အိန္ဒိယကျောက်ဖျာကြီးနဲ့ ဗမာကျောက်ဖျာကြီး နှစ်ချပ်ဆက်နေတဲ့နေရာ (ကပ္ပလီကျွန်းစုနား) မှာ ပွတ်တိုက်မှုတွေ ကြီးကြီးမားမားဖြစ်နေတယ်လို့ သိရပါတယ်။
ကပ္ပလီပင်လယ်တွင်းမှာ ရေအောက်မြေငလျင်အကြီးလှုပ်နိုင်ဖို့ ရှိနိုင်ပြီး ဆူနာမီဖြစ်နိုင်ခြေရှိတဲ့အတွက် မြန်မာကမ်းရိုးတမ်းဒေသများ၊ ထိုင်းနိုင်ငံတောင်ဖက်၊ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြား၊ သီရိလင်္ကာ၊ အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ကမ်းခြေဒေသများ အထူးသတိထားသင့်ကြောင်း သတိပေးနေကြပါတယ်။

မြေငလျင်သိပ္ပံပညာရှင်တွေကလည်း ၂၀၀၄ခုနှစ် ခရစ္စမတ်နေ့ နောက်တစ်ရက်မှာ ဖြစ်သွားတဲ့ ငလျင်ကြီးနဲ့ ဆူနာမီကြီးလို ထပ်ဖြစ်ဖို့ ရှိနေတယ်ဆိုတာကို အင်ဒိုနီးရှားနိုင်ငံက ကျွန်းမြို့တွေကို လွန်ခဲ့တဲ့ လများကတည်းက သတိပေးနေခဲ့တာဖြစ်ပါတယ်။
ပုံပါ တောင်မြောက် အနီရောင် အစင်းကြီးဟာ အိန္ဒိယကျောက်ဖျာနဲ့ ဗမာကျောက်ဖျာ ဆက်စပ်နေတဲ့နေရာဖြစ်ပြီး၊ အနီရောင်၊ အဝါရောင်အဝိုင်းတွေဟာ ကျောက်ဖျာကြီးနှစ်ခု ပွတ်တိုက်မှုကြောင့် ငလျင်အသေးတွေ လှုပ်နေတဲ့နေရာများဖြစ်ပါတယ်။

ယမန်နေ့ ၀၄/၀၇/၂၀၂၂ နေ့ တစ်ရက်တည်းမှာတင် ကပ္ပလီကျွန်းစုတောင်ဖက် နေရာမှာ ငလျင်အသေး (၁၆)ကြိမ်လောက် (အနီရောင်အဝိုင်းများ) လှုပ်သွားခဲ့ပြီး၊ ယခင်အပတ်က (၁၃)ကြိမ်ကျော် (အဝါရောင်အဝိုင်းများ) လှုပ်သွားခဲ့ပါတယ်။
ကျောက်ဖျာနှစ်ချပ် ထိစပ်နေတဲ့နေရာမှာ တစ်ခုနဲ့တစ်ခု တွန်းတိုက်မှု ဖိအားများလာပြီး ငလျင်အကြီး ဖြစ်ခါနီးမှာ အဲဒီ ငလျင်ကြီး ဖြစ်တော့မဲ့နေရာတစ်ဝိုက် ငလျင်ငယ်လေးတွေ စိတ်စိတ်လှုပ်တတ်တဲ့ သဘာဝဖြစ်ပါတယ်။
မူရင်းလင့် https://www.facebook.com/…/a.134334037…/1014598675755223