Unicode
ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် ချစ်သုဝေ ဟာလက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့အရေးနဲ့ပတ်သတ်ပြီး ထိပ်ဆုံးကနေ ပါဝင်လှုပ်ရှားနေတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။
ဒီလိုလှုပ်ရှားမှု့တွေကြောင့် သူမကို ၅၀၅ ကနဲ့တရားစွဲဆိုထားပြီးတော့ ဘေးကင်းရာမှာ တိမ်းရှောင်နေရပါတယ်။




ချစ်သုဝေ ဟာ တိမ်းရှောင်နေရင်းနဲ့ ကျရာတာဝန်ကို အဝေးတစ်နေရာကနေ ထမ်းဆောင်နေသူလဲ ဖြစ်ပါတယ်။ တော်လှန်ရေးအတွက် ရှေ့ဆက်လုပ်ဆောင်ရမဲ့ စကားဝိုင်းဆွေးနွေးခန်းတွေမှာလဲ ပါဝင်ဆောင်ရှက်နေတဲ့ အနုပညာရှင်မင်းသမီးလေးတစ်ဦးလဲ ဖြစ်ပါတယ်။
လာမယ့် ဒီဇင်ဘာလ ၁၀ရက်နေ့ကတော့ လူ့အခွင့်အရေးနေ့ပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေညပိုင်းမှာတော့ မင်းသမီး ချစ်သုဝေ ဟာအခြားနာမည်ကြီး ပုဂ္ဂိုလ်တွေနဲ့အတူတူ လူ့အခွင့်အရေးအတွက် ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။




မင်းသမီး ချစ်သုဝေ ဟာ ပြည်သူတွေအားလုံးပါဝင်ဆောင်ရွက်ကြဖို့ အခုလိုပဲတောင်းဆိုလိုက်ပါတယ်။ ” ” တစ်ရက်တည်းနဲ့ တောင်းဆိုလို့ ရသွားမယ့်အရေးမဟုတ်တာသေချာပေမယ့်
ပြည်သူတစ်ရပ်လုံးက မိမိတို့ရဲ့ဆန္ဒကို မိမိတို့ရတဲ့အခြေအနေကနေ ရတဲ့နေရာတိုင်း၊ ရတဲ့အချိန်တိုင်း၊ ရတဲ့ပုံစံတိုင်းကနေ တော်လှန်နေတယ်ဆိုတာ ပြသဖို့လိုအပ်ပါတယ်” လို့ ရေးသားထားပါတယ်။




ပရိသတ်ကြီးရေ မင်းသမီး ချစ်သုဝေ ကတော့ ပြည်သူအားလုံးပါဝင်ကြဖို့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်နော်။ အချိန်ပေးပြီးဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Zawgyi







