ယနေ့မှာ ပြန်လည်လွတ်မြောက်လာတဲ့ ပြည်သူချစ် သရုပ်ဆောင်သင်ဇာ၀င့်ကျော်
ရုပ်ရှင်သရုပ်ဆောင်နှင့်မော်ဒယ်သင်ဇာဝင့်ကျော်ကိုစစ်ကောင်စီတပ်က ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်းရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)နှင့်နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။
အသက်၃၄ နှစ်အရွယ်သင်ဇာဝင့်ကျော်ကိုဇူလိုင်လ၆ရက်နေ့ နံနက်တွင် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်က ရှမ်းပြည်နယ်တောင်ပိုင်း ဝမ်ဟိုင်းမြို့မှအထွက် မိုင်းရယ်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခဲ့သည်။




ထိုနောက် SSPP/SSA အုပ်ချုပ်ရာဒေသဖွံ့ဖြိုးရေးမှတ်တမ်းတင်ရုပ်ရှင်ရိုက်ကူးရေးနှင့်ပတ်သက်၍ ခေါ်ယူမေးမြန်းမှုပြုခဲ့သည်ဟု စစ်ကောင်စီဘက်က ထုတ်ပြောခဲ့သည်။
သင်ဇာဝင့်ကျော် ဇူလိုင်လ ၃ ရက်နေ့က စတင်၍ SSPP/SSA ဌာနချုပ်တည်ရှိရာ ဝမ်ဟိုင်းကို နောက်ခံပြုကာ ရိုက်ကူးထားခဲ့သော ခြောက်မိနစ်နီးပါးရှိ ဗီဒီယိုတစ်ခု လူမှုကွန်ရက်စာမျက်နှာတွင် တွေ့ရသည်။
ဗီဒီယိုအတွင်း SSPP/SSA တပ်ဝတ်စုံ




လည်းဝတ်ဆင်ကာ SSPP/SSA တပ်များကိုတွေ့ဆုံခြင်းအပါအဝင် သာသနိကအဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် နာမည်ကျော်ဟိုက်ပါရေတံခွန်သို့ လည်ပတ်ခြင်းများလည်း ပါဝင်သည်။
သင်ဇာ ဒီကိုလာတဲ့ လမ်းတစ်လျောက်လည်း လုံခြုံမှုရှိတယ်။ နယ်မြေဒေသလည်း အေးချမ်းမှုရှိတယ်။ ပြီးတော့ ရေတံခွန်ကြီးကိုရောက်တဲ့အချိန်မှာလည်း အရမ်းပျော်ရတယ်။ လေ့လာစရာ ဒေသန္တရ ဗဟုသုတတွေလည်းအများကြီးရခဲ့တယ်။




အဲဒါကြောင့် သင်ဇာ့လို လာရောက်လေ့လာချင်တဲ့သူများ၊ လာလည်ချင်တဲ့သူများ လာရောက်လေ့လာကြဖို့လည်း ဖိတ်ခေါ်ပါတယ်” ဟု ပြောဆိုထားသည်ကိုလည်းတွေ့ရသည်။
အဖမ်းမခံရမီ သူ၏ခရီးစဉ်အတွင်း SSPP/SSA ၏ ဥက္ကဌသမီး မင်္ဂလာဆောင်ညစာစားပွဲကို စစ်ဝတ်စုံဝတ်ကာ တက်ရောက်ခဲ့သေးသည်။SSPP/SSA နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားခဲ့သော်လည်း ရှမ်းတပ်၏ အရေးပါသော စခန်းသုံးခုကို စစ်ကောင်စီတပ်က ဖယ်ရှားခိုင်းရာက ဆွေးနွေးပွဲလည်းဖြစ်မြောက်လာခြင်းမရှိသလို စစ်ရေးတင်းမာမှုတစ်ကျော့ပြန်ဖြစ်နေချိန်လည်းဖြစ်သည်။
Zawgyi Vision




ယနေ့မှာ ပြန်လည်လွတ်မြောက်လာတဲ့ ပြည်သူချစ် သရုပ်ဆောင်သင်ဇာဝင့်ကျော်
ရုပ်ရှင်သရုပ်ဆောင်နှင့် မော်ဒယ် သင်ဇာဝင့်ကျော်ကို စစ်ကောင်စီတပ်က ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။
အသက် ၃၄ နှစ်အရွယ် သင်ဇာဝင့်ကျော်ကို ဇူလိုင်လ ၆ ရက်နေ့ နံနက်တွင် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်က ရှမ်းပြည်နယ်တောင်ပိုင်း ဝမ်ဟိုင်းမြို့မှအထွက် မိုင်းရယ်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခဲ့သည်။ ထိုနောက် SSPP/SSA အုပ်ချုပ်ရာဒေသဖွံ့ဖြိုးရေးမှတ်တမ်းတင်ရုပ်ရှင်ရိုက်ကူးရေးနှင့်ပတ်သက်၍ ခေါ်ယူမေးမြန်းမှုပြုခဲ့သည်ဟု စစ်ကောင်စီဘက်က ထုတ်ပြောခဲ့သည်။




သင်ဇာဝင့်ကျော် ဇူလိုင်လ ၃ ရက်နေ့က စတင်၍ SSPP/SSA ဌာနချုပ်တည်ရှိရာ ဝမ်ဟိုင်းကို နောက်ခံပြုကာ ရိုက်ကူးထားခဲ့သော ခြောက်မိနစ်နီးပါးရှိ ဗီဒီယိုတစ်ခု လူမှုကွန်ရက်စာမျက်နှာတွင် တွေ့ရသည်။ ဗီဒီယိုအတွင်း SSPP/SSA တပ်ဝတ်စုံလည်းဝတ်ဆင်ကာ SSPP/SSA တပ်များကိုတွေ့ဆုံခြင်းအပါအဝင် သာသနိကအဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် နာမည်ကျော်ဟိုက်ပါရေတံခွန်သို့ လည်ပတ်ခြင်းများလည်း ပါဝင်သည်။
သင်ဇာ ဒီကိုလာတဲ့ လမ်းတစ်လျောက်လည်း လုံခြုံမှုရှိတယ်။ နယ်မြေဒေသလည်း အေးချမ်းမှုရှိတယ်။ ပြီးတော့ ရေတံခွန်ကြီးကိုရောက်တဲ့အချိန်မှာလည်း အရမ်းပျော်ရတယ်။ လေ့လာစရာ ဒေသန္တရ ဗဟုသုတတွေလည်းအများကြီးရခဲ့တယ်။ အဲဒါကြောင့် သင်ဇာ့လို လာရောက်လေ့လာချင်တဲ့သူများ၊ လာလည်ချင်တဲ့သူများ လာရောက်လေ့လာကြဖို့လည်း ဖိတ်ခေါ်ပါတယ်” ဟု ပြောဆိုထားသည်ကိုလည်းတွေ့ရသည်။
အဖမ်းမခံရမီ သူ၏ခရီးစဉ်အတွင်း SSPP/SSA ၏ ဥက္ကဌသမီး မင်္ဂလာဆောင်ညစာစားပွဲကို စစ်ဝတ်စုံဝတ်ကာ တက်ရောက်ခဲ့သေးသည်။SSPP/SSA နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားခဲ့သော်လည်း ရှမ်းတပ်၏ အရေးပါသော စခန်းသုံးခုကို စစ်ကောင်စီတပ်က ဖယ်ရှားခိုင်းရာက ဆွေးနွေးပွဲလည်းဖြစ်မြောက်လာခြင်းမရှိသလို စစ်ရေးတင်းမာမှုတစ်ကျော့ပြန်ဖြစ်နေချိန်လည်းဖြစ်သည်။
crd