ကေမၻာဇဘဏ္လုပ္ငန္းရွင္ ဦးေအာင္ကိုဝင္း၏ ဇနီး လုပ္ကိုင္ခြင့္ရသည့္ ေျမဧက ၁၆၀၀၀ ေက်ာ္ သိမ္းဆည္းခံရ
တနသၤာရီ၊ ဇူလိုင္ ၇၊ လူငယ့္ေခတ္
ကေမၻာဇဘဏ္ လုပ္ငန္းစု ထိပ္တန္းစီးပြါးေရး လုပ္ငန္းရွင္ ျဖစ္သည့္ ဦးေအာင္ကိုဝင္း၏ ဇနီးျဖစ္သူ အမည္ေပါက္ ေျမယာ ဧကေပါင္း ၁၆၀၀၀ ေက်ာ္ကို လုပ္ကိုင္ျခင္းမရွိသျဖင့္ဟုဆိုကာ




စစ္ေကာင္စီ လက္ေအာက္ခံ ေျမလြတ္၊ ေျမလပ္ ေျမရိုင္းမ်ား စီမံခန္႔ခြဲေရး ဗဟိုေကာ္မီက သိမ္းဆည္းလိုက္သည္
KBZ Bank ပိုင္ရွင္ ဦးေအာင္ကိုဝင္း ၏ ဇနီး နန္းသန္းေထြး မွ ေရႊကမၻာဇကုမၸဏီ နာမည္ျဖင့္ လုပ္ကိုင္ခြင့္ ရရွိထားေသာ တနသၤာရီတိုင္း၊ တနသၤာရီၿမိဳ႕နယ္ တမုတ္ခ်ဳံးေက်းရြာတြင္




လုပ္ပိုင္ခြင့္ရရွိထားသည္စုစုေပါင္း ေျမဧက ၁၅၈၁၁ ဧက အနက္ လုပ္ကိုင္ျခင္း မရွိသည့္ ဧက ၁၄၈၂၆ ဒသမ ၆၆ ႏွင့္ သိန္ခြန္း၊ တမုတ္ခ်ဳံး ရွိ ေျမဧက ၅၃၀၀ ဧက အနက္ လုပ္ကိုင္ျခင္းမရွိသည့္ ၁၆၇၉ ဧက ကို ျပန္လည္သိမ္းဆည္းမည္ဟု အဆိုပါ ေကာ္မတီက ယခုရက္ပိုင္းတြင္ ထုတ္ျပန္ထားသည္။
အဆိုပါ ျပန္လည္သိမ္းယူမည္ေျမမ်ားမွာ ေျမယာမ်ား လုပ္ကိုင္ခြင့္ ရရွိၿပီးေနာက္ သတ္မွတ္ကာလ ၄ မွစ္အတြင္း တစ္စိတ္တစ္ပိုင္း ေဖာ္ထုတ္ စိုက္ပ်ိဳးၿပီး လုပ္ကိုင္ျခင္းမရွိျခင္းေၾကာင့္




ေမလ ၁၁ ရက္ ေန႔မွ စ၍ ျပန္လည္သိမ္းယူျခင္းျဖစ္ေၾကာင္း၊ အာမခံေၾကး မ်ားကိုပါ နိုင္ငံေတာ္ဘ႑ာ အျဖစ္သိမ္းဆည္းလိုက္ေၾကာင္း သိရသည္
ထို႔ျပင္ တနသၤာရီၿမိဳ႕နယ္ သိန္ခြန္းေက်းရြာရွိ လုံးဝလုပ္ကိုင္ျခင္းမရွိသည့္ ေျမဧက ၄၈၀၄ ဧကကိုလည္း ျပန္လည္ သိမ္းဆည္မည္ ျဖစ္ေၾကာင္း သိရသည္




အဆိုပါလုပ္ကိုင္ခြင့္ရရွိထားသည့္ လုပ္ငန္းမ်ားမွာ ဦးသိန္းစိန္ အစိုးရလက္ထက္ ၂၀၁၄ ခုႏွစ္က ခြင့္ျပဳေပးခဲ့သည့္ ေျမေနရာမ်ား ပါဝင္သလို စစ္အာဏာရွင္ေဟာင္း ဦးသန္းေရႊလက္ထက္က ခြင့္ျပဳေပးထားသည့္ ေျမေနရာမ်ားလည္း ျဖစ္သည္
ဓာတ္ပုံ/ ကေမၻာဇဘဏ္ လုပ္ငန္းစု ထိပ္တန္းစီးပြါးေရး လုပ္ငန္းရွင္ ျဖစ္သည့္ ဦးေအာင္ကိုဝင္း/ KBZ bank
ကမ္ဘောဇဘဏ်လုပ်ငန်းရှင် ဦးအောင်ကိုဝင်း၏ ဇနီး လုပ်ကိုင်ခွင့်ရသည့် မြေဧက ၁၆၀၀၀ ကျော် သိမ်းဆည်းခံရ
တနင်္သာရီ၊ ဇူလိုင် ၇၊ လူငယ့်ခေတ်




ကမ္ဘောဇဘဏ် လုပ်ငန်းစု ထိပ်တန်းစီးပွါးရေး လုပ်ငန်းရှင် ဖြစ်သည့် ဦးအောင်ကိုဝင်း၏ ဇနီးဖြစ်သူ အမည်ပေါက် မြေယာ ဧကပေါင်း ၁၆၀၀၀ ကျော်ကို လုပ်ကိုင်ခြင်းမရှိသဖြင့်ဟုဆိုကာ
စစ်ကောင်စီ လက်အောက်ခံ မြေလွတ်၊ မြေလပ် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မီက သိမ်းဆည်းလိုက်သည်
KBZ Bank ပိုင်ရှင် ဦးအောင်ကိုဝင်း ၏ ဇနီး နန်းသန်းထွေး မှ ရွှေကမ္ဘာဇကုမ္ပဏီ နာမည်ဖြင့် လုပ်ကိုင်ခွင့် ရရှိထားသော တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် တမုတ်ချုံးကျေးရွာတွင်




လုပ်ပိုင်ခွင့်ရရှိထားသည်စုစုပေါင်း မြေဧက ၁၅၈၁၁ ဧက အနက် လုပ်ကိုင်ခြင်း မရှိသည့် ဧက ၁၄၈၂၆ ဒသမ ၆၆ နှင့် သိန်ခွန်း၊ တမုတ်ချုံး ရှိ မြေဧက ၅၃၀၀ ဧက အနက် လုပ်ကိုင်ခြင်းမရှိသည့် ၁၆၇၉ ဧက ကို ပြန်လည်သိမ်းဆည်းမည်ဟု အဆိုပါ ကော်မတီက ယခုရက်ပိုင်းတွင် ထုတ်ပြန်ထားသည်။
အဆိုပါ ပြန်လည်သိမ်းယူမည်မြေများမှာ မြေယာများ လုပ်ကိုင်ခွင့် ရရှိပြီးနောက် သတ်မှတ်ကာလ ၄ မှစ်အတွင်း တစ်စိတ်တစ်ပိုင်း ဖော်ထုတ် စိုက်ပျိုးပြီး လုပ်ကိုင်ခြင်းမရှိခြင်းကြောင့်
မေလ ၁၁ ရက် နေ့မှ စ၍ ပြန်လည်သိမ်းယူခြင်းဖြစ်ကြောင်း၊ အာမခံကြေး များကိုပါ နိုင်ငံတော်ဘဏ္ဍာ အဖြစ်သိမ်းဆည်းလိုက်ကြောင်း သိရသည်




ထို့ပြင် တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာရှိ လုံးဝလုပ်ကိုင်ခြင်းမရှိသည့် မြေဧက ၄၈၀၄ ဧကကိုလည်း ပြန်လည် သိမ်းဆည်မည် ဖြစ်ကြောင်း သိရသည်
အဆိုပါလုပ်ကိုင်ခွင့်ရရှိထားသည့် လုပ်ငန်းများမှာ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၄ ခုနှစ်က ခွင့်ပြုပေးခဲ့သည့် မြေနေရာများ ပါဝင်သလို စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်က ခွင့်ပြုပေးထားသည့် မြေနေရာများလည်း ဖြစ်သည်
ဓာတ်ပုံ/ ကမ္ဘောဇဘဏ် လုပ်ငန်းစု ထိပ်တန်းစီးပွါးရေး လုပ်ငန်းရှင် ဖြစ်သည့် ဦးအောင်ကိုဝင်း/ KBZ bank