သတိုးသားက မင်္ဂလာပွဲကျင်းပနေတုန်း ခိုးသောက်နေရင်း အမူးလွန်သွားခဲ့ပြီး မင်္ဂလာဆောင်စရိတ်ကုန်ကျငွေများသဖြင့် မကျေနပ်ကြောင်းပြောဆိုပြီး အခမ်းအနားတစ်ခုလုံးကို ဖျက်စီးပစ်လို့ မင်္ဂလာပွဲပျက်ခဲ့
မိန်းကလေးများအတွက် မင်္ဂလာပွဲဆိုသည်မှာ ဘဝ၏ရင်ခုန်ရဆုံးနှင့် စိတ်လှုပ်ရှားဖွယ်ရာအကောင်းဆုံးအချိန်အခါမျိုးဖြစ်ပါတယ်။
သို့သော်လည်း တရုတ်နိုင်ငံ Guizhouပြည်နယ် Jiannanမြို့က မင်္ဂလာပွဲလေးမှ သတိုးသမီးလေးကတော့ သူမ၏ မင်္ဂလာပွဲကို ဝမ်းနည်းစွာဖြင့် ဖြတ်သန်းခဲ့ရပါတယ်။
ကောင်မလေးကို သူ၏ချစ်သူက ခမ်းနားထည်ဝါစွာဖြင့် မင်္ဂလာပွဲလေးကျင်းပကာ လက်ထပ်ယူခဲ့ခြင်းဖြစ်ပါတယ်။သို့သော် မင်္ဂလာဆောင်နေသည့်အချိန်မှ
သတိုးသားက ခိုးသောက်ရင်းဖြင့် အမူးလွန်သွားပြီး မင်္ဂလာဆောင်စရိတ် ယွမ်၃၀၀၀၀ကျော်သုံးစွဲခဲ့ရတာကို မကျေနပ်ကြောင်း ပြောထွက်လာခဲ့ပါတယ်။
ထို့နောက်တွင် သတိုးသားဟာ အမူးလွန်နေမှုကြောင့် မင်္ဂလာပွဲအခမ်းအနားတစ်ခုလုံးကို ဖျက်စီးခဲ့ပြီး မင်္ဂလာပွဲကလည်း ပျက်သွားခဲ့ရပါတယ်။
Zawgyi
Crd