မင်းသား မင်းမော်ကွန်း (ခ) ကျော်ကျော်ဌေးလွင်
မြန်မာနိုင်ငံရဲ့ နာမည်ကြီး မင်းသားချော အကယ်ဒမီ မင်းမော်ကွန်း ဟာ အမှန်တရားအတွက် ပြည်သူတွေဘက်နေ ပြတ်ပြတ်သားသား ရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဒါကြောင့်လဲ ပုဒ်မ ၅၀၅ က နဲ့တရားစွဲဆိုခံထားရပြီး လွတ်မြောက်နယ်မြေကို မိသားစုနဲ့အတူ ရောက်ရှိနေခဲ့ပြီး ကျရာတာဝန်တွေကို ထမ်းဆောင်နေတာပဲ ဖြစ်ပါတယ်။




မင်းသမီး မြနှင်းရည်လွင်
မြန်မာဝတ်စုံလေးတွေကိုသာ မြတ်မြတ်နိုးနိုး ဝတ်ဆင်တတ်ပြီး ပြည်သူတွေအားလုံးလေးစားချစ်ခင်ရတဲ့ အမေဒေါ်အောင်ဆန်းစုကြည် နဲ့ မျက်နှာပေါက်ချင်းဆင်တာကြောင့် နာမည်ကြီးလာခဲ့တဲ့ မင်းသမီး မြနှင်းရည်လွင် ဟာ ဒီမိုကရေအတွက် တိုက်ပွဲဝင်ရင်း စစ်ကောင်စီမှ ပုဒ်မ ၅၀၅ ကနဲ့တရားစွဲဆိုခံထားရတာကြောင့် လက်ရှိမှာ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပါတယ်။
ဒါရိုက်တာ ကိုပေါက်




ဒါရိုက်တာ တစ်ဦးလဲဖြစ် သရုပ်ဆောင်တစ်ဦးလဲ ဖြစ်တဲ့ ကိုပေါက် ကတော့ ပြည်သူတွေနဲ့အတူ ဆန္ဒဖော်ထုတ်ခဲ့ပြီး ၅၀၅ က နဲ့တရားစွဲခံရပြီး ချစ်တဲ့မိသားစုနဲ့ဝေးကွာတဲ့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပါတယ်။ ကိုပေါက် ဟာ တတ်နိုင်တဲ့ဘက်ကနေ စစ်ကောင်စီကို တွန်းလှန်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။
မင်းသား ဟိန်းထက်
ကိုရင်မောင်ရယ်လို့ ဂျီဟောသူရုပ်သံဇာတ်လမ်းတွဲမှာလည်း မိန်းကလေးပရိတ်သတ်တွေ အင်မတန်နှစ်သက်အားပေးခဲ့ကြတဲ့ မင်းသားချောတစ်လက်ဆိုရင်လည်း မမှားပါဘူး။ လက်ရှိအချိန်မှာတေ့ာ မင်းသားချော ဟိန်းထက် ဟာမိသားစုကိုတောင် အသိမပေးပဲ လွတ်မြောက်နယ်မြေမှာ သွားရောက်ပြီး တာဝန်ထမ်းဆောင်နေတာပဲဖြစ်ပါတယ်။




အဆိုတော် ရန်ရန်ချမ်း
ရန်ရန်ချမ်း ကိုတော့ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံထားရပြီးနောက် ထွက်ပြေးတိမ်းရှောင်နေတာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ရန်ရန်ချမ်း ကတော့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး ဘေးကင်းစွာရှိနေပါပြီ။ သူနဲ့အတူမိသားစုကိုလဲ တစ်ပါတည်းခေါ်ဆောင်သွားခဲ့တာပဲဖြစ်ပါတယ်။
ဒါရိုက်တာ ကိုပေါက်
ဒါရိုက်တာ ကိုပေါက် တစ်ယောက်ကလည်း ပြည်သူတွေဘက်ကနေ မားမားမတ်မတ်ရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရသူ ဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေ တစ်နေရာကို ရောက်ရှိနေတဲ့ ကိုပေါက် ကတော့ ရောက်ရာနေရာကနေ တော်လှန်ရေးတိုက်ပွဲဆင်နွှဲနေသူ ဖြစ်ပါတယ်။ ကိုပေါက် ကတော့သရုပ်ဆောင်နဲ့ဒါရိုက်တာ လုပ်ရာမှာတော်ရုံမကပဲ ပန်းချီနဲ့ ကဗျာတွေရေးစပ်တဲ့နေရာမှာတော်လွန်းသူလည်းဖြစ်ပါတယ်။




အဆိုတော် စောခရစ် မူးလာ
Myanmar Idol Season 4 မှာ ဝင်ရောက်ယျဉ်ပြိုင်ခဲ့ပြီး Top-4 ထိတတ်ရောက်နိုင်ခဲ့တဲ့ ကရင်တိုင်းရင်းသားလေး စောခရစ် မူးလာ ဟာ အမှန်တရားဘက်တော်သားဖြစ်တာကြောင့် ဒီမိုကရေစီတိုက်ပွဲကို ပြည်သူတွေနဲ့ အတူတူ တိုက်ပွဲဝင်လျက်ရှိပါတယ်။ ဒါကြောင့် ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို ရောက်ရှိပြီး ကျရာတာဝန်ကိုထမ်းဆောင်နေတာပဲဖြစ်ပါတယ်။
မင်းသား သီဟထွန်း
MRTV-4 ကထုတ်လွှင့်ပြသတဲ့ နာမည်ကြီးဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ ” အဆိပ်သွေး ” ဇာတ်လမ်းတွဲကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်ရင်ထဲကို ရောက်ရှိခဲ့ပြီး နွေဦးတော်လှန်ရေးမှာလဲ ပြည်သူတွေနဲ့အတူတူ ပါဝင်ခဲ့တာကြောင့် ပိုမိုလေးစားချစ်ခင် အားပေးကြရပြန်ပါတယ်။ ဒါအပြင် လက်ရှိမှာ သီဟထွန်း ဟာခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး ကျရာဝာာဝန်ကို ထမ်းဆောင်နေတာပါ။




မင်းသား အောင်မြင့်မြတ်
ဥပါတံမျဉ်ရုပ်ရုပ်ဇာတ်ကားထဲက သိန်းစိုးဇာတ်ရုပ်နဲ့ ပရိသတ်တွေရဲ့ရင်ထဲကိုစတင်ရောက်ရှိခဲ့တဲ့ အောင်မြင့်မြတ် ကတေ့ာ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရဲရဲဝင့်ဝင့်ရပ်တည်ခဲ့တာကြောင့် စစ်ကောင်စီဘက်ကနေ ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုခံထားရပြီးနောက် လက်ရှိမှာ လွတ်မြောက်နယ်မြေမှာရောက်ရှိနေတာပဲဖြစ်ပါတယ်။
အဆိုတော် ဘင်ဂျမင်ဆုန်
အဆိုတော် ဘင်ဂျမင် ဟာ ချင်းတိုင်းရင်းသားလေး တစ်ဦးဖြစ်ပါတယ်။ သူဟာ အမှန်တရားကို ချစ်မြတ်နိုးသူတစ်ဦးဖြစ်ပြီး မြန်မာပြည်သူတွေနဲ့ အတူရပ်တည်ခဲ့သူတစ်ဦးပါပဲ။ ဘင်ဂျမင် ကတော့ လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိနေပြီး ချင်းပြည်နယ်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ CNDF မှာ တော်လှန်ရေး ရဲဘော်အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။
Crd
Unicode
အမွန္တရားအတြက္ လြတ္ေျမာက္နယ္ေျမမွာ ေရာက္ရွိေနတဲ့ နာမည္ႀကီး အႏုပညာရွင္မ်ား
မင္းသား မင္းေမာ္ကြန္း (ခ) ေက်ာ္ေက်ာ္ေဌးလြင္




ျမန္မာႏိုင္ငံရဲ႕ နာမည္ႀကီး မင္းသားေခ်ာ အကယ္ဒမီ မင္းေမာ္ကြန္း ဟာ အမွန္တရားအတြက္ ျပည္သူေတြဘက္ေန ျပတ္ျပတ္သားသား ရပ္တည္ခဲ့တဲ့ အႏုပညာရွင္တစ္ဦးျဖစ္ပါတယ္။ ဒါေၾကာင့္လဲ ပုဒ္မ ၅၀၅ က နဲ႔တရားစြဲဆိုခံထားရၿပီး လြတ္ေျမာက္နယ္ေျမကို မိသားစုနဲ႔အတူ ေရာက္ရွိေနခဲ့ၿပီး က်ရာတာဝန္ေတြကို ထမ္းေဆာင္ေနတာပဲ ျဖစ္ပါတယ္။
မင္းသမီး ျမႏွင္းရည္လြင္
ျမန္မာဝတ္စုံေလးေတြကိုသာ ျမတ္ျမတ္ႏိုးႏိုး ဝတ္ဆင္တတ္ၿပီး ျပည္သူေတြအားလုံးေလးစားခ်စ္ခင္ရတဲ့ အေမေဒၚေအာင္ဆန္းစုၾကည္ နဲ႔ မ်က္ႏွာေပါက္ခ်င္းဆင္တာေၾကာင့္ နာမည္ႀကီးလာခဲ့တဲ့ မင္းသမီး ျမႏွင္းရည္လြင္ ဟာ ဒီမိုကေရအတြက္ တိုက္ပြဲဝင္ရင္း စစ္ေကာင္စီမွ ပုဒ္မ ၅၀၅ ကနဲ႔တရားစြဲဆိုခံထားရတာေၾကာင့္ လက္ရွိမွာ လြတ္ေျမာက္နယ္ေျမမွာ ေရာက္ရွိေနပါတယ္။




ဒါ႐ိုက္တာ ကိုေပါက္
ဒါ႐ိုက္တာ တစ္ဦးလဲျဖစ္ သ႐ုပ္ေဆာင္တစ္ဦးလဲ ျဖစ္တဲ့ ကိုေပါက္ ကေတာ့ ျပည္သူေတြနဲ႔အတူ ဆႏၵေဖာ္ထုတ္ခဲ့ၿပီး ၅၀၅ က နဲ႔တရားစြဲခံရၿပီး ခ်စ္တဲ့မိသားစုနဲ႔ေဝးကြာတဲ့ လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိေနပါတယ္။ ကိုေပါက္ ဟာ တတ္ႏိုင္တဲ့ဘက္ကေန စစ္ေကာင္စီကို တြန္းလွန္ဖို႔ ႀကိဳးစားေနတာပဲ ျဖစ္ပါတယ္။
မင္းသား ဟိန္းထက္
ကိုရင္ေမာင္ရယ္လို႔ ဂ်ီေဟာသူ႐ုပ္သံဇာတ္လမ္းတြဲမွာလည္း မိန္းကေလးပရိတ္သတ္ေတြ အင္မတန္ႏွစ္သက္အားေပးခဲ့ၾကတဲ့ မင္းသားေခ်ာတစ္လက္ဆိုရင္လည္း မမွားပါဘူး။ လက္ရွိအခ်ိန္မွာေတ့ာ မင္းသားေခ်ာ ဟိန္းထက္ ဟာမိသားစုကိုေတာင္ အသိမေပးပဲ လြတ္ေျမာက္နယ္ေျမမွာ သြားေရာက္ၿပီး တာဝန္ထမ္းေဆာင္ေနတာပဲျဖစ္ပါတယ္။




အဆိုေတာ္ ရန္ရန္ခ်မ္း
ရန္ရန္ခ်မ္း ကိုေတာ့ ပုဒ္မ ၅၀၅ က နဲ႔ တရားစြဲဆိုခံထားရၿပီးေနာက္ ထြက္ေျပးတိမ္းေရွာင္ေနတာပဲျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ရန္ရန္ခ်မ္း ကေတာ့ လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိေနၿပီး ေဘးကင္းစြာရွိေနပါၿပီ။ သူနဲ႔အတူမိသားစုကိုလဲ တစ္ပါတည္းေခၚေဆာင္သြားခဲ့တာပဲျဖစ္ပါတယ္။
ဒါ႐ိုက္တာ ကိုေပါက္
ဒါ႐ိုက္တာ ကိုေပါက္ တစ္ေယာက္ကလည္း ျပည္သူေတြဘက္ကေန မားမားမတ္မတ္ရပ္တည္ခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ၿပီး ၅၀၅(က)နဲ႔ အမႈဖြင့္ခံထားရသူ ျဖစ္ပါတယ္။ လြတ္ေျမာက္နယ္ေျမ တစ္ေနရာကို ေရာက္ရွိေနတဲ့ ကိုေပါက္ ကေတာ့ ေရာက္ရာေနရာကေန ေတာ္လွန္ေရးတိုက္ပြဲဆင္ႏႊဲေနသူ ျဖစ္ပါတယ္။ ကိုေပါက္ ကေတာ့သ႐ုပ္ေဆာင္နဲ႔ဒါ႐ိုက္တာ လုပ္ရာမွာေတာ္႐ုံမကပဲ ပန္းခ်ီနဲ႔ ကဗ်ာေတြေရးစပ္တဲ့ေနရာမွာေတာ္လြန္းသူလည္းျဖစ္ပါတယ္။




အဆိုေတာ္ ေစာခရစ္ မူးလာ
Myanmar Idol Season 4 မွာ ဝင္ေရာက္ယ်ဥ္ၿပိဳင္ခဲ့ၿပီး Top-4 ထိတတ္ေရာက္ႏိုင္ခဲ့တဲ့ ကရင္တိုင္းရင္းသားေလး ေစာခရစ္ မူးလာ ဟာ အမွန္တရားဘက္ေတာ္သားျဖစ္တာေၾကာင့္ ဒီမိုကေရစီတိုက္ပြဲကို ျပည္သူေတြနဲ႔ အတူတူ တိုက္ပြဲဝင္လ်က္ရွိပါတယ္။ ဒါေၾကာင့္ ခက္ခဲၾကမ္းတမ္းတဲ့ လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိၿပီး က်ရာတာဝန္ကိုထမ္းေဆာင္ေနတာပဲျဖစ္ပါတယ္။
မင္းသား သီဟထြန္း
MRTV-4 ကထုတ္လႊင့္ျပသတဲ့ နာမည္ႀကီးဇာတ္လမ္းတြဲတစ္ခုျဖစ္တဲ့ ” အဆိပ္ေသြး ” ဇာတ္လမ္းတြဲႀကီးမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး ပရိသတ္ရင္ထဲကို ေရာက္ရွိခဲ့ၿပီး ေႏြဦးေတာ္လွန္ေရးမွာလဲ ျပည္သူေတြနဲ႔အတူတူ ပါဝင္ခဲ့တာေၾကာင့္ ပိုမိုေလးစားခ်စ္ခင္ အားေပးၾကရျပန္ပါတယ္။ ဒါအျပင္ လက္ရွိမွာ သီဟထြန္း ဟာခက္ခဲၾကမ္းတမ္းတဲ့ လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိေနၿပီး က်ရာဝာာဝန္ကို ထမ္းေဆာင္ေနတာပါ။




မင္းသား ေအာင္ျမင့္ျမတ္
ဥပါတံမ်ဥ္႐ုပ္႐ုပ္ဇာတ္ကားထဲက သိန္းစိုးဇာတ္႐ုပ္နဲ႔ ပရိသတ္ေတြရဲ႕ရင္ထဲကိုစတင္ေရာက္ရွိခဲ့တဲ့ ေအာင္ျမင့္ျမတ္ ကေတ့ာ ျပည္သူေတြနဲ႔အတူ အမွန္တရားဘက္က ရဲရဲဝင့္ဝင့္ရပ္တည္ခဲ့တာေၾကာင့္ စစ္ေကာင္စီဘက္ကေန ပုဒ္မ ၅၀၅ (က)နဲ႔ တရားစြဲဆိုခံထားရၿပီးေနာက္ လက္ရွိမွာ လြတ္ေျမာက္နယ္ေျမမွာေရာက္ရွိေနတာပဲျဖစ္ပါတယ္။
အဆိုေတာ္ ဘင္ဂ်မင္ဆုန္
အဆိုေတာ္ ဘင္ဂ်မင္ ဟာ ခ်င္းတိုင္းရင္းသားေလး တစ္ဦးျဖစ္ပါတယ္။ သူဟာ အမွန္တရားကို ခ်စ္ျမတ္ႏိုးသူတစ္ဦးျဖစ္ၿပီး ျမန္မာျပည္သူေတြနဲ႔ အတူရပ္တည္ခဲ့သူတစ္ဦးပါပဲ။ ဘင္ဂ်မင္ ကေတာ့ လြတ္ေျမာက္နယ္ေျမတစ္ေနရာကို ေရာက္ရွိေနၿပီး ခ်င္းျပည္နယ္တပ္ဖြဲ႕တစ္ခုျဖစ္တဲ့ CNDF မွာ ေတာ္လွန္ေရး ရဲေဘာ္အျဖစ္ တာဝန္ထမ္းေဆာင္ေနပါတယ္။
Crd