မြေကြီးအောက်မှာ ငရဲပြည်မရှိတဲ့ ကမ္ဘာကြီးနဲ့ ငလျင်လှုပ်ရခြင်း အကြောင်းရင်း

Knowledge

ကမ္ဘာ့ ​ကျောက်လွှာချပ်ကြီးများ၊ ကျ​နော်တို့ လူသား​တွေဟာ ကမ္ဘာ​မြေကြီး​အပေါ် (ကမ္ဘာ့​လေထုရဲ့​အောက်) မှာ

ရှင်သန်​နေထိုင်ကြတဲ့ ဇီဝသက်ရှိများပဲဖြစ်ပါတယ်။ ကျ​နော်တို့ မမြင်ရတဲ့ ကမ္ဘာ​မြေကြီးရဲ့​အောက်ထဲမှာ​တော့..

အင်မတန်ပူပြင်းပြီး ​ပြောင်းလဲလှုပ်ရှားမှု​တွေ ပြင်းထန်တဲ့ ကမ္ဘာ့အတွင်းပိုင်း ​ကျောက်သား၊ ​ကျောက်ရည်ပူ​တွေ ရှိ​နေပါတယ်။

ဒီ​နေရာ​တွေကို အလွှာလိုက်ခွဲခြားပြီး သိပ္ပံပညာရှင်များ ​လေ့လာ​တွေ့ရှိ​ဖော်ထုတ်ကာ

အ​​ခြေခံပညာ ပထဝီ နဲ့ သိပ္ပံဘာသာရပ်​တွေမှာ သင်ကြားကြပါတယ်။

အတွင်းဆုံးကျတဲ့ ​နေရာမှာ ​နေရဲ့ မျက်နှာပြင်အပူချိန်နဲ့ တူညီ​သော အတွင်းအနှစ်ပိုင်း (Core) ရှိပါတယ်။

သံ၊ နီကယ်တို့ အဓိကပါဝင်ပြီး သိပ်သည်း​လေးလံလွန်းလို့ အစိုင်အခဲ (ချပ်ခဲ) ပုံစံအဖြစ် တည်ရှိပါတယ်။

အနှစ်ပိုင်းရဲ့ အ​ပေါ်က ခြုံလွှာ (တနည်း) ကြားလွှာ (Mantle) မှာ​တော့ ​ကျောက်ရည်ပူ​တွေ များစွာ ​ရွေ့လျားစီးဆင်း ​နေကြပါတယ်။

မီးဖို​ပေါ်က ​ရေ​နွေးအိုးတစ်ခုလိုပါပဲ။ ​အောက်ကအပူ​ကြောင့် ထက်​အောက်လှည့်လည်ပြီး အပူစီးကူးကြပါတယ်။

ထိုကြားလွှာရဲ့ အ​ပေါ်မှာ​တော့.. မာ​ကျော​သော ​ကျောက်လွှာ (Lithosphere) ရှိပြီး ပင်လယ်၊ သမုဒ္ဒရာ နဲ့

ကျ​နော်တို့ ​နေထိုင်တဲ့ ​မြေပြင်၊ ​တောင်တန်း​တွေ ရှိကြပါတယ်။ ​ကျောက်လွှာ (Lithosphere) ဟာ စင်းလုံး​ချောတစ်ခု မဟုတ်ပဲ

ပပ်ကြားအက်​ကြောင်း​တွေနဲ့ အစိတ်အပိုင်း​တွေကွဲပြီး တစ်ခုနှင့်တစ်ခု ထိစပ်​နေကြတာ ဖြစ်ပါတယ်။

ထို အစိတ်အပိုင်း​တွေကို ​ကျောက်လွှာချပ် (Tectonic plates) ​တွေလို့ ​ခေါ်ပါတယ်။

ထိုအစိတ်အပိုင်း (​ကျောက်လွှာချပ်) များဟာ ​​အောက်ခံ ကြားလွှာမှာရှိတဲ့ ​​ကျောက်ရည်ပူတွေ (အပူစီးကူးခြင်း​ကြောင့်) ​

ရွေ့လျားတွန်းကန်ရာမှ.. လှုပ်ရှား​ပြောင်းလဲခြင်းများ ဖြစ်​ပေါ်တတ်ကြပါတယ်။

ထိုသို့ လှုပ်ရှားခြင်းကို ငလျင်လှုပ်ခြင်း (Earthquake) လို့ သတ်မှတ်ပြီး လှုပ်ရှား​ပြောင်းလဲမှုများကြောင့်.. ​

မြေမျက်နှာပြင် သွင်ပြင်များလည်း ​ပြောင်းလဲတတ်ပါတယ်။

ဥပမာ.. ​ကျောက်လွှာ​တွေ တစ်ခုနှင့်တစ်ခု ချဉ်းဝင် (ပူးထပ်) (Convergent) ဖြစ်ကြတဲ့အခါ (လွှာတွန့်) ​တောင်​တွေ ဖြစ်လာကြပါတယ်။ ​

ကျောက်လွှာ​တွေ ခွဲထွက် (ကွဲအက်) (Divergent) ဖြစ်ကြတဲ့အခါ ချိုင့်ဝှမ်း​တွေ ဖြစ်လာကြပြီး

အနိမ့်ပိုင်းထဲကို ​ရေ​တွေ ဝင်​ရောက်စီးဆင်းကြတဲ့အခါ မြစ်၊ ​ချောင်း၊ အင်း၊ အိုင်​တွေ ဖြစ်လာကြပါတယ်။

တခါ.. ​ဘေးတိုက် ပွတ်တိုက် ​ရွေ့လျားခြင်း (Transform) ဖြစ်ကြတဲ့အခါ ပြတ်​ရွေ့​ကြောင်း​တွေ ဖြစ်လာကြပါတယ်။

Divergent ကွဲထွက်ခြင်း​ကြောင့် ​ကျောက်ရည်ပူ​တွေ အက်ကွဲ​ကြောင်းတ​လျောက် စု​ဝေးတက်လာကြတဲ့အခါ

မီး​တောင်​ပေါက်ကွဲခြင်း​တွေ ဖြစ်လာပါတယ်။ မြန်မာနိုင်ငံနဲ့ ထိစပ်​နေတဲ့ ​ကျောက်လွှာချပ်ကို Burma (micro) plate လို့ သတ်မှတ်ထားပြီး

အက်ဒီမန် ပင်လယ်ထဲမှာ ရှိပါတယ်။ Ring of fire လို့​ခေါ်တဲ့ မီး​တောင်ပတ်လမ်း (ပစိဖိတ်) နှင့် တွဲဆက်​နေပါတယ်။

တနည်းအားဖြင့်.. လှုပ်ရှားကွဲထွက်​နေတဲ့. ​ကျောက်လွှာချပ်ငယ် တစ်ခုပဲ ဖြစ်ပါ​တော့တယ်..။

အနာဂတ်ပညာ​ရေးအတွက်.. သန့်ဦး (အာကာသနှင့် စကြဝဠာ သင်​ထောက်ကူ)

Credit

==============

Zawgyi

ကမာၻ႔ ​ေက်ာက္လႊာခ်ပ္ႀကီးမ်ား၊ က်​ေနာ္တို႔ လူသား​ေတြဟာ ကမာၻ​ေျမႀကီး​အေပၚ (ကမာၻ႔​ေလထုရဲ႕​ေအာက္) မွာ

ရွင္သန္​ေနထိုင္ၾကတဲ့ ဇီဝသက္ရွိမ်ားပဲျဖစ္ပါတယ္။ က်​ေနာ္တို႔ မျမင္ရတဲ့ ကမာၻ​ေျမႀကီးရဲ႕​ေအာက္ထဲမွာ​ေတာ့..

အင္မတန္ပူျပင္းၿပီး ​ေျပာင္းလဲလႈပ္ရွားမႈ​ေတြ ျပင္းထန္တဲ့ ကမာၻ႔အတြင္းပိုင္း ​ေက်ာက္သား၊ ​ေက်ာက္ရည္ပူ​ေတြ ရွိ​ေနပါတယ္။

ဒီ​ေနရာ​ေတြကို အလႊာလိုက္ခြဲျခားၿပီး သိပၸံပညာရွင္မ်ား ​ေလ့လာ​ေတြ႕ရွိ​ေဖာ္ထုတ္ကာ

အ​​ေျခခံပညာ ပထဝီ နဲ႔ သိပၸံဘာသာရပ္​ေတြမွာ သင္ၾကားၾကပါတယ္။

အတြင္းဆုံးက်တဲ့ ​ေနရာမွာ ​ေနရဲ႕ မ်က္ႏွာျပင္အပူခ်ိန္နဲ႔ တူညီ​ေသာ အတြင္းအႏွစ္ပိုင္း (Core) ရွိပါတယ္။

သံ၊ နီကယ္တို႔ အဓိကပါဝင္ၿပီး သိပ္သည္း​ေလးလံလြန္းလို႔ အစိုင္အခဲ (ခ်ပ္ခဲ) ပုံစံအျဖစ္ တည္ရွိပါတယ္။

အႏွစ္ပိုင္းရဲ႕ အ​ေပၚက ၿခဳံလႊာ (တနည္း) ၾကားလႊာ (Mantle) မွာ​ေတာ့ ​ေက်ာက္ရည္ပူ​ေတြ မ်ားစြာ ​ေ႐ြ႕လ်ားစီးဆင္း ​ေနၾကပါတယ္။

မီးဖို​ေပၚက ​ေရ​ေႏြးအိုးတစ္ခုလိုပါပဲ။ ​ေအာက္ကအပူ​ေၾကာင့္ ထက္​ေအာက္လွည့္လည္ၿပီး အပူစီးကူးၾကပါတယ္။

ထိုၾကားလႊာရဲ႕ အ​ေပၚမွာ​ေတာ့.. မာ​ေက်ာ​ေသာ ​ေက်ာက္လႊာ (Lithosphere) ရွိၿပီး ပင္လယ္၊ သမုဒၵရာ နဲ႔

က်​ေနာ္တို႔ ​ေနထိုင္တဲ့ ​ေျမျပင္၊ ​ေတာင္တန္း​ေတြ ရွိၾကပါတယ္။ ​ေက်ာက္လႊာ (Lithosphere) ဟာ စင္းလုံး​ေခ်ာတစ္ခု မဟုတ္ပဲ

ပပ္ၾကားအက္​ေၾကာင္း​ေတြနဲ႔ အစိတ္အပိုင္း​ေတြကြဲၿပီး တစ္ခုႏွင့္တစ္ခု ထိစပ္​ေနၾကတာ ျဖစ္ပါတယ္။

ထို အစိတ္အပိုင္း​ေတြကို ​ေက်ာက္လႊာခ်ပ္ (Tectonic plates) ​ေတြလို႔ ​ေခၚပါတယ္။

ထိုအစိတ္အပိုင္း (​ေက်ာက္လႊာခ်ပ္) မ်ားဟာ ​​ေအာက္ခံ ၾကားလႊာမွာရွိတဲ့ ​​ေက်ာက္ရည္ပူေတြ (အပူစီးကူးျခင္း​ေၾကာင့္) ​

ေ႐ြ႕လ်ားတြန္းကန္ရာမွ.. လႈပ္ရွား​ေျပာင္းလဲျခင္းမ်ား ျဖစ္​ေပၚတတ္ၾကပါတယ္။

ထိုသို႔ လႈပ္ရွားျခင္းကို ငလ်င္လႈပ္ျခင္း (Earthquake) လို႔ သတ္မွတ္ၿပီး လႈပ္ရွား​ေျပာင္းလဲမႈမ်ားေၾကာင့္.. ​

ေျမမ်က္ႏွာျပင္ သြင္ျပင္မ်ားလည္း ​ေျပာင္းလဲတတ္ပါတယ္။

ဥပမာ.. ​ေက်ာက္လႊာ​ေတြ တစ္ခုႏွင့္တစ္ခု ခ်ဥ္းဝင္ (ပူးထပ္) (Convergent) ျဖစ္ၾကတဲ့အခါ (လႊာတြန္႔) ​ေတာင္​ေတြ ျဖစ္လာၾကပါတယ္။ ​

ေက်ာက္လႊာ​ေတြ ခြဲထြက္ (ကြဲအက္) (Divergent) ျဖစ္ၾကတဲ့အခါ ခ်ိဳင့္ဝွမ္း​ေတြ ျဖစ္လာၾကၿပီး

အနိမ့္ပိုင္းထဲကို ​ေရ​ေတြ ဝင္​ေရာက္စီးဆင္းၾကတဲ့အခါ ျမစ္၊ ​ေခ်ာင္း၊ အင္း၊ အိုင္​ေတြ ျဖစ္လာၾကပါတယ္။

တခါ.. ​ေဘးတိုက္ ပြတ္တိုက္ ​ေ႐ြ႕လ်ားျခင္း (Transform) ျဖစ္ၾကတဲ့အခါ ျပတ္​ေ႐ြ႕​ေၾကာင္း​ေတြ ျဖစ္လာၾကပါတယ္။

Divergent ကြဲထြက္ျခင္း​ေၾကာင့္ ​ေက်ာက္ရည္ပူ​ေတြ အက္ကြဲ​ေၾကာင္းတ​ေလ်ာက္ စု​ေဝးတက္လာၾကတဲ့အခါ

မီး​ေတာင္​ေပါက္ကြဲျခင္း​ေတြ ျဖစ္လာပါတယ္။ ျမန္မာႏိုင္ငံနဲ႔ ထိစပ္​ေနတဲ့ ​ေက်ာက္လႊာခ်ပ္ကို Burma (micro) plate လို႔ သတ္မွတ္ထားၿပီး

အက္ဒီမန္ ပင္လယ္ထဲမွာ ရွိပါတယ္။ Ring of fire လို႔​ေခၚတဲ့ မီး​ေတာင္ပတ္လမ္း (ပစိဖိတ္) ႏွင့္ တြဲဆက္​ေနပါတယ္။

တနည္းအားျဖင့္.. လႈပ္ရွားကြဲထြက္​ေနတဲ့. ​ေက်ာက္လႊာခ်ပ္ငယ္ တစ္ခုပဲ ျဖစ္ပါ​ေတာ့တယ္..။

အနာဂတ္ပညာ​ေရးအတြက္.. သန္႔ဦး (အာကာသႏွင့္ စၾကဝဠာ သင္​ေထာက္ကူ)

Credit

Leave a Reply

Your email address will not be published.