ကိုရီးယားအလုပ်အကိုင်စာမေးပွဲ(EPS-Topik) လျှောက်လွှာလက်ခံမှုသုံးရက်ကြာပြီးနောက် ယာယီရပ်ဆိုင်းထား
တောင်ကိုရီးယားအလုပ်အကိုင်အရည်အချင်းစစ်စာမေးပွဲ(EPS-Topik)လျှောက်လွှာများအားပြန်စီစစ်ရန်ရှိ၍ လျှောက်လွှာလက်ခံခြင်းကိုယာယီရပ်ထားမည်ဟု စစ်ကောင်စီလက်အောက်ခံပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA-EPS) ကကြေညာသည်။

အဆိုပါလျှောက်လွှာစစ်မှုပြုလုပ်မည့်အတွက် ယနေ့(ဇူလိူင်၉)ညနေ ၃နာရီမှ ဇူလိုင် (၁၁) မနက် (၁၀)နာရီအထိ Application System ကိုခေတ္တပိတ်ထားမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
(EPS-Topik)စာမေးပွဲဖြေဆိုခွင့်လျှောက် ထားခြင်းကို ဇူလိုင်(၇)ကစပြီးအွန်လိုင်းစနစ်ဖြင့်လက်ခံနေခြင်းဖြစ်ကာ (၃) ရက်အကြာတွင် ယာယီရပ်နားခြင်းလည်းဖြစ်သည်။

စာမေးပွဲဖြေဆိုမည့်သူများသည် လျှောက်လွှာအားအကြိမ်ကြိမ်တင်ခြင်းမပြုလုပ်ရန်နှင့်ထိုသို့ပြုလုပ်ပါက Payment နံပါတ်နှင့် စာမေးပွဲခုံနံပါတ်မှန်ကန်စွာမရနိုင်ကြောင်းလည်း (POEA-EPS)ကအသိပေးထားသည်။
အဆိုပါ (EPS-Topik)စာမေးပွဲကို COVID-19ကပ်ရောဂါကြောင့် (၃)နှစ်ခန့်မလုပ်ခဲ့ဘဲယခုမှပြန်လည်ပြုလုပ်သော ကြောင့် ဖြေဆိုရန်လျှောက်ထားသူများပြားနေခြင်းဖြစ်သည်ဟု ကိုရီးယားဘာသာသင်ကျောင်းတာဝန်ခံများကပြောသည်။

“တချို့အလုပ်သမားတွေက သူတို့လျှောက် တာစာရင်းမဝင်မှာစိုးလို့အကြိမ်ကြိမ်တင်ကြတယ်။တချို့ကနည်းပညာနားမလည် လို့မှားတင်ကြတာမျိုးရှိတယ်။အဲဒါကြောင့် စာရင်းတွေထပ်နေပုံရတယ်”ဟု သင်တန်းကျောင်းတာဝန်ခံတစ်ဦးကမှတ်ချက် ပြုသည်။
အဆိုပါစာမေးပွဲဖြေဆိုခွင့်လျှောက်ထားခြင်းကို ဇူလိုင် ၂၃အထိလက်ခံမည်ဖြစ်ကာ သြဂုတ် လမှဒီဇင်ဘာလအထိအသုတ်လိုက် စာမေးပွဲကျင်းပမည်ဟု POEA-EPS ကထုတ်ပြန် ထားသည်။ crd