ဒေါ်အောင်ဆန်းစုကြည် ပစ္စည်းများခြံအမှတ်၅၄ကိုပြောင်းရွှေ့ ၊ထိုက်ချီတိုလည်း ရန်ကုန်အိမ်ရောက်ရှိ
စွပ်စွဲခံထားရတဲ့အဂတိအမှုတချို့အတွက် ဒီကနေ့ဒေါ်အောင်ဆန်းစုကြည် ထွက်ဆို
ထောင်တွင်းပြောင်းရွှေ့ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေပြည်တော်မြနန်းဘုံသာနေအိမ်ကပစ္စည်းတွေကို




ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်က နေအိမ်ဖြစ်တဲ့ ခြံနံပါတ် ၅၄ ကို ပြန်လည်ပို့ဆောင်လိုက်ပြီလို့ နီးစပ်သူတွေထံကသိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချစ်တော်ခွေးလေးထိုက်ချီတိုတို့လည်း ရန်ကုန်နေအိမ်မှာ ပြန်လည်ထားရှိထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
” နဂိုကတည်းက သူထောင်ထဲသွားရမယ်ဆိုရင် သူပစ္စည်းတွေကို ရန်ကုန်အိမ်ကိုရွှေ့ဖို့စီစဉ်ထားတာပါ။
ပြီးခဲ့တဲ့စနေနေ့က ရန်ကုန်အိမ်ကိုအကုန်ရွှေ့လိုက်ပါပြီ။ ထိုက်ချီတိုလည်းပါတယ်။




စစ်ကောင်စီနေအိမ်အကျယ်ချုပ်မှာအတူနေခဲ့သူတွေကပဲ ဆက်စောင့်ရှောက်မယ်ထင်ပါတယ်။
အသေးစိတ်တော့မသိရပေမဲ့ ပစ္စည်းတွေရွှေ့လိုက်တာသေချာပါတယ်” လို့ နီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဒီကနေ့ ဇူလိုင်၅ရက် မှာတော့ နေပြည်တော်က လရောင် တောမြေနေရာကိစ္စနဲ့ပတ်သက်ပြီး စွပ်စွဲခံထားရတဲ့အဂတိအမှုအတွက်
စွပ်စွဲခံရသူဒေါ်အောင်ဆန်းစုကြည်ကို နှစ်ဖက်ရှေ့နေတွေက နေပြည်တော်အချုပ်ထောင် ထောင်တွင်းတရားရုံးမှာစစ်ဆေးခဲ့ပါတယ်။




ဒေါ်အောင်ဆန်းစုကြည်က သူ့မှာ အပြစ်မရှိကြောင်းနဲ့ ဥပဒေနဲ့ အညီသာဆောင်ရွက်ခဲ့ကြောင်း
ထွက်ဆိုခဲ့တယ်လို့ ထောင်တွင်းတရားရုံးနဲ့နီးစပ်သူတွေကပြောပါတယ်။
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရာဇသင်္ဂဟလမ်းမကြီးဘေးမှာရှိတဲ့ လရောင်တောမြေနေရာကိုဒေါ်ခင်ကြည်ဖောင်ဒေရှင်းမြေနေရာအတွက်
နေပြည်တော်စည်ပင်သာယာရေးကော်မတီက ဂရန်ချ ထားပေးခဲ့တဲ့အပေါ်မှာ




စစ်ကောင်စီက မသမာမှုတွေရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။
ဒီကနေ့ မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကောင်းမွန်ပြီး ပြည်သူတွေရဲ့ အခြေအနေတွေကို မေးမြန်းတာရှိတယ်လို့ ဆိုပါတယ်။
source BBC
Credit
=============
Zawgyi
ေဒၚေအာင္ဆန္းစုၾကည္ ပစၥည္းမ်ားၿခံအမွတ္၅၄ကိုေျပာင္းေ႐ႊ႕ ၊ထိုက္ခ်ီတိုလည္း ရန္ကုန္အိမ္ေရာက္ရွိ
စြပ္စြဲခံထားရတဲ့အဂတိအမႈတခ်ိဳ႕အတြက္ ဒီကေန႔ေဒၚေအာင္ဆန္းစုၾကည္ ထြက္ဆို
ေထာင္တြင္းေျပာင္းေ႐ႊ႕ခံထားရတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕
ေနျပည္ေတာ္ျမနန္းဘုံသာေနအိမ္ကပစၥည္းေတြကို




ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ရန္ကုန္က ေနအိမ္ျဖစ္တဲ့ ၿခံနံပါတ္ ၅၄ ကို ျပန္လည္ပို႔ေဆာင္လိုက္ၿပီလို႔ နီးစပ္သူေတြထံကသိရပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အခ်စ္ေတာ္ေခြးေလးထိုက္ခ်ီတိုတို႔လည္း ရန္ကုန္ေနအိမ္မွာ ျပန္လည္ထားရွိထားၿပီးျဖစ္တယ္လို႔ ဆိုပါတယ္။
” နဂိုကတည္းက သူေထာင္ထဲသြားရမယ္ဆိုရင္ သူပစၥည္းေတြကို ရန္ကုန္အိမ္ကိုေ႐ႊ႕ဖို႔စီစဥ္ထားတာပါ။
ၿပီးခဲ့တဲ့စေနေန႔က ရန္ကုန္အိမ္ကိုအကုန္ေ႐ႊ႕လိုက္ပါၿပီ။ ထိုက္ခ်ီတိုလည္းပါတယ္။
စစ္ေကာင္စီေနအိမ္အက်ယ္ခ်ဳပ္မွာအတူေနခဲ့သူေတြကပဲ ဆက္ေစာင့္ေရွာက္မယ္ထင္ပါတယ္။




အေသးစိတ္ေတာ့မသိရေပမဲ့ ပစၥည္းေတြေ႐ႊ႕လိုက္တာေသခ်ာပါတယ္” လို႔ နီးစပ္သူတစ္ဦးက ဘီဘီစီကိုေျပာပါတယ္။
ဒီကေန႔ ဇူလိုင္၅ရက္ မွာေတာ့ ေနျပည္ေတာ္က လေရာင္ ေတာေျမေနရာကိစၥနဲ႔ပတ္သက္ၿပီး စြပ္စြဲခံထားရတဲ့အဂတိအမႈအတြက္
စြပ္စြဲခံရသူေဒၚေအာင္ဆန္းစုၾကည္ကို ႏွစ္ဖက္ေရွ႕ေနေတြက ေနျပည္ေတာ္အခ်ဳပ္ေထာင္ ေထာင္တြင္းတရား႐ုံးမွာစစ္ေဆးခဲ့ပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္က သူ႔မွာ အျပစ္မရွိေၾကာင္းနဲ႔ ဥပေဒနဲ႔ အညီသာေဆာင္႐ြက္ခဲ့ေၾကာင္း




ထြက္ဆိုခဲ့တယ္လို႔ ေထာင္တြင္းတရား႐ုံးနဲ႔နီးစပ္သူေတြကေျပာပါတယ္။
ေနျပည္ေတာ္ ပုဗၺသီရိၿမိဳ႕နယ္ရာဇသဂၤဟလမ္းမႀကီးေဘးမွာရွိတဲ့ လေရာင္ေတာေျမေနရာ
ကိုေဒၚခင္ၾကည္ေဖာင္ေဒရွင္းေျမေနရာအတြက္




ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီက ဂရန္ခ် ထားေပးခဲ့တဲ့အေပၚမွာ
စစ္ေကာင္စီက မသမာမႈေတြရွိတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ တရားစြဲဆိုထားတာျဖစ္ပါတယ္။
ဒီကေန႔ မွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ က်န္းမာေရးေကာင္းမြန္ၿပီး ျပည္သူေတြရဲ႕ အေျခအေနေတြကို ေမးျမန္းတာရွိတယ္လို႔ ဆိုပါတယ္။
source BBC
Credit