ရန်ကုန်-မန္တလေးအမြန်လမ်းတလျောက် စစ်ဆေးရေးဂိတ်များတွမှတ်ပုံတင် စစ်ဆေးမှုများတင်းကြပ်နေပြီး ကားလမ်းများ အချိန်ကြာမြင့်စွာ ပိတ်ဆို့နေ

News

ရန်ကုန်-မန္တလေးအမြန်လမ်းတလျောက် စစ်ဆေးရေးဂိတ်များတွမှတ်ပုံတင် စစ်ဆေးမှုများတင်းကြပ်နေပြီး ကားလမ်းများ အချိန်ကြာမြင့်စွာ ပိတ်ဆို့နေ

ရန်ကုန်-မန္တလေးအမြန်လမ်းတလျောက် စစ်ဆေးရေးဂိတ်များတွင် အာဏာသိမ်းစစ်ကောင်တပ်က မှတ်ပုံတင်စစ်ဆေးများ တင်းကြပ်စွာ လုပ်ဆောင်နေသဖြင့်

ယနေ့ ဇူလိုင်လ(၆)ရက်နေ့၊ နံနက်ပိုင်းကစတင်ကာ ကားများအချိန်ကြာမြင့်စွာ ပိတ်ဆို့နေကြောင်း ‌ခရီးသွားများထံမှ သိရသည်။

ယနေ့ နံနက်(၁၀)နာရီစ၍ ရန်ကုန်- မန္တလေးအမြန်လမ်းမပေါ်ရှိ (၄၁)မိုင်စစ်ဆေးရေးဂိတ်၌ ရန်ကုန်ဘက်မှလာသော ကားများအားလုံးကို တား၍ ခရီးသည်တဦးချင်းစီ၏ မှတ်ပုံတင်များကို စစ်ဆေးနေကြောင်း သိရသည်။

မန္တလေးဘက်လာသော ယာဉ်များအားလုံးသည်လည်း (၁၁၅)မိုင် တိုးဂိတ်ပိတ်ထားသောကြောင့် ယာဉ်တန်းရှည်ဖြစ်ပေါ်နေသည်ဟု သိရသည်။

#TachileikNewsAgency

Photo – ခရီးသွားတစ်ဦး

zawgyi

Unicode






#TachileikNewsAgency


Leave a Reply

Your email address will not be published.