မြေငလျင် အန္တရာယ် အထူးသတိပေး ထုတ်ပြန်ချက် ( အရေးကြီးပါတယ် )

News

အိန္ဒိယကျောက်ဖျာကြီးနဲ့ ဗမာကျောက်ဖျာကြီး နှစ်ချပ်ဆက်နေတဲ့နေရာ (ကပ္ပလီကျွန်းစုနား) မှာ ပွတ်တိုက်မှုတွေ ကြီးကြီးမားမားဖြစ်နေတယ်လို့ သိရပါတယ်။

ကပ္ပလီပင်လယ်တွင်းမှာ ရေအောက်မြေငလျင်အကြီးလှုပ်နိုင်ဖို့ ရှိနိုင်ပြီး ဆူနာမီဖြစ်နိုင်ခြေရှိတဲ့အတွက် မြန်မာကမ်းရိုးတမ်းဒေသများ၊

ထိုင်းနိုင်ငံတောင်ဖက်၊ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြား၊ သီရိလင်္ကာ၊ အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ကမ်းခြေဒေသများ

အထူးသတိထားသင့်ကြောင်း သတိပေးနေကြပါတယ်။မြေငလျင်သိပ္ပံပညာရှင်တွေကလည်း ၂၀၀၄ခုနှစ် ခရစ္စမတ်နေ့ နောက်တစ်ရက်မှာ ဖြစ်သွားတဲ့

ငလျင်ကြီးနဲ့ ဆူနာမီကြီးလို ထပ်ဖြစ်ဖို့ ရှိနေတယ်ဆိုတာကို အင်ဒိုနီးရှားနိုင်ငံက ကျွန်းမြို့တွေကို လွန်ခဲ့တဲ့ လများကတည်းက သတိပေးနေခဲ့တာဖြစ်ပါတယ်။

မြေပုံထဲမှာပါတဲ့ တောင်မြောက် အနီရောင် အစင်းကြီးဟာ အိန္ဒိယကျောက်ဖျာနဲ့ ဗမာကျောက်ဖျာ ဆက်စပ်နေတဲ့နေရာဖြစ်ပြီး၊

အနီရောင်၊ အဝါရောင်အဝိုင်းတွေဟာ ကျောက်ဖျာကြီးနှစ်ခု ပွတ်တိုက်မှုကြောင့် ငလျင်အသေးတွေ လှုပ်နေတဲ့နေရာများဖြစ်ပါတယ်။

၄-၇-၂၀၂၂ တစ်ရက်တည်းမှာတင် ကပ္ပလီကျွန်းစုတောင်ဖက် နေရာမှာ ငလျင်အသေး (၁၆)ကြိမ်လောက် (အနီရောင်အဝိုင်းများ) လှုပ်သွားခဲ့ပြီး၊

ယခင်အပတ်က (၁၃)ကြိမ်ကျော် (အဝါရောင်အဝိုင်းများ) လှုပ်သွားခဲ့ပါတယ်။ ကျောက်ဖျာနှစ်ချပ် ထိစပ်နေတဲ့နေရာမှာ

တစ်ခုနဲ့တစ်ခု တွန်းတိုက်မှု ဖိအားများလာပြီး ငလျင်အကြီး ဖြစ်ခါနီးမှာ အဲဒီ ငလျင်ကြီး ဖြစ်တော့မဲ့နေရာတစ်ဝိုက်

ငလျင်ငယ်လေးတွေ စိတ်စိတ်လှုပ်တတ်တဲ့ သဘာဝဖြစ်ပါတယ်။ (Ye William)

Credit

===============

Zawgyi

အိႏၵိယေက်ာက္ဖ်ာႀကီးနဲ႔ ဗမာေက်ာက္ဖ်ာႀကီး ႏွစ္ခ်ပ္ဆက္ေနတဲ့ေနရာ (ကပၸလီကြၽန္းစုနား) မွာ ပြတ္တိုက္မႈေတြ ႀကီးႀကီးမားမားျဖစ္ေနတယ္လို႔ သိရပါတယ္။

ကပၸလီပင္လယ္တြင္းမွာ ေရေအာက္ေျမငလ်င္အႀကီးလႈပ္ႏိုင္ဖို႔ ရွိႏိုင္ၿပီး ဆူနာမီျဖစ္ႏိုင္ေျခရွိတဲ့အတြက္ ျမန္မာကမ္း႐ိုးတမ္းေဒသမ်ား၊

ထိုင္းႏိုင္ငံေတာင္ဖက္၊ အင္ဒိုနီးရွားႏိုင္ငံ ဆူမားၾတား၊ သီရိလကၤာ၊ အိႏၵိယႏိုင္ငံ အေရွ႕ပိုင္း ကမ္းေျခေဒသမ်ား

အထူးသတိထားသင့္ေၾကာင္း သတိေပးေနၾကပါတယ္။ေျမငလ်င္သိပၸံပညာရွင္ေတြကလည္း ၂၀၀၄ခုႏွစ္ ခရစၥမတ္ေန႔ ေနာက္တစ္ရက္မွာ ျဖစ္သြားတဲ့

ငလ်င္ႀကီးနဲ႔ ဆူနာမီႀကီးလို ထပ္ျဖစ္ဖို႔ ရွိေနတယ္ဆိုတာကို အင္ဒိုနီးရွားႏိုင္ငံက ကြၽန္းၿမိဳ႕ေတြကို လြန္ခဲ့တဲ့ လမ်ားကတည္းက သတိေပးေနခဲ့တာျဖစ္ပါတယ္။

ေျမပုံထဲမွာပါတဲ့ ေတာင္ေျမာက္ အနီေရာင္ အစင္းႀကီးဟာ အိႏၵိယေက်ာက္ဖ်ာနဲ႔ ဗမာေက်ာက္ဖ်ာ ဆက္စပ္ေနတဲ့ေနရာျဖစ္ၿပီး၊

အနီေရာင္၊ အဝါေရာင္အဝိုင္းေတြဟာ ေက်ာက္ဖ်ာႀကီးႏွစ္ခု ပြတ္တိုက္မႈေၾကာင့္ ငလ်င္အေသးေတြ လႈပ္ေနတဲ့ေနရာမ်ားျဖစ္ပါတယ္။

၄-၇-၂၀၂၂ တစ္ရက္တည္းမွာတင္ ကပၸလီကြၽန္းစုေတာင္ဖက္ ေနရာမွာ ငလ်င္အေသး (၁၆)ႀကိမ္ေလာက္ (အနီေရာင္အဝိုင္းမ်ား) လႈပ္သြားခဲ့ၿပီး၊

ယခင္အပတ္က (၁၃)ႀကိမ္ေက်ာ္ (အဝါေရာင္အဝိုင္းမ်ား) လႈပ္သြားခဲ့ပါတယ္။ ေက်ာက္ဖ်ာႏွစ္ခ်ပ္ ထိစပ္ေနတဲ့ေနရာမွာ

တစ္ခုနဲ႔တစ္ခု တြန္းတိုက္မႈ ဖိအားမ်ားလာၿပီး ငလ်င္အႀကီး ျဖစ္ခါနီးမွာ အဲဒီ ငလ်င္ႀကီး ျဖစ္ေတာ့မဲ့ေနရာတစ္ဝိုက္

ငလ်င္ငယ္ေလးေတြ စိတ္စိတ္လႈပ္တတ္တဲ့ သဘာဝျဖစ္ပါတယ္။ (Ye William)

Credit

Leave a Reply

Your email address will not be published.