင်းနဲ့ ရဟန်းရှင် လူတို့ ပြည့်နေမယ်။

ဝိဇ္ဇာ ပုဂ္ဂိုလ်များလည်း အစုံအညီ ကြွလာကြမယ်။ အဲဒီနေ့ဟာ မကြုံစဖူးထူးကဲတဲ့ နေ့ထူးနေ့မြတ် ဖြစ်တယ်။

ရွှေတိဂုံဘုရားမှာ သိကြားမင်း နဂါးမင်း ဘီလူးမင်း ဘုန်းကံကြီးတဲ့ သာသနာပြုမင်း မင်းလေးပါး ဆုံလိမ့်မယ်။

အဲဒီနေ့မှာ ပူပြင်းလှတဲ့ ရန်ကုန်မြို့တောင် မပူဘဲ နေသာလိမ့်မယ်။

ထီးတော်တင်ပြီးသောအခါ စေတီတော်ကနေ ရောင်ခြည်တော် ကွန့်မြူးမယ်။ ထီးတော်တင်ပြီးလို့ နောက်နေ့မှာ( ၇ )ရက်ဆက်တိုက် မိုးကြီးရွာလိမ့်မယ်။

ထီးတော်တင်ပြီး တစ်ပတ်အကြာမှာ ဆင်ဖြူတော် ခုနှစ်စီး ထွက်ပေါ်လာမယ်။သာသနာတော်ကြီးအရမ်းကို ထွန်းကားလိမ့်မယ်။

ကမ္ဘာအရပ်ရပ်က လူတွေတရား လာလေ့လာကြလိမ့်မယ်။အားထုတ် ကြလိမ့်မယ်။ သာသနာပြု မင်း၏ ကြီးမားသော ဘုန်းကံ

ကြီးမားသော ဉာဏ်အမြော်အမြင် ထက်မြက်သော အရည်အချင်း တို့ကြောင့်မြန်မာပြည်ကြီး အရမ်းတိုးတက် ချမ်းသာလိမ့်မယ်။

ကမ္ဘာမှာ သာသနာပြန့်ပွားပြီး မြန်မာပြည်ဟာ သာသနာထီးဆောင်းတဲ့ နိုင်ငံ ဖြစ်လိမ့်မယ်ဟု

ဝန်ကြီးချုပ်ဦးနုအား ဆရာတော်မှ မိန့်ကြား ဖြေကြားတော်မူလေသည်။

#မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

=======================

Zawgyi

လူတိုင္းသိခ်င္ေသာ “မင္းေလးပါးဆုံ ေ႐ႊတိဂုံကိန္းက်မည္” ဆိုေသာ တေဘာင္၏ အဓိပၸါယ္

စြန္းလြန္းဆရာေတာ္သည္ ရဟႏၲာဟု ေက်ာ္ၾကားသလို ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးႏု၏ကိုးကြယ္ၾကည္ညိဳေသာ ဆရာေတာ္တစ္ပါးလည္း ျဖစ္ေလသည္။

ရဟႏၲာဟူေသာ ပုဂၢိဳလ္တို႔သည္ ေရွ႕ျဖစ္လာမည့္ အရာမ်ားကို သိျမင္ႏိုင္စြမ္းရွိသလို ပညာဉာဏ္ တန္ခိုးမ်ားလည္း ျပည္စုံ၏။

ဟုတ္တိုင္း မွန္ရာသာလွ်င္ မိန႔္ေလသည္။၁၉၄၈ မွ ၁၉၆၂ အထိ ဝန္ႀကီးခ်ဳပ္ျဖစ္ခဲ့ေသာဦးႏုသည္ ထိုအခ်ိန္ကေက်ာ္ၾကားေနေသာ

(မင္းေလးပါးဆုံ ေ႐ႊတိဂုံကိန္းက်မည့္ တေဘာင္)အားဆရာေတာ္ထံ ေမးေလွ်ာက္ေလသည္။

ဦးႏု အေမး။ ။ အရွင္ျမတ္ဘုရား ဒီတေဘာင္ဟာျမန္မာျပည္မွာ မင္းေလးပါး ေပၚမွာလား( ဒါမွမဟုတ္ )

အာဏာလုပြဲ ျဖစ္မွာလား(ဒါမွမဟုတ္ )တျခားတိုင္းျပည္ကမင္းေလးပါး လာဆုံမွာလားဘုရား။

ဆရာေတာ္အေျဖ။ ။ ဒကာေတာ္ႀကီးဦးႏု ထင္သလိုမဟုတ္ပါ။ မစိုးရိမ္ပါနဲ႔။ ဒီတေဘာင္ဟာ ဆန္းၾကယ္ နက္နဲလွပါတယ္။

ဒီတေဘာင္ရဲ႕ ေရွ႕ဆက္ျဖစ္လာမယ့္ အရာသည္ သာသနာႏွစ္(၂၆ဝဝ) နားနီး ခရစ္ႏွစ္ (၂ဝ၅ဝ)ေလာက္မွာ သာသနာျပဳမင္း (သမၼတ)ေပၚလိမ့္မယ္။

အဲဒီမင္းေခတ္မွာ ေက်ာက္သံ ပတၱျမား၊ ေ႐ႊ၊ ေငြ၊ နဝရတ္ကိုးသြယ္တို႔ဟာ အင္မတန္မွကို ထြက္ရွိ ေပါႂကြယ္လာမယ္။

အဲဒီ နဝရတ္ ကိုးသြယ္ အဖိုးတန္ရတနာမ်ားျဖင့္ သာသနာျပဳမင္းဟာ ေ႐ႊတိဂုံဘုရားကို အႀကီးအက်ယ္ ထီးေတာ္တင္လိမ့္မယ္။

ေ႐ႊသားအတိနဲ႔ ေ႐ႊသကၤန္း ကပ္လိမ့္မယ္။ ျပဳျပင္မြန္းမံလိမ့္မယ္။ ထီးေတာ္တင္ခ်ိန္မွာ ရဟန္းမ်ားစြာ ပင့္ဖိတ္ၿပီးတင္လိမ့္မယ္။

ထိုထဲမွာ သာသနာျပဳမင္း ကိုးကြယ္ေသာ ရဟႏၲာဆရာေတာ္ တစ္ပါးလည္း ပါဝင္မယ္။

ထီးေတာ္တင္ခ်ိန္မွာ သာသနာျပဳမင္း၏ ဘုန္းကံေၾကာင့္ ေသာ္ လည္းေကာင္း၊ရဟႏၲာ ဆရာေတာ္ကို ၾကည္ညိဳၾကေသာေၾကာင့္ လည္းေကာင္း

ေလးဆူဓာတ္ပုံ ေ႐ႊတိဂုံဘုရား၏ တန္ခိုးေတာ္ေၾကာင့္ သိၾကားမင္း၊ နဂါးမင္း၊ ဘီလူးမင္း တို႔ဟာ

ေ႐ႊတိဂုံဘုရား အထက္ ေကာင္းကင္ကေန လူမျမင္အပ္ေစဘဲ လာေရာက္ ဖူးေျမာ္ၾကမယ္။

(လူမင္း ဘုန္းႀကီးေသာ္ နတ္မင္း မေနသာ) ေ႐ႊတိဂုံရင္ျပင္နဲ႔ ေျမျပင္မွာေတာ့ သာသနာျပဳမင္းနဲ႔ ရဟန္းရွင္ လူတို႔ ျပည့္ေနမယ္။

ဝိဇၨာ ပုဂၢိဳလ္မ်ားလည္း အစုံအညီ ႂကြလာၾကမယ္။ အဲဒီေန႔ဟာ မႀကဳံစဖူးထူးကဲတဲ့ ေန႔ထူးေန႔ျမတ္ ျဖစ္တယ္။

ေ႐ႊတိဂုံဘုရားမွာ သိၾကားမင္း နဂါးမင္း ဘီလူးမင္း ဘုန္းကံႀကီးတဲ့ သာသနာျပဳမင္း မင္းေလးပါး ဆုံလိမ့္မယ္။

အဲဒီေန႔မွာ ပူျပင္းလွတဲ့ ရန္ကုန္ၿမိဳ႕ေတာင္ မပူဘဲ ေနသာလိမ့္မယ္။

ထီးေတာ္တင္ၿပီးေသာအခါ ေစတီေတာ္ကေန ေရာင္ျခည္ေတာ္ ကြန႔္ျမဴးမယ္။ ထီးေတာ္တင္ၿပီးလို႔ ေနာက္ေန႔မွာ( ၇ )ရက္ဆက္တိုက္ မိုးႀကီး႐ြာလိမ့္မယ္။

ထီးေတာ္တင္ၿပီး တစ္ပတ္အၾကာမွာ ဆင္ျဖဴေတာ္ ခုႏွစ္စီး ထြက္ေပၚလာမယ္။သာသနာေတာ္ႀကီးအရမ္းကို ထြန္းကားလိမ့္မယ္။

ကမာၻအရပ္ရပ္က လူေတြတရား လာေလ့လာၾကလိမ့္မယ္။အားထုတ္ ၾကလိမ့္မယ္။ သာသနာျပဳ မင္း၏ ႀကီးမားေသာ ဘုန္းကံ

ႀကီးမားေသာ ဉာဏ္အေျမာ္အျမင္ ထက္ျမက္ေသာ အရည္အခ်င္း တို႔ေၾကာင့္ျမန္မာျပည္ႀကီး အရမ္းတိုးတက္ ခ်မ္းသာလိမ့္မယ္။

ကမာၻမွာ သာသနာျပန႔္ပြားၿပီး ျမန္မာျပည္ဟာ သာသနာထီးေဆာင္းတဲ့ ႏိုင္ငံ ျဖစ္လိမ့္မယ္ဟု

ဝန္ႀကီးခ်ဳပ္ဦးႏုအား ဆရာေတာ္မွ မိန႔္ၾကား ေျဖၾကားေတာ္မူေလသည္။

#မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Leave a Reply

Your email address will not be published.