ရန်ကုန်မှာ ၄.၉ အဆင့် ငလျင် လှုပ်၊ ကိုကိုးကျွန်းမှာ (၂၄) ကြိမ်လှုပ်၊ ငလျပ်ထပ်လှုပ်နိုင်ချေရှိဟုဆို

News

၅.၇.၂၀၂၂ ယနေ့အန်ဒမန်ပင်လယ်အခြေအနေ၊ ၈ နာရီအချိန်အတောအတွင်း နီကိုဘားကျွန်းများနှင့်

အန်ဒမန်ပင်လယ်ပြင်အောက်ကို ဗဟိုပြုပြီး ၅.၀ အောက်ငလျင်ငယ်များ ၂၄ ကြိမ် ထပ်မံလှုပ်ရှားသွားခဲ့ပါသည်။

ရန်ကုန်မြို့မှလည်း ယနေ့မနက် ၇:၃၉ နာရီအချိန်တွင် ၄.၉ အဆင့်ငလျင်လှုပ်ရှားမှုအား သိသိသာသာ ခံစားခဲ့ကြရပြီး

တစ်မြိုံ့လုံးတုန်ခါမှုဖြစ်ပေါ်ခဲ့သည်။ ယခုလက်ရှိတွင် မြန်မာနိုင်ငံတောင်ပိုင်းက Myanmar micro plate မှာ

ပြီးခဲ့သည့် ၂၄ နာရီအတွင်း တက်ကြွမှုအရှိဆုံးကာလဖြစ်နေသောကြောင့် ဆက်လက်ပြီးအထူးသတိပြုနေထိုင်ကြပါရန် လိုအပ်သည်။

မိဘပြည်သူများဘေးကင်းကြပါစေ။ (မြေငလျင်သတင်းများစင်တာ)

အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု ဒီနေ့ဇူလိုင် ၅ ရက်မနက် ၈ နာရီမထိုးခင်မှာ လှုပ်ခတ်သွားတယ်လို့

ငလျင်လှုပ်တာကိုခံစားသိရှိသူတွေက လူမှုကွန်ရက်မှာပြောနေကြပါတယ်။ ဒီလှုပ်ခတ်မှုကို သာကေတ၊ အင်းစိန်၊

စမ်းချောင်း၊ ကမာရွတ် စတဲ့ ရန်ကုန်မြို့တွင်းက မြို့နယ်နေသူ အတော်များများ သိရှိလိုက်ကြတယ်လို့ သိရပါတယ်။

ငလျင်လှုပ်သွားတာ လန့်တောင်သွားတယ်။ အိမ်အပေါ်ထပ် ဘယ်သူပြေးနေသလဲလို့တောင်ထင်တာ အတော်လေး သိသာပါတယ်။”လို့

မြောက်ဥက္ကလာပ မြိူ့နယ်မှာ နေထိုင်သူ တစ်ဦးကပြောပါတယ်။အဆိုပါ ငလျင်လှုပ်ခတ်မှုဒဏ်ကို

ရန်ကုန်တိုင်းဒေသကြး အတွင်းရှိ မြို့နယ်အများစုတွင် သိရှိခံစားလိုက်ရခြင်းဖြစ်ပြီး ဒဂုံဆိပ်ကမ်းမြို့နယ်၊ အင်းစိန်မြို့နယ်၊

မြောက်ဥက္ကလာပမြို့နယ်တို့တွင် လှုပ်ခတ် တုန်ခါမှုဒဏ်ကို ပိုမို သိရှိခံစားလိုက်ရတာဖြစ်တယ်လို့လည်း ရန်ကုန်မြို့နေ ပြည်သူတွေက ပြောပါတယ်။

“တိုက်ကိုရမ်းသွားတယ် ၂ ချက် ၃ ချက်လောက် ငလျင်လှုပ်တာပါ၊ ကျနော်ကအိပ်ယာကအထ ငလျင်က လှုပ်တာ

အတော်လေးတောင်လန့်သွားတယ်။ ကျနော်တို့ ယုဇနတိုက်တွေကသိပ်မကောင်းတော့ ငလျင်ဒဏ်တို့

သဘာဝဘေးဒဏ်တို့ဆိုရင် ကြောက်ရပါတယ်။”လို့ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်တွင် နေထိုင်သူတစ်ဦးက ပြောပြခဲ့ပါတယ်။

မြေငလျင်သတင်းစင်တာ၏ ထုတ်ပြန်ချက်အရ ယနေ့မနက် လှုပ်ခတ်သောမြေငလျင်သည် ရန်ကုန်မြို့မှလည်း

မနက် ၇ နာရီ ၃၉ မိနစ်အချိန်တွင် ၄.၉ အဆင့်ငလျင်လှုပ်ရှားမှုအား သိသိသာသာ ခံစားခဲ့ကြရပြီး

တစ်မြိုံ့လုံးတုန်ခါမှုဖြစ်ပေါ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ယခုလက်ရှိတွင် မြန်မာနိုင်ငံတောင်ပိုင်းက

Myanmar micro plate မှာ ပြီးခဲ့သည့် ၂၄ နာရီအတွင်း တက်ကြွမှုအရှိဆုံးကာလဖြစ်နေသောကြောင့်

ဆက်လက်ပြီးအထူးသတိပြုနေထိုင်ကြပါရန် လိုအပ်တယ်လို့ မြေငလျင်ပညာရှင်တွေက အကြံပြုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီ၏ မိုး/ဇလဌာန ထုတ်ပြန်ချက်အရ ယနေ့ ဇူလိုင်လ (၅)ရက်နေ့ မြန်မာစံတော်ချိန် (၀၇)နာရီ၊ (၃၉)မိနစ်၊ (၀၃) စက္ကန့်အချိန်တွင်

ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် (၂) မိုင် ခန့်ကွာဝေးသော

မြန်မာနိုင်ငံပြည်တွင်း ရန်ကုန်မြို့(လှိုင်မြို့နယ်)၏ အရှေ့မြောက်ဘက် (၁)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၆.၈၆) ဒီဂရီ၊

အရှေ့လောင်ဂျီတွဒ် (၉၆.၁၃)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၀) အဆင့်ရှိ

အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း တိုင်းထွာရရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

Credit

=============

Zawgyi

၅.၇.၂၀၂၂ ယေန႔အန္ဒမန္ပင္လယ္အေျခအေန၊ ၈ နာရီအခ်ိန္အေတာအတြင္း နီကိုဘားကြၽန္းမ်ားႏွင့္

အန္ဒမန္ပင္လယ္ျပင္ေအာက္ကို ဗဟိုျပဳၿပီး ၅.၀ ေအာက္ငလ်င္ငယ္မ်ား ၂၄ ႀကိမ္ ထပ္မံလႈပ္ရွားသြားခဲ့ပါသည္။

ရန္ကုန္ၿမိဳ႕မွလည္း ယေန႔မနက္ ၇:၃၉ နာရီအခ်ိန္တြင္ ၄.၉ အဆင့္ငလ်င္လႈပ္ရွားမႈအား သိသိသာသာ ခံစားခဲ့ၾကရၿပီး

တစ္ၿမိဳံ႕လုံးတုန္ခါမႈျဖစ္ေပၚခဲ့သည္။ ယခုလက္ရွိတြင္ ျမန္မာႏိုင္ငံေတာင္ပိုင္းက Myanmar micro plate မွာ

ၿပီးခဲ့သည့္ ၂၄ နာရီအတြင္း တက္ႂကြမႈအရွိဆုံးကာလျဖစ္ေနေသာေၾကာင့္ ဆက္လက္ၿပီးအထူးသတိျပဳေနထိုင္ၾကပါရန္ လိုအပ္သည္။

မိဘျပည္သူမ်ားေဘးကင္းၾကပါေစ။ (ေျမငလ်င္သတင္းမ်ားစင္တာ)

အင္အားအနည္းငယ္ရွိတဲ့ ေျမငလ်င္တစ္ခု ဒီေန႔ဇူလိုင္ ၅ ရက္မနက္ ၈ နာရီမထိုးခင္မွာ လႈပ္ခတ္သြားတယ္လို႔

ငလ်င္လႈပ္တာကိုခံစားသိရွိသူေတြက လူမႈကြန္ရက္မွာေျပာေနၾကပါတယ္။ ဒီလႈပ္ခတ္မႈကို သာေကတ၊ အင္းစိန္၊

စမ္းေခ်ာင္း၊ ကမာ႐ြတ္ စတဲ့ ရန္ကုန္ၿမိဳ႕တြင္းက ၿမိဳ႕နယ္ေနသူ အေတာ္မ်ားမ်ား သိရွိလိုက္ၾကတယ္လို႔ သိရပါတယ္။

ငလ်င္လႈပ္သြားတာ လန႔္ေတာင္သြားတယ္။ အိမ္အေပၚထပ္ ဘယ္သူေျပးေနသလဲလို႔ေတာင္ထင္တာ အေတာ္ေလး သိသာပါတယ္။”လို႔

ေျမာက္ဥကၠလာပ ၿမိဴ႕နယ္မွာ ေနထိုင္သူ တစ္ဦးကေျပာပါတယ္။အဆိုပါ ငလ်င္လႈပ္ခတ္မႈဒဏ္ကို

ရန္ကုန္တိုင္းေဒသၾကး အတြင္းရွိ ၿမိဳ႕နယ္အမ်ားစုတြင္ သိရွိခံစားလိုက္ရျခင္းျဖစ္ၿပီး ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၊ အင္းစိန္ၿမိဳ႕နယ္၊

ေျမာက္ဥကၠလာပၿမိဳ႕နယ္တို႔တြင္ လႈပ္ခတ္ တုန္ခါမႈဒဏ္ကို ပိုမို သိရွိခံစားလိုက္ရတာျဖစ္တယ္လို႔လည္း ရန္ကုန္ၿမိဳ႕ေန ျပည္သူေတြက ေျပာပါတယ္။

“တိုက္ကိုရမ္းသြားတယ္ ၂ ခ်က္ ၃ ခ်က္ေလာက္ ငလ်င္လႈပ္တာပါ၊ က်ေနာ္ကအိပ္ယာကအထ ငလ်င္က လႈပ္တာ

အေတာ္ေလးေတာင္လန္႔သြားတယ္။ က်ေနာ္တို႔ ယုဇနတိုက္ေတြကသိပ္မေကာင္းေတာ့ ငလ်င္ဒဏ္တို႔

သဘာဝေဘးဒဏ္တို႔ဆိုရင္ ေၾကာက္ရပါတယ္။”လို႔ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၊ ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္တြင္ ေနထိုင္သူတစ္ဦးက ေျပာျပခဲ့ပါတယ္။

ေျမငလ်င္သတင္းစင္တာ၏ ထုတ္ျပန္ခ်က္အရ ယေန႔မနက္ လႈပ္ခတ္ေသာေျမငလ်င္သည္ ရန္ကုန္ၿမိဳ႕မွလည္း

မနက္ ၇ နာရီ ၃၉ မိနစ္အခ်ိန္တြင္ ၄.၉ အဆင့္ငလ်င္လႈပ္ရွားမႈအား သိသိသာသာ ခံစားခဲ့ၾကရၿပီး

တစ္ၿမိဳံ႕လုံးတုန္ခါမႈျဖစ္ေပၚခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။ယခုလက္ရွိတြင္ ျမန္မာႏိုင္ငံေတာင္ပိုင္းက

Myanmar micro plate မွာ ၿပီးခဲ့သည့္ ၂၄ နာရီအတြင္း တက္ႂကြမႈအရွိဆုံးကာလျဖစ္ေနေသာေၾကာင့္

ဆက္လက္ၿပီးအထူးသတိျပဳေနထိုင္ၾကပါရန္ လိုအပ္တယ္လို႔ ေျမငလ်င္ပညာရွင္ေတြက အႀကံျပဳထားပါတယ္။

ဒါ့အျပင္ စစ္ေကာင္စီ၏ မိုး/ဇလဌာန ထုတ္ျပန္ခ်က္အရ ယေန႔ ဇူလိုင္လ (၅)ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္ (၀၇)နာရီ၊ (၃၉)မိနစ္၊ (၀၃) စကၠန္႔အခ်ိန္တြင္

ကမာၻေအးေျမငလ်င္စခန္းမွ အေနာက္-အေနာက္ေတာင္ဘက္ (၂) မိုင္ ခန္႔ကြာေဝးေသာ

ျမန္မာႏိုင္ငံျပည္တြင္း ရန္ကုန္ၿမိဳ႕(လႈိင္ၿမိဳ႕နယ္)၏ အေရွ႕ေျမာက္ဘက္ (၁)မိုင္ ခန္႔အကြာ) ေျမာက္လတၱီတြဒ္ (၁၆.၈၆) ဒီဂရီ၊

အေရွ႕ေလာင္ဂ်ီတြဒ္ (၉၆.၁၃)ဒီဂရီ၊ အနက္ (၁၀)ကီလိုမီတာကို ဗဟိုျပဳ၍ အင္အားရစ္(ခ္)တာစေကး (၃.၀) အဆင့္ရွိ

အင္အားအနည္းငယ္ ရွိေသာ ေျမငလ်င္တစ္ခု လႈပ္ရွားသြား ေၾကာင္း တိုင္းထြာရရွိေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။

Credit

Leave a Reply

Your email address will not be published.