ကမ္ဘာ့ သရဲအခြောက်ဆုံးလမ်းမကြီးများ
1. A 75 Scotland က Kinmont Straight
လွန်ခဲ့တဲ့ ဆယ်စုနှစ် ငါးစုလောက်ကစပြီး ဒီ South West Scotland လမ်းမှာ သရဲတွေကို တွေ့မြင်ရတဲ့ သတင်းတွေ အများကြီး ထွက်လာတဲ့အတွက် ဒီလမ်းကို သရဲလမ်းမကြီးလို့ နာမည်ပေးခံထားရပြီး Scotland မှာသရဲ အခြောက်ဆုံးလမ်းအဖြစ် နာမည်ကြီးပါတယ်။




အဲဒီလမ်းမှာ ကားမောင်း နေရင်းကားရှေ့မှာ လူတွေဘွားခနဲ ပေါ်လာတာမျိုးတွေရှိပြီး ချက်ချင်းပြန်ပျောက်သွားကာ ကားမောင်းတဲ့သူတွေ လန့်ဖျပ်အောင် လုပ်တတ်တဲ့ လမ်းအဖြစ် နာမည်ကြီးပါတယ်။
2. Pennsylvania
US က Kelly လမ်းမ
Cult (အရာတစ်ခုခုကို သတ်သတ်မှတ်မှတ်ထားကိုးကွယ်တဲ့ဂိုဏ်း) ဆိုင်ရာ ဆောင်ရွက်ချက်တွေလုပ်ဆောင်ခဲ့ဖူးတဲ့ နယ်မြေပေါ်မှာဖြတ်သန်းသွားတဲ့ တစ်မိုင်အရှည်ရှိ Kelly လမ်းမ ကိုလျှို့ဝှက်ဆန်းကြယ်မိုင်လို့ ခေါ်ကြပြီး ကျိန်စာသင့်နေတဲ့ လမ်းမကြီးလို့ ပြောကြပါတယ်။
ညဘက် တစ်ယောက်တည်း ကားမောင်းလာတဲ့သူတွေဆို အဲဒီနေရာထဲ ဝင်လာတာနဲ့ တိရစ္ဆာန်တွေက ရက်စက်ကြမ်းကြုတ်လာပြီး တိရိစ္ဆာန်အချင်းချင်းနဲ့ လူတွေကိုပါ နောက်ကနေ တရကြမ်းလိုက်တာကို တွေ့မြင်ကြရတယ်လို့ဆိုပါတယ်။




ဒါ့အပြင် အဲဒီနားက အိမ်တွေရဲ့ နောက်ဖေးခြံတွေမှာ လမ်းလျှောက်နေတဲ့ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ အဝတ်အစားဝတ်ထားပြီး ချောက်ချားဖွယ်ရာ မှိန်ပြပြ အလင်းဖြူ တွေဖြာထွက်နေတဲ့ကလေးတစ်ယောက်ကိုလည်းတွေ့မြင်ကြရတယ်လို့ဆိုပါတယ်။
3. Missouri
US က နတ်ဆိုးစင်္ကြံ
အဲဒီနေရာမှာ ညနေစောင်းတိုင်း သစ်ပင်တွေကြားထဲကနေ အလင်းလုံး တစ်လုံး ထွက်လာတတ်တယ်လို့ဆိုပါတယ်။ အဲဒီအလင်းလုံးဟာ များသောအားဖြင့်အစိမ်းရောင် ရှိပေမယ့် အရွယ်အစားအမျိုးမျိုး အရောင်အမျိုးမျိုးနဲ့လည်း တွေ့ရတတ်ပါသေးတယ်။




ဒီသဘာဝလွန်ဖြစ်ရပ် ပေါ်ပေါက်လာပုံ မူလအစကတော့ နူးညံ့ချိုမြိန်လှပါတယ်။ ဒဏ္ဍာရီအရ အဲဒီအလင်းလုံးတွေဟာ Native American ချစ်သူနှစ်ဦးရဲ့ဝိညာဉ်တွေဖြစ်ပြီး ပြန်လည်တွေ့ဆုံနိုင်ဖို့အတွက် တစ်ဦးကို တစ်ဦး လိုက်ရှာနေကြတာလို့ ဆိုပါတယ်။
4. Ohio
US က လူသေကောင်အကွေ့
ဒီအကွေ့ရဲ့ ထောင့်ချိုးက ရုတ်တရက်ကြီးကွေ့ရတဲ့နေရာဖြစ်ပြီး လူ့အသက်ပေါင်းများစွာကို နုတ်ယူပစ်ခဲ့တဲ့နေရာတစ်ခုဖြစ်လို့ ဒီလို လန့်စရာနာမည်ကြီးရလာခဲ့တာဖြစ်ပါတယ်။ ၁၉၆၉ ခုနှစ်မှာ ဆယ်ကျော်သက်ငါးယောက် ကားအက်စီးဒင့်ဖြစ်ပြီး အဲဒီနေရာမှာ ပွဲချင်းပြီးသွားခဲ့ပါတယ်။




တစ်ဦးထဲသော ရှင်ကျန်သူ ဖြစ်တဲ့ ခရီးသည် ပြောပြတာကတော့ အဲဒီနောက်ပိုင်းမှာ ကားကြုံစီးခရီးသည် သရဲကို ငါးကြိမ်တိုင်တိုင် မြင်ခဲ့ရပြီး သူ့မှာ မျက်နှာရယ်လို့မရှိဘဲ ပြားပြားနဲ့ ဗလာကျင်းဖြစ်နေတဲ့ မျက်နှာပြင်ကြီးသာရှိနေပြီးတော့ လမ်းနံဘေးကို ဖြည်းညင်းစွာလျှောက်သွားပြီးတဲ့နောက် ရုတ်တရက်ကြီး ပျောက်ကွယ် သွားတာကို တွေ့မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက်ပိုင်းမှာ ၁၉၆၉ ခုနှစ် အက်စီးဒင့်တုံးက ဆုံးသွားတဲ့သူတွေစီးခဲ့တဲ့ကားကို မြင်ရတဲ့သူတွေရှိပြီးတော့ လွန်ခဲ့တဲ့ ရာစုနှစ်ကျော်တုံးက လမ်းဘေးမှာ ပြုတ်ကျခဲ့တဲ့ ရှေးဟောင်း ကုန်စည် စလှယ်တွေကိုတွေ့မြင်ရတာတွေလည်းရှိတယ်လို့ဆိုပါတယ်။
5. England က Stocksbridge bypass
၁၉၈၉ မှာတည်ဆောက်ပြီးစီးခဲ့တဲ့ ဒီလမ်းဟာ တော်တော့်ကိုကျောချမ်းစရာအဖြစ်အပျက်တွေအများကြီး ဖြစ်ပျက်ခဲ့တဲ့ နေရာတစ်ခုအဖြစ် နာမည ကြီးပါတယ်။ အဲ့ဒီတံတားအောက်ဘက်မှာ ညဘက် ညဉ့်နက်ကြီး ကလေးတွေ ကစားနေတာကို တွေ့ရတဲ့အပြင် ဘုန်းကြီး တစ်ပါး ကိုပါ ရံဖန်ရံခါ တွေ့ရတတ်သေးတယ်လို့ဆိုပါတယ်။




များသောအားဖြင့်တော့ အဲဒီဘုန်းကြီးကို လမ်းပေါ်မှာ တွေ့တတ်ပေမယ့် တခါတစ်ရံဆိုရင် ကားထဲက ခရီးသည်တွေဘေးမှာ ငုတ်ထုတ်ကြီးထိုင်နေတာကို ဘွားခနဲ တွေ့ ရတတ်ပါတယ်။
Writer – Ethena (ကားသတင်းစုံ)
လေးစားစွာ Creditပေးပါသည်။
Zawgyi ဖြင့်ဖတ်ရန်
ကမာၻ႔ သရဲအေျခာက္ဆုံးလမ္းမႀကီးမ်ား
1. A 75 Scotland က Kinmont Straight
လြန္ခဲ့တဲ့ ဆယ္စုႏွစ္ ငါးစုေလာက္ကစၿပီး ဒီ South West Scotland လမ္းမွာ သရဲေတြကို ေတြ႕ျမင္ရတဲ့ သတင္းေတြ အမ်ားႀကီး ထြက္လာတဲ့အတြက္ ဒီလမ္းကို သရဲလမ္းမႀကီးလို႔ နာမည္ေပးခံထားရၿပီး Scotland မွာသရဲ အေျခာက္ဆုံးလမ္းအျဖစ္ နာမည္ႀကီးပါတယ္။
အဲဒီလမ္းမွာ ကားေမာင္း ေနရင္းကားေရွ႕မွာ လူေတြဘြားခနဲ ေပၚလာတာမ်ိဳးေတြရွိၿပီး ခ်က္ခ်င္းျပန္ေပ်ာက္သြားကာ ကားေမာင္းတဲ့သူေတြ လန႔္ဖ်ပ္ေအာင္ လုပ္တတ္တဲ့ လမ္းအျဖစ္ နာမည္ႀကီးပါတယ္။




2. Pennsylvania
US က Kelly လမ္းမ
Cult (အရာတစ္ခုခုကို သတ္သတ္မွတ္မွတ္ထားကိုးကြယ္တဲ့ဂိုဏ္း) ဆိုင္ရာ ေဆာင္႐ြက္ခ်က္ေတြလုပ္ေဆာင္ခဲ့ဖူးတဲ့ နယ္ေျမေပၚမွာျဖတ္သန္းသြားတဲ့ တစ္မိုင္အရွည္ရွိ Kelly လမ္းမ ကိုလွ်ိဳ႕ဝွက္ဆန္းၾကယ္မိုင္လို႔ ေခၚၾကၿပီး က်ိန္စာသင့္ေနတဲ့ လမ္းမႀကီးလို႔ ေျပာၾကပါတယ္။
ညဘက္ တစ္ေယာက္တည္း ကားေမာင္းလာတဲ့သူေတြဆို အဲဒီေနရာထဲ ဝင္လာတာနဲ႔ တိရစာၦန္ေတြက ရက္စက္ၾကမ္းၾကဳတ္လာၿပီး တိရိစာၦန္အခ်င္းခ်င္းနဲ႔ လူေတြကိုပါ ေနာက္ကေန တရၾကမ္းလိုက္တာကို ေတြ႕ျမင္ၾကရတယ္လို႔ဆိုပါတယ္။
ဒါ့အျပင္ အဲဒီနားက အိမ္ေတြရဲ႕ ေနာက္ေဖးၿခံေတြမွာ လမ္းေလွ်ာက္ေနတဲ့ ေဟာင္းႏြမ္းစုတ္ျပတ္ေနတဲ့ အဝတ္အစားဝတ္ထားၿပီး ေခ်ာက္ခ်ားဖြယ္ရာ မွိန္ျပျပ အလင္းျဖဴ ေတြျဖာထြက္ေနတဲ့ကေလးတစ္ေယာက္ကိုလည္းေတြ႕ျမင္ၾကရတယ္လို႔ဆိုပါတယ္။




3. Missouri
US က နတ္ဆိုးစႀကႍ
အဲဒီေနရာမွာ ညေနေစာင္းတိုင္း သစ္ပင္ေတြၾကားထဲကေန အလင္းလုံး တစ္လုံး ထြက္လာတတ္တယ္လို႔ဆိုပါတယ္။ အဲဒီအလင္းလုံးဟာ မ်ားေသာအားျဖင့္အစိမ္းေရာင္ ရွိေပမယ့္ အ႐ြယ္အစားအမ်ိဳးမ်ိဳး အေရာင္အမ်ိဳးမ်ိဳးနဲ႔လည္း ေတြ႕ရတတ္ပါေသးတယ္။
ဒီသဘာဝလြန္ျဖစ္ရပ္ ေပၚေပါက္လာပုံ မူလအစကေတာ့ ႏူးညံ့ခ်ိဳၿမိန္လွပါတယ္။ ဒ႑ာရီအရ အဲဒီအလင္းလုံးေတြဟာ Native American ခ်စ္သူႏွစ္ဦးရဲ႕ဝိညာဥ္ေတြျဖစ္ၿပီး ျပန္လည္ေတြ႕ဆုံႏိုင္ဖို႔အတြက္ တစ္ဦးကို တစ္ဦး လိုက္ရွာေနၾကတာလို႔ ဆိုပါတယ္။
4. Ohio
US က လူေသေကာင္အေကြ႕
ဒီအေကြ႕ရဲ႕ ေထာင့္ခ်ိဳးက ႐ုတ္တရက္ႀကီးေကြ႕ရတဲ့ေနရာျဖစ္ၿပီး လူ႔အသက္ေပါင္းမ်ားစြာကို ႏုတ္ယူပစ္ခဲ့တဲ့ေနရာတစ္ခုျဖစ္လို႔ ဒီလို လန႔္စရာနာမည္ႀကီးရလာခဲ့တာျဖစ္ပါတယ္။ ၁၉၆၉ ခုႏွစ္မွာ ဆယ္ေက်ာ္သက္ငါးေယာက္ ကားအက္စီးဒင့္ျဖစ္ၿပီး အဲဒီေနရာမွာ ပြဲခ်င္းၿပီးသြားခဲ့ပါတယ္။




တစ္ဦးထဲေသာ ရွင္က်န္သူ ျဖစ္တဲ့ ခရီးသည္ ေျပာျပတာကေတာ့ အဲဒီေနာက္ပိုင္းမွာ ကားႀကဳံစီးခရီးသည္ သရဲကို ငါးႀကိမ္တိုင္တိုင္ ျမင္ခဲ့ရၿပီး သူ႔မွာ မ်က္ႏွာရယ္လို႔မရွိဘဲ ျပားျပားနဲ႔ ဗလာက်င္းျဖစ္ေနတဲ့ မ်က္ႏွာျပင္ႀကီးသာရွိေနၿပီးေတာ့ လမ္းနံေဘးကို ျဖည္းညင္းစြာေလွ်ာက္သြားၿပီးတဲ့ေနာက္ ႐ုတ္တရက္ႀကီး ေပ်ာက္ကြယ္ သြားတာကို ေတြ႕ျမင္ခဲ့ရတယ္လို႔ ဆိုပါတယ္။
အဲ့ဒီေနာက္ပိုင္းမွာ ၁၉၆၉ ခုႏွစ္ အက္စီးဒင့္တုံးက ဆုံးသြားတဲ့သူေတြစီးခဲ့တဲ့ကားကို ျမင္ရတဲ့သူေတြရွိၿပီးေတာ့ လြန္ခဲ့တဲ့ ရာစုႏွစ္ေက်ာ္တုံးက လမ္းေဘးမွာ ျပဳတ္က်ခဲ့တဲ့ ေရွးေဟာင္း ကုန္စည္ စလွယ္ေတြကိုေတြ႕ျမင္ရတာေတြလည္းရွိတယ္လို႔ဆိုပါတယ္။
5. England က Stocksbridge bypass
၁၉၈၉ မွာတည္ေဆာက္ၿပီးစီးခဲ့တဲ့ ဒီလမ္းဟာ ေတာ္ေတာ့္ကိုေက်ာခ်မ္းစရာအျဖစ္အပ်က္ေတြအမ်ားႀကီး ျဖစ္ပ်က္ခဲ့တဲ့ ေနရာတစ္ခုအျဖစ္ နာမည ႀကီးပါတယ္။ အဲ့ဒီတံတားေအာက္ဘက္မွာ ညဘက္ ညဥ့္နက္ႀကီး ကေလးေတြ ကစားေနတာကို ေတြ႕ရတဲ့အျပင္ ဘုန္းႀကီး တစ္ပါး ကိုပါ ရံဖန္ရံခါ ေတြ႕ရတတ္ေသးတယ္လို႔ဆိုပါတယ္။




မ်ားေသာအားျဖင့္ေတာ့ အဲဒီဘုန္းႀကီးကို လမ္းေပၚမွာ ေတြ႕တတ္ေပမယ့္ တခါတစ္ရံဆိုရင္ ကားထဲက ခရီးသည္ေတြေဘးမွာ ငုတ္ထုတ္ႀကီးထိုင္ေနတာကို ဘြားခနဲ ေတြ႕ ရတတ္ပါတယ္။
Writer – Ethena (ကားသတင္းစုံ)
ေလးစားစြာ Creditေပးပါသည္။