ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အောက်က လျှို့ဝှက်ချက်ကြီး ( ၂ ) ခု အကြောင်း
ရွှေတိဂုံ စေတီတော်ကြီးဟာ မြန်မာလူမျိုးတို့ရဲ့ အထွတ်အမြတ်နေရာတစ်ခု ဖြစ်ပါတယ်။ မြန်မာဆိုတာနဲ့ ရွှေတိဂုံစေတီတော်ကြီးကို
တန်းမြင်ယောင်မိလောက်အောင် ထင်ရှားပါတယ်။ မြန်မာနိုင်ငံကို လာရောက်လည်ပါတ်တဲ့ နိုင်ငံခြားသားများတောင်
မဖြစ်မနေ ရောက်အောင် သွားဖူးကြတဲ့ နေရာမို့ မြန်မာလူမျိုးတွေကတော့ ရွှေတိဂုံဘုရားမရောက်ဖူးသူ ရှားလှပါတယ် ။




သို့သော်လည်း ရွှေတိဂုံဘုရားရဲ့ စေတီတော်အောက်က လျို့ဝှက်ချက်တွေ အကြောင်းရော သိကြလားလို့ မေးရင်…
ကြားဖူးသူလဲ ရှိသလို မကြားဖူးသူများလဲ ရှိမှာပါ။ ရှေးခေတ်က အာမေးနီးယန်းလူမျိုး တစ်ယောက်ကတော့
ရွှေတိဂုံစေတီတော်အောက်က လျို့ဝှက်ချက် ၂ ခု ကို ပြောပြ ခဲ့ဖူးပါတယ်။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ရဲ့ ယုံကြည်ကိုးကွယ်ရာ စေတီတော်ကြီးဖြစ်တဲ့
ရွှေတိဂုံစေတီတော်ကြီးအောက်မှာ ပင်လယ်ရေ အတက်အကျ အလိုက် ရေ အနိမ့်အမြင့်ဖြစ်ပေါ်စေတဲ့ (၁၀) ပေပတ်လည်လောက်ရှိတဲ့




ရေတွင်းနဲ့ အဲဒီရေတွင်းထဲမှာ (၆) ပေခွဲလောက်ရှိပြီး ရတနာများ စီချယ်ထားတဲ့ ရွှေလှေ တစ်စီး ရှိတယ်လို့ မျက်မြင်ကိုယ်တွေ့ ကြုံဖူးခဲ့တဲ့
မြန်မာနိုင်ငံဖွား အာမေးနီးယားလူမျိုး ဒီအက်စ်အပရမေ ကပြောကြားခဲ့တယ်လို့ ၁၃. ၃. ၆၈ နေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြခဲ့တာကို
ကျီးမနိုးတင်ဝင်း (ပေါင်းတည်) ရဲ့ပြန်လည်ဖော်ပြချက်အရ သိရှိရပါတယ်။
မစ္စတာအပရမေ ကို ကြေးမုံသတင်းစာက တွေ့ဆုံမေးမြန်းရာမှာ ၁၉၀၄ခု၊ သူ့ရဲ့ အသက်(၇) နှစ်သားအရွယ်မှာ သူငယ်ချင်းတွေနဲ့ အတူ
ရွှေတိဂုံဘုရားကို သွားရောက်ခဲ့တယ်။ ရွှေတိဂုံရင်ပြင်တော်ရဲ့ အရှေ့မြောက်ထောင့်၊ တနင်္ဂနွေထောင့်ရှိ ဌာပနာတိုက်ဝကို ရောက်တဲ့အခါမှာ
ရသေ့ကြီးတစ်ပါးနဲ့ တွေ့လို့ ချဉ်းကပ်တောင်းပန်ပြီး ဌာပနာတိုက်ထဲကို ဆင်းခဲ့တယ်လို့ ဆိုပါတယ်။ ရသေ့ကြီးရဲ့ခွင့်ပြုချက် အရ




ဌာပနာတိုက်ထဲကို ဆင်းသွားတဲ့လမ်း တစ်လျှောက်လုံးမှာ ယောဂီဝတ်နဲ့ နီဝါရောင်ဝတ် ပုဂ္ဂိုလ် (၇) ဦးကို
(၈) ပေ၊ (၉) ပေစီခြားပြီးတွေ့ရတယ်လို့ ဆိုပါ တယ်။ ဌာပနာတိုက်ရဲ့ ပတ်ပတ်လည် ကို အုတ်များနဲ့ အခန်း (၃၆) ခန်း တည်ဆောက် ထားတယ်။
အလယ်တိုင် မရှိ ဘူး။ အလယ် ဗဟိုမှာတော့ (၁၀) ပေ ပတ်လည်လောက် ရှိတဲ့ ရေတွင်းရှိတယ်။
ရေတွင်းဟာ ပင်လယ်ရေ အတက်အကျ အလိုက် ရေအနိမ့်အမြင့် ဖြစ်ပေါ်တယ်လို့ ဆိုပါတယ်။ ရေတွင်းထဲမှာ အလျား (၆) ပေခွဲခန့် ရှိပြီး
ကျောက်မျက်ရတနာများနဲ့ စီချယ်ထားတဲ့ ရွှေ ကရဝိတ်လှေ တစ်စင်း ရှိတယ်။ လှေဟာ ဒီရေ အတက်အကျ အလိုက် ရေတွင်းထဲမှာ




အနိမ့်အမြင့် လှုပ်ရှားနေတယ်။ ကရဝိတ် ရွှေလှေပေါ်မှာ ဆံတော်များလို့ ယူဆရတဲ့ ဌာပနာတွေ ကိန်းဝပ်လျှက် ရှိတယ်။
ဒါပေမဲ့ပု ဝါလွှမ်းထားလို့ ဆံတော်လို့ အတိအကျ မပြောနိုင်ဘူးလို့ ဆိုပါတယ်။ ဌာပနာတိုက်ရဲ့ ထူခြားချက်မှာ တစ်ခန်းလုံး ထိန်လင်းနေခြင်း ဖြစ်တယ်။
တစ်ခုတည်းသော အလင်းရောင်ဟာ အချိန်အခါမရွေး ရွှေလှေပေါ်ကို အချိန်မရွေး ထိုးစိုက်ကျရောက်နေတယ်။ ထုထည် ကြီးမားလှတဲ့
စေတီအဆောက်အအုံကြီးကို ပင်မ အလယ်တိုင်မပါ၊ သံယက်မ မရှိပဲ ကျောက်တုံးကျောက်ခဲများနဲ့ သာ တည်ဆောက်ခဲ့တယ်။
ပင်လယ်ရေ ဝင်ပေါက်၊ ထွက်ပေါက်နဲ့ အလင်းရောင် ယူထားပုံက ရှေးဗိသုကာတွေရဲ့ လက်ရာဖြစ်တယ်။ ခမ်းနား ဆန်းကြယ်တဲ့ ဌာပနာတိုက်ကို




ကိုယ်တိုင် တွေ့မြင်ခဲ့ရတာဖြစ်လို့ နှောင်းလူတွေ သုတေသန ပြုနိုင်အောင် ရွှေတိဂုံဂေါပကအဖွဲ့ကို မြေပုံဆွဲလို့ တင်ပြခဲ့တယ်။
ရွှေတိဂုံ ဂေါပကအဖွဲ့ကလည်း မစ္စတာအပရမေကို တွေ့ဆုံ မေးမြန်းပြီး ဌာပနာတိုက် တည်နေရာကို လိုက်လံပြသစေတဲ့ အခါမှာ
ဌာပနာတိုက် လှိုဏ်ဂူဟာ ရွှေတိဂုံရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ ဆုတောင်းပြည့် ဘုရားနဲ့ ဆုတောင်းပြည့် တန်ဆောင်း နေရာမှာ ရှိတယ် ဆိုပေမဲ့လည်း
နောက်တိုး တန်ဆောင်းတွေနဲ့ ဘုရားများ ထပ်မံ မွမ်းမံ ပြင်ဆင်ထားမှုကြောင့် အတိအကျ ပြသနိုင်ခြင်းမရှိပဲ
ဆုတောင်းပြည့် စေတီရဲ့ လှိုဏ်ဂူအောက်မှာသာ ရှိတယ်လို့ ခန့်မှန်းညွှန်ပြ သွားနိုင်တယ်လို့ သိရပါတယ်။




မစ္စတာအပရမေ ကို လွစ္စလမ်း (ယခု ဆိပ်ကမ်းသာလမ်း) အမှတ် (၂၅) မှာ ၁၈၉၅ ခုနှစ်က ဖွားမြင်ခဲ့တာပါ။
မိဘများမှာ မစ္စတာအက်စ်အပရမေ နဲ့ မစ္စက်ရိုစ်လူကပ်စ် တို့ဖြစ်ပါတယ်။
မြန်မာအမျိုးသမီး ဒေါ်သိန်းရွှေနဲ့အိမ်ထောင်ကျပြီး သားသမီး ၅ ယောက် ထွန်းကားခဲ့ကာ သားသမီးမြေးများနဲ့အတူ
ဘောက်ထော်မှာ နေထိုင်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ မစ္စတာအပရမေ ကို ယနေ့ကြေးမုံက တွေ့ဆုံမြေးမြန်းပြီး
၁၃. ၃. ၆၈ နေ့မှာ ဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။တွေ့ဆုံ မေးမြန်းချိန်မှာ မစ္စတာအပရမေ ဟာ (၇၃) နှစ်ရှိပြီလို့ ဖော်ပြ ထားပါတယ်။




ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကိုးကွယ်တဲ့ ရွှေတိဂုံဘုရားကြီးရဲ့အောက် ပေ (၆၀) ခန့် အကွာမှာ တည်ရှိတဲ့
ဆံတော်တွင်း ဌာပနာတိုက်ကြီးအကြောင်း ကို နှောင်းလူများ သိရှိစေရန် ထပ်မံ ဖော်ပြရခြင်း ဖြစ်ပါတယ်။
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။
=====================
Zawgyi
ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီး၏ ေအာက္က လွ်ိဳ႕ဝွက္ခ်က္ႀကီး ( ၂ ) ခု အေၾကာင္း
ေ႐ႊတိဂုံ ေစတီေတာ္ႀကီးဟာ ျမန္မာလူမ်ိဳးတို႔ရဲ႕ အထြတ္အျမတ္ေနရာတစ္ခု ျဖစ္ပါတယ္။ ျမန္မာဆိုတာနဲ႔ ေ႐ႊတိဂုံေစတီေတာ္ႀကီးကို
တန္းျမင္ေယာင္မိေလာက္ေအာင္ ထင္ရွားပါတယ္။ ျမန္မာႏိုင္ငံကို လာေရာက္လည္ပါတ္တဲ့ ႏိုင္ငံျခားသားမ်ားေတာင္
မျဖစ္မေန ေရာက္ေအာင္ သြားဖူးၾကတဲ့ ေနရာမို႔ ျမန္မာလူမ်ိဳးေတြကေတာ့ ေ႐ႊတိဂုံဘုရားမေရာက္ဖူးသူ ရွားလွပါတယ္ ။
သို႔ေသာ္လည္း ေ႐ႊတိဂုံဘုရားရဲ႕ ေစတီေတာ္ေအာက္က လ်ိဳ႕ဝွက္ခ်က္ေတြ အေၾကာင္းေရာ သိၾကလားလို႔ ေမးရင္…




ၾကားဖူးသူလဲ ရွိသလို မၾကားဖူးသူမ်ားလဲ ရွိမွာပါ။ ေရွးေခတ္က အာေမးနီးယန္းလူမ်ိဳး တစ္ေယာက္ကေတာ့
ေ႐ႊတိဂုံေစတီေတာ္ေအာက္က လ်ိဳ႕ဝွက္ခ်က္ ၂ ခု ကို ေျပာျပ ခဲ့ဖူးပါတယ္။ ဗုဒၶဘာသာဝင္ ျမန္မာလူမ်ိဳးတို႔ရဲ႕ ယုံၾကည္ကိုးကြယ္ရာ ေစတီေတာ္ႀကီးျဖစ္တဲ့
ေ႐ႊတိဂုံေစတီေတာ္ႀကီးေအာက္မွာ ပင္လယ္ေရ အတက္အက် အလိုက္ ေရ အနိမ့္အျမင့္ျဖစ္ေပၚေစတဲ့ (၁၀) ေပပတ္လည္ေလာက္ရွိတဲ့
ေရတြင္းနဲ႔ အဲဒီေရတြင္းထဲမွာ (၆) ေပခြဲေလာက္ရွိၿပီး ရတနာမ်ား စီခ်ယ္ထားတဲ့ ေ႐ႊေလွ တစ္စီး ရွိတယ္လို႔ မ်က္ျမင္ကိုယ္ေတြ႕ ႀကဳံဖူးခဲ့တဲ့
ျမန္မာႏိုင္ငံဖြား အာေမးနီးယားလူမ်ိဳး ဒီအက္စ္အပရေမ ကေျပာၾကားခဲ့တယ္လို႔ ၁၃. ၃. ၆၈ ေန႔ထုတ္ ေၾကးမုံသတင္းစာမွာ ေဖာ္ျပခဲ့တာကို




က်ီးမႏိုးတင္ဝင္း (ေပါင္းတည္) ရဲ႕ျပန္လည္ေဖာ္ျပခ်က္အရ သိရွိရပါတယ္။
မစၥတာအပရေမ ကို ေၾကးမုံသတင္းစာက ေတြ႕ဆုံေမးျမန္းရာမွာ ၁၉၀၄ခု၊ သူ႔ရဲ႕ အသက္(၇) ႏွစ္သားအ႐ြယ္မွာ သူငယ္ခ်င္းေတြနဲ႔ အတူ
ေ႐ႊတိဂုံဘုရားကို သြားေရာက္ခဲ့တယ္။ ေ႐ႊတိဂုံရင္ျပင္ေတာ္ရဲ႕ အေရွ႕ေျမာက္ေထာင့္၊ တနဂၤေႏြေထာင့္ရွိ ဌာပနာတိုက္ဝကို ေရာက္တဲ့အခါမွာ
ရေသ့ႀကီးတစ္ပါးနဲ႔ ေတြ႕လို႔ ခ်ဥ္းကပ္ေတာင္းပန္ၿပီး ဌာပနာတိုက္ထဲကို ဆင္းခဲ့တယ္လို႔ ဆိုပါတယ္။ ရေသ့ႀကီးရဲ႕ခြင့္ျပဳခ်က္ အရ
ဌာပနာတိုက္ထဲကို ဆင္းသြားတဲ့လမ္း တစ္ေလွ်ာက္လုံးမွာ ေယာဂီဝတ္နဲ႔ နီဝါေရာင္ဝတ္ ပုဂၢိဳလ္ (၇) ဦးကို
(၈) ေပ၊ (၉) ေပစီျခားၿပီးေတြ႕ရတယ္လို႔ ဆိုပါ တယ္။ ဌာပနာတိုက္ရဲ႕ ပတ္ပတ္လည္ ကို အုတ္မ်ားနဲ႔ အခန္း (၃၆) ခန္း တည္ေဆာက္ ထားတယ္။
အလယ္တိုင္ မရွိ ဘူး။ အလယ္ ဗဟိုမွာေတာ့ (၁၀) ေပ ပတ္လည္ေလာက္ ရွိတဲ့ ေရတြင္းရွိတယ္။




ေရတြင္းဟာ ပင္လယ္ေရ အတက္အက် အလိုက္ ေရအနိမ့္အျမင့္ ျဖစ္ေပၚတယ္လို႔ ဆိုပါတယ္။ ေရတြင္းထဲမွာ အလ်ား (၆) ေပခြဲခန႔္ ရွိၿပီး
ေက်ာက္မ်က္ရတနာမ်ားနဲ႔ စီခ်ယ္ထားတဲ့ ေ႐ႊ ကရဝိတ္ေလွ တစ္စင္း ရွိတယ္။ ေလွဟာ ဒီေရ အတက္အက် အလိုက္ ေရတြင္းထဲမွာ
အနိမ့္အျမင့္ လႈပ္ရွားေနတယ္။ ကရဝိတ္ ေ႐ႊေလွေပၚမွာ ဆံေတာ္မ်ားလို႔ ယူဆရတဲ့ ဌာပနာေတြ ကိန္းဝပ္လွ်က္ ရွိတယ္။
ဒါေပမဲ့ပု ဝါလႊမ္းထားလို႔ ဆံေတာ္လို႔ အတိအက် မေျပာႏိုင္ဘူးလို႔ ဆိုပါတယ္။ ဌာပနာတိုက္ရဲ႕ ထူျခားခ်က္မွာ တစ္ခန္းလုံး ထိန္လင္းေနျခင္း ျဖစ္တယ္။
တစ္ခုတည္းေသာ အလင္းေရာင္ဟာ အခ်ိန္အခါမေ႐ြး ေ႐ႊေလွေပၚကို အခ်ိန္မေ႐ြး ထိုးစိုက္က်ေရာက္ေနတယ္။ ထုထည္ ႀကီးမားလွတဲ့
ေစတီအေဆာက္အအုံႀကီးကို ပင္မ အလယ္တိုင္မပါ၊ သံယက္မ မရွိပဲ ေက်ာက္တုံးေက်ာက္ခဲမ်ားနဲ႔ သာ တည္ေဆာက္ခဲ့တယ္။




ပင္လယ္ေရ ဝင္ေပါက္၊ ထြက္ေပါက္နဲ႔ အလင္းေရာင္ ယူထားပုံက ေရွးဗိသုကာေတြရဲ႕ လက္ရာျဖစ္တယ္။ ခမ္းနား ဆန္းၾကယ္တဲ့ ဌာပနာတိုက္ကို
ကိုယ္တိုင္ ေတြ႕ျမင္ခဲ့ရတာျဖစ္လို႔ ေႏွာင္းလူေတြ သုေတသန ျပဳႏိုင္ေအာင္ ေ႐ႊတိဂုံေဂါပကအဖြဲ႕ကို ေျမပုံဆြဲလို႔ တင္ျပခဲ့တယ္။
ေ႐ႊတိဂုံ ေဂါပကအဖြဲ႕ကလည္း မစၥတာအပရေမကို ေတြ႕ဆုံ ေမးျမန္းၿပီး ဌာပနာတိုက္ တည္ေနရာကို လိုက္လံျပသေစတဲ့ အခါမွာ
ဌာပနာတိုက္ လႈိဏ္ဂူဟာ ေ႐ႊတိဂုံရင္ျပင္ေတာ္ တနဂၤေႏြေထာင့္ရွိ ဆုေတာင္းျပည့္ ဘုရားနဲ႔ ဆုေတာင္းျပည့္ တန္ေဆာင္း ေနရာမွာ ရွိတယ္ ဆိုေပမဲ့လည္း
ေနာက္တိုး တန္ေဆာင္းေတြနဲ႔ ဘုရားမ်ား ထပ္မံ မြမ္းမံ ျပင္ဆင္ထားမႈေၾကာင့္ အတိအက် ျပသႏိုင္ျခင္းမရွိပဲ
ဆုေတာင္းျပည့္ ေစတီရဲ႕ လႈိဏ္ဂူေအာက္မွာသာ ရွိတယ္လို႔ ခန႔္မွန္းၫႊန္ျပ သြားႏိုင္တယ္လို႔ သိရပါတယ္။
မစၥတာအပရေမ ကို လြစၥလမ္း (ယခု ဆိပ္ကမ္းသာလမ္း) အမွတ္ (၂၅) မွာ ၁၈၉၅ ခုႏွစ္က ဖြားျမင္ခဲ့တာပါ။




မိဘမ်ားမွာ မစၥတာအက္စ္အပရေမ နဲ႔ မစၥက္႐ိုစ္လူကပ္စ္ တို႔ျဖစ္ပါတယ္။
ျမန္မာအမ်ိဳးသမီး ေဒၚသိန္းေ႐ႊနဲ႔အိမ္ေထာင္က်ၿပီး သားသမီး ၅ ေယာက္ ထြန္းကားခဲ့ကာ သားသမီးေျမးမ်ားနဲ႔အတူ
ေဘာက္ေထာ္မွာ ေနထိုင္တယ္လို႔ သတင္းမွာ ေဖာ္ျပထားပါတယ္။ မစၥတာအပရေမ ကို ယေန႔ေၾကးမုံက ေတြ႕ဆုံေျမးျမန္းၿပီး
၁၃. ၃. ၆၈ ေန႔မွာ ေဖာ္ျပခဲ့ျခင္း ျဖစ္ပါတယ္။ေတြ႕ဆုံ ေမးျမန္းခ်ိန္မွာ မစၥတာအပရေမ ဟာ (၇၃) ႏွစ္ရွိၿပီလို႔ ေဖာ္ျပ ထားပါတယ္။
ဗုဒၶဘာသာဝင္ေတြ ယုံၾကည္ကိုးကြယ္တဲ့ ေ႐ႊတိဂုံဘုရားႀကီးရဲ႕ေအာက္ ေပ (၆၀) ခန႔္ အကြာမွာ တည္ရွိတဲ့
ဆံေတာ္တြင္း ဌာပနာတိုက္ႀကီးအေၾကာင္း ကို ေႏွာင္းလူမ်ား သိရွိေစရန္ ထပ္မံ ေဖာ္ျပရျခင္း ျဖစ္ပါတယ္။
မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ျပန္လည္ မွ်ေဝျခင္း ျဖစ္ပါသည္။