သင်ဇာဝင့်ကျော် ပြန်လွတ်လာဖို့အတွက် စစ်ကောင်စီတပ်နဲ့ လဘ်ပေးကာ ညှိနှိုင်းနေရတယ်လို့ SSPP ပြောကြား
ဇူလိုင်လ ၇ ရက်နေ့။
ဖမ်းဆီးစစ်ဆေးခံနေရတဲ့ သရုပ်ဆောင်သင်ဇာဝင့်ကျော် ပြန်လည်လွတ်မြောက်ရေးအတွက် SSPP အဖွဲ့အနေနဲ့ တပ်နဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ SSPP ပြောခွင့်ရ ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောပါသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) လက်နက်ကိုင်အဖွဲ့ရဲ့ ဌာနချုပ် တည်ရှိရာ ၀မ်ဟိုင်းဒေသဖွံ့ဖြိုးရေးမှတ်တမ်းရုပ်ရှင် ရိုက်ကူးဖို့အတွက် သွားရောက်ခဲ့တဲ့ သရုပ်ဆောင်သင်ဇာဝင့်ကျော်အပါအဝင် ရိုက်ကူးရေးအဖွဲ့ဟာ ရှမ်းပြည်နယ် ၊ မြောက်ပိုင်းနဲ့တောင်ပိုင်း က စစ်ကောင်စီ တပ်တွေတာဝန်ယူထားတဲ့ နယ်စပ်ဂိတ်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါသည်။
အဲ့ဒီလို ဖမ်းဆီးခံထားရတဲ့အပေါ် ပြန်လည်လွတ်မြောက်လာရေးအတွက် နေပြည်တော်အထိ ဆက်သွယ်ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပြီး မကြာခင်ပြန်လွတ်လာမယ်လို့ မျှော်လင့်တယ်လို့ SSPP ပြောခွင့်ရ ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောပါသည်။

လက်ရှိမှာတော့ သရုပ်ဆောင်သင်ဇာဝင့်ကျော်နဲ့ အဖွဲ့ကို လားရှိူးမြို့ကို ခေါ်သွားပြီး စစ်ဆေးမှုတွေ ပြလုပ်နေတာဖြစ်ပြီး အခြေအနေက စိုးရိမ်စရာမရှိဘဲ ကောင်းကောင်းမွန်မွန်ပဲဖြစ်တယ်လို့ ဆိုပါသည်။
ဒါ့အပြင် SSPP အဖွဲ့ဟာ သင်ဇာဝင့်ကျော်တို့ကို လုံခြုံမှုအရ အာမခံပြီး ခေါ်ယူခဲ့တာဖြစ်တဲ့အတွက် အားလုံးပြန်လည်လွတ်မြောက်တဲ့အထိ ဆောင်ရွက်သွားမယ်လို့ SSPP ကပြောပါသည်။
Zawcode:

Crd