ရန်ကုန်မှာ (၁၉) နှစ်အရွယ် မိန်းကလေးက ဖုန်းဆိုင်ကို ဝင်လု (ဒီလိုမျိုးတောင် ဖြစ်နေကြပြီလား)

News

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် သမိုင်း အမှတ် ၁ ရပ်ကွက် ဘုရင့်နောင် ၁၁ လမ်းထိပ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ဖုန်းလုပြေးတဲ့ ဖြစ်ရပ်တစ်ခု

ယနေ့ကြုံတွေ့ခဲ့ပြီး ဖုန်းလုပြေးသူတွေကို လိုက်ဖမ်းတဲ့အခါ မိန်းကလေး တစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့

ဒေသခံတွေက လူမှုကွန်ရက်မှာ ပြောဆိုနေကြတယ်လို့ သိရပါတယ်။

အဆိုပါ ဖုန်းဆိုင်မှ ဖုန်းနှစ်လုံးကို လုယူ၍ ထွက်ပြေးသူသုံးဦးမှာ ယောကျ်ားလေးနှစ်ဦးနဲ့ မိန်းကလေး တစ်ဦးတို့ ဖြစ်ကြပြီး

ဖမ်းဆီးရမိတဲ့မိန်းကလေးကို စစ်ဆေးကြတဲ့အခါ အသက် ၁၉ နှစ် အရွယ်သာ ရှိသေးတဲ့ မစုယမင်းထွဋ် (ခ) မစုမြတ်ထူး ဆိုသူဖြစ်တယ်လို့ သိရပြီး

မောင်ဉာဏ်လင်းထွန်းဆိုသူနဲ့ အမည်စုံစမ်းဆဲ ယောကျ်ားလေးတစ်ဦးတို့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

ထိုလုယူထွက်ပြေးခံရတဲ့ ဖုန်းနှစ်လုံးဟာ ပြန်ရပေမယ့် ပြေးရင်းနဲ့ပျက်စီးသွားတယ်လို့ ဆိုကြပြီး

တန်ဖိုးအားဖြင့် ကျပ် ခုနစ်သိန်းကျော် ဆုံးရှုံးခဲ့တယ်လို့လည်း မိုဘိုင်းဖုန်းဆိုင်ဘက်က ဆိုထားပါတယ်။

ထိုသို့သော အလစ်သုတ်မှုဖြစ်ရပ်တွေဟာ ရန်ကုန်မြို့က မြို့နယ်အများအပြားမှာဖြစ်ပွားနေပြီး အုပ်စုလိုက် လုပ်ဆောင် တာတွေဖြစ်လာပါတယ်။

ယခင်က လုယက်မှု ကျူးလွန်သူတွေဟာ အများအားဖြင့် ယောက်ျားလေးများသာ ပြုလုပ်လေ့ ရှိပြီး

ယခုအချိန်မှာတော့ ထူးထူးဆန်းဆန်း ငယ်ရွယ်နုနယ်တဲ့ (၁၉) နှစ်အရွယ် မိန်းကလေး ဖြစ်နေတာကြောင့် အားလုံးက အံ့ဩနေကြတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည် စီးပွားရေး ပြိုလဲသွားပြီး အလုပ်အကိုင် ရှားပါးမှု၊ ဝင်ငွေ လျော့ကျလာမှုတွေ ဖြစ်ပွားလာကာ

ခိုးဆိုးလုနှိုက် ဖြစ်စဉ်များ အများအပြား ဖြစ်ပွားလာတာကြောင့် ပြည်သူတွေအနေနဲ့ စိုးရိမ် ထိတ်လန့်မှုတွေ ဖြစ်နေကြပါတယ်။

ယခုလို မိန်းကလေးငယ်တွေပါ လုယက်မှုထဲ ပါလာတာဟာ ဝမ်းနည်းဖို့ ကောင်းတယ်လို့ ပြည်သူတွေက မှတ်ချက်ချနေကြပါတယ်။

Credit

=====================

Zawgyi

ရန္ကုန္ၿမိဳ႕၊ မရမ္းကုန္းၿမိဳ႕နယ္ သမိုင္း အမွတ္ ၁ ရပ္ကြက္ ဘုရင့္ေနာင္ ၁၁ လမ္းထိပ္က ဖုန္းဆိုင္တစ္ဆိုင္မွာ ဖုန္းလုေျပးတဲ့ ျဖစ္ရပ္တစ္ခု

ယေန႔ႀကဳံေတြ႕ခဲ့ၿပီး ဖုန္းလုေျပးသူေတြကို လိုက္ဖမ္းတဲ့အခါ မိန္းကေလး တစ္ဦးကို ဖမ္းဆီးရမိခဲ့တယ္လို႔

ေဒသခံေတြက လူမႈကြန္ရက္မွာ ေျပာဆိုေနၾကတယ္လို႔ သိရပါတယ္။

အဆိုပါ ဖုန္းဆိုင္မွ ဖုန္းႏွစ္လုံးကို လုယူ၍ ထြက္ေျပးသူသုံးဦးမွာ ေယာက်္ားေလးႏွစ္ဦးနဲ႔ မိန္းကေလး တစ္ဦးတို႔ ျဖစ္ၾကၿပီး

ဖမ္းဆီးရမိတဲ့မိန္းကေလးကို စစ္ေဆးၾကတဲ့အခါ အသက္ ၁၉ ႏွစ္ အ႐ြယ္သာ ရွိေသးတဲ့ မစုယမင္းထြဋ္ (ခ) မစုျမတ္ထူး ဆိုသူျဖစ္တယ္လို႔ သိရၿပီး

ေမာင္ဉာဏ္လင္းထြန္းဆိုသူနဲ႔ အမည္စုံစမ္းဆဲ ေယာက်္ားေလးတစ္ဦးတို႔ ထြက္ေျပးလြတ္ေျမာက္သြားတယ္လို႔ ဆိုပါတယ္။

ထိုလုယူထြက္ေျပးခံရတဲ့ ဖုန္းႏွစ္လုံးဟာ ျပန္ရေပမယ့္ ေျပးရင္းနဲ႔ပ်က္စီးသြားတယ္လို႔ ဆိုၾကၿပီး

တန္ဖိုးအားျဖင့္ က်ပ္ ခုနစ္သိန္းေက်ာ္ ဆုံးရႈံးခဲ့တယ္လို႔လည္း မိုဘိုင္းဖုန္းဆိုင္ဘက္က ဆိုထားပါတယ္။

ထိုသို႔ေသာ အလစ္သုတ္မႈျဖစ္ရပ္ေတြဟာ ရန္ကုန္ၿမိဳ႕က ၿမိဳ႕နယ္အမ်ားအျပားမွာျဖစ္ပြားေနၿပီး အုပ္စုလိုက္ လုပ္ေဆာင္ တာေတြျဖစ္လာပါတယ္။

ယခင္က လုယက္မႈ က်ဴးလြန္သူေတြဟာ အမ်ားအားျဖင့္ ေယာက္်ားေလးမ်ားသာ ျပဳလုပ္ေလ့ ရွိၿပီး

ယခုအခ်ိန္မွာေတာ့ ထူးထူးဆန္းဆန္း ငယ္႐ြယ္ႏုနယ္တဲ့ (၁၉) ႏွစ္အ႐ြယ္ မိန္းကေလး ျဖစ္ေနတာေၾကာင့္ အားလုံးက အံ့ဩေနၾကတယ္လို႔ သိရပါတယ္။

စစ္အာဏာသိမ္းမႈေၾကာင့္ တိုင္းျပည္ စီးပြားေရး ၿပိဳလဲသြားၿပီး အလုပ္အကိုင္ ရွားပါးမႈ၊ ဝင္ေငြ ေလ်ာ့က်လာမႈေတြ ျဖစ္ပြားလာကာ

ခိုးဆိုးလုႏႈိက္ ျဖစ္စဥ္မ်ား အမ်ားအျပား ျဖစ္ပြားလာတာေၾကာင့္ ျပည္သူေတြအေနနဲ႔ စိုးရိမ္ ထိတ္လန႔္မႈေတြ ျဖစ္ေနၾကပါတယ္။

ယခုလို မိန္းကေလးငယ္ေတြပါ လုယက္မႈထဲ ပါလာတာဟာ ဝမ္းနည္းဖို႔ ေကာင္းတယ္လို႔ ျပည္သူေတြက မွတ္ခ်က္ခ်ေနၾကပါတယ္။

Credit

Leave a Reply

Your email address will not be published.