ထိုင်းနိုင်ငံ ရဲ့ ဝေလငါးပုံစံ ဧရာမကျောက် တုံးကြီးသုံးတုံးရဲ့ Unseen နေရာလေးတစ်ခုဖြစ်တဲ့ Three Whale Rock

Knowledge

ထိုင်းနိုင်ငံ ရဲ့ ဝေလငါးပုံစံ ဧရာမကျောက် တုံးကြီးသုံးတုံးရဲ့ Unseen နေရာလေးတစ်ခုဖြစ်တဲ့ Three Whale Rock

ထိုင်းနိုင်ငံက Hin Sam Wan ( Three Whale Rock) လို့ ခေါ်တဲ့ သဲကျောက်တုံးကြီးတွေဟာ ထိုင်းနိုင်ငံ၊ အရှေ့မြောက်ပိုင်း ဘန်ခန်းပြည်နယ် မှာတည်ရှိပါတယ်။

၂၀၁၈ ခုနှစ်တုန်းက ဆိုရှယ်မီဒီယာပေါ်ရေပန်းစားခဲ့ပြီး အလျင်အမြန်ပျံ့နှံ့ခဲ့တဲ့ ဝေလငါးပုံစံ ဧရာမကျောက် တုံးကြီးသုံးတုံးရဲ့ ဓာတ်ပုံတွေကြောင့် ခရီးသွားတွေရဲ့

အာရုံစိုက်ခြင်းကို ခံခဲ့ရပါတယ်။

စိမ်းစိုနေတဲ့ သစ်ပင် သစ်တောကြားတဲ့ အလျားလိုက် လဲလျောင်းနေတဲ့ ဝေလငါး သုံးကောင်ဟာ ခရီးသွားများကို မျက်စိကျအောင်စွဲဆောင်လျှက်ရှိပါတယ်။

သွားရောက် လည်ပါတ်တဲ့အခါ

လက်ရန်း တွေမရှိလို့ ကျောက်တုံးပေါ်ကနေ ပြုတ်ကျနိုင်တာကိုတော့ သတိပြုရပါမယ်။

ကလေးတွေ နဲ့သွားရောက်လည်ပါတ်တဲ့အခါအထူးဂရုစိုက်သင့်ပါတယ်။

ထိုင်း National Park Fee လက်မှတ်ဝယ်စရာမလိုပါဘူး ၊ လာကြိုပေးမယ့် ကားရှိပါတယ် ၊ ကားအတွက် ဘတ် ၅၀၀ သာ ပေးရပါတယ်။

ရွံ့နွံ့တွေနဲ့ မတ်စောက်တဲ့ တောင်တန်းတွေတက်ဖို့၊ တွင်းနက်တဲ့ ရွှံ့ချိုင့်ခွက်ကြီးတွေကို ဖြတ်သန်းမောင်းသွားရပြီး ၂ နာရီ ၃ နာရီ အကြာကားစီးရပါတယ်။

Hin Sam Wan ( Three Whale Rock) က Phu Singh သစ်တော ဥယျာဉ်က တခြား ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာကောင်းတဲ့ တောင်အမြင့်တက် ခရီးသွားလို့ရ မယ့် ကျောက်ဆောင်တွေလည်းရှိပါတယ်။

ဒေသခံတွေက အင်္ဂလိပ်စကား ကျယ်ကျယ်ပြန့်ပြန့် မပြောတတ်ကြသေးလို့ ထိုင်းစကားပြောတတ်တဲ့ ခရီးသွားဖော်တော့ ခေါ်သွားဖို့ အကြံပြုပေးချင်ပါတယ်။

Ref:travelfish

#ဘန်ကောက်လမ်းညွန်ကိုစိုင်း

zawgyi













Ref:travelfish


Leave a Reply

Your email address will not be published.