Unicode
မင်္ဂလာပါပရိသတ်ကြီးရေ သီချင်းချိုချိုလေးတွေနဲ့ ဆယ်စုနှစ်တစ်ခုအကျော်ထဲက ပရိတ်သတ်ကိုဆွဲဆောင်နိုင်ခဲ့တဲ့သူကတော့ တေးသံရှင်မိုးမိုးပဲဖြစ်ပါတယ်။




မိုးမိုးရဲ့ယခုအချိန်ထိ ပရိတ်သတ်ကြိုက်နှစ်သက်နေဆဲ ” ပြန်တွေးကြည့်” သီချင်းဟာလည်း လူငယ်ပရိသတ်တွေပါးစပ်ဖျားမှာ အကြိုက်တွေ့ခဲ့တဲ့ အချစ်သီချင်းလေးပဲ ဖြစ်ပါတယ်။
လူငယ်ပရိတ်သတ်အပြင် လူကြီးတွေပါကြိုက်နှစ်သက်ခဲ့ရတာကတော့ ” အသက်လေးဆယ် ” သီချင်းဟာလည်းမပါမဖြစ်ပါ..။




အမြဲပျော်ရွှင်ရယ်မောပေါ့ပါးစွာနေတတ်တဲ့ မိုးမိုးကတော့ လက်ရှိမှာ ချစ်စရာကောင်းတဲ့ သားနဲ့သမီးကို ပိုင်ဆိုင်ထားကာ ပျော်ရွှင်သာယာတဲ့အိမ်ထောင်ရေးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။
ဒါ့အပြင်သူနဲ့ရင်းနှီးတဲ့အနုပညာရှင်တွေကိုလည်း အမြဲစနောက်ကာ အရွှန်းဖောက်လေ့ရှိတဲ့ ခပ်ပျော်ပျော်နေတတ်တဲ့ အနုပညာရှင်တစ်ဦးပါ..။




ဒီနေ့မှာတော့ ” ကျမတို့ အိမ်ထောင်ရေးရဲ့ ပိုင်ဆိုင်မှုကတွေကတော့ ကျမ နာမည်တွေကြီးပါပဲ
ကိုမိုးမိုးကတော့ သူ့ နာမည်နဲ့ ဘယ်ဟာမှမထားပါဘူး ကွယ် ” ဟုဆိုတဲ့စာလေးနဲ့ ဇနီးဖြစ်သူမြတ်ပီတိမိုးကတင်လာခဲ့တာပါ။ တကယ့်ကိုဇနီးအပေါ်ချစ်တတ်လွန်းတဲ့ အမျိုးသားတွေရဲ့အပြုအမူပါပဲနော်။




ပရိတ်သတ်ကြီးထဲမှာလည်း အဲ့လိုအချစ်ခံရတဲ့သူတွေရှိရင် ပြောသွားခဲ့ကြပါဦးနော်..။
Crd