ဘိုတုအတွက် ငလျင်နမိတ်

News

ဘိုတုအတွက် ငလျင်နမိတ်

ဒေါ်လာကို ကန်လို့မရ ယွမ်ငွေမတိုးဘူးဆိုတာ ပညာရှင်တွေ ကြိုပြောပြီးသား ဒါကထားတော့

၀မ်ယိလာတယ် မအလနဲ့မတွေ့ အဖက်မလုပ်ဘူး အချိန်ပေးထားတာ လစ်မစ်ပြည့်တဲ့အပြင် ပွဲချိန်ကျော်လွန်သည့်အထိ စောင့်ပေးနေတာတောင် နိုင်အောင် မကန်နိုင်ဘူး

ရုပ်ပျက်ဆင်းပျက်ထိ ဒိုင်ကူ နောက်ခံပါ ရှေ့ထွက်ပြရတဲ့အထိဆိုတော့ သာကောကြီးပေါက်ကွဲနေပြီလေ ဆိုတာက သူက နောက်က ဒိုင်လျိုကစားချင်တာ ကြိုးဆွဲနေတာ ခု မအလကြောင့် လူလုံးထွက်ပြလာရပြီဆိူတော့ တင်းပြီပေါ့

အမှန်တော့ မပြလည်း သိနေပြီးသားပဲ သို့သော် ခိုစားတာ လူမသိစေနဲ့ဆိုသလို သူတို့လည်း နေချင်တာပေါ့ ခုတော့ လူသိရှင်ကြား ဂွမ်းရောလေ

ဒီတော့ ၀မ်ယိလာတယ် အဖက်မလုပ်ဘူး လုပ်ရင် ထောက်ခံတယ် ဖြစ်မဆိုးလို့ အလယ်ခွချက်ထိုင်ပြီး ပွဲချိန်လာတိုးပေးတာပဲ ရှိတယ်

အပုလေးလည်း သူ့အဖက်မလုပ်ဘူးဆိုပြီးတင်းပြီး နယ်စပ်ကုန်သွယ်ရေးကို ဒေါ်လာနဲ့ပဲ ပြန်ချေ ခိုင်းတာဟာ သူတို့အတွက် လိုငွေဆိုတာထက် (ပြေးကာနီး မဖို့ဖြစ်နိုင်ပေမယ့်) သာကောကို တင်းပြိီး ပြန်ချေတာကော မဖြစ်နိုင်ဘူးလား

ဆိုတဲ့သဘောက ၀မ်ယိလာချိန် မအလကို အဖက်မလုပ်ဘူးဆိုချိန်ကြမှ တဖက်က ဒီသတင်းပါ ထွက်ချလာမှုနဲ့အတူ ချိန်သားကိုက် လုပ်ပြခြင်းဟာ နိုင်ငံရေးသဘောအရ ရှင်းတယ် တဖက်နဲ့ တဖက် အကျိုးရလဒ်မျော်ကိုး ကစားနေခြင်းကြောင့်ပဲ‌ဆိုတာ

ဒီသဘောတရားမြင်ပြီဆိူရင် မအလကို အချိန်လာတိူးပေးပေမယ့် တျုတ်ဟာ စိတ်ကုန်နေပြီ တနည်း မအလနေရာ အခြားတယောက် တင်ပြီး စစ်အုပ်ချုပ်ရေးပဲ သွားချင်နေသည်ဆိုတာ

မအလက သူ့မှာပါဝါ မရှိတော့တာနဲ့ ကြိုးစင်ပြေးကိန်းဆိုတော့ ခု Pထွေးကလည်း တင်းနေပြီဆိုတော့ တပ်တွင်းကလည်း ခယဲ့ယဲ့နဲ့ အင်း ငလျင်ကလှုပ် အဟောကဖြုတ်ဆိုသည့်အတိုင်း အမှန်တကယ်ကို သေကိန်းဆိုက်တော့မည်လားဆိုတာ ဆက်စောင့်ကြည့်ကြမယ်ဗျာ ဟားးးးး ??

#နန်းကြည်ညိုဝေ ✊?

မင်းအောင်လှိုင်နှင့် သီးခြားတွေ့ဆုံရန်လည်း ဝမ်ယိက ငြင်းဆိုခဲ့

ဇူလိုင်(၅)ရက် ||| နွေဦးအသံ |||

ဇူလိုင်(၄)ရက်တွင် ပြုလုပ်ခဲ့သည့် (၇)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အဖွင့်မိန့်ခွန်းပြောကြားရန် ကြိုးပမ်းမှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက တားမြစ်၍ ပယ်ချခဲ့ကြောင်း သိရသည်။

ထို့ပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက မင်းအောင်လှိုင်နှင့် သွားရောက်တွေ့ဆုံရန်လည်း ငြင်းဆိုခဲ့ပြီး အာဆီယံဘုံ(၅)ချက်ကို အကောင်အထည်ဖော်ရန် အပါအဝင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် စကစတို့ တွေ့ဆုံဆွေးနွေးကြဖို့ ဝဏ္ဏမောင်လွင်အား တိုက်တွန်းခဲ့သည်။

မိန်းခွန်းပြောဆိုရန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးကို သီးခြားတွေ့ဆုံရန် ကြိုးပမ်းမှု မအောင်မြင်သဖြင့် မင်းအောင်လှိုင်မှာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ပြည်နယ်၊ခရိုင်၊မြို့ နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများကိုသာ အကြောင်းမဲ့ သွားရောက်၍ တွေ့ဆုံပွဲတခု ပြုလိုက်ရကြောင်း သိရပါသည်။

©နွေသူရ

ဓာတ်ပုံ | မဲခေါင်-လန်ချန်စည်းဝေးပွဲ (ဘယ်) ၊ မျက်နှာငယ်နှင့်တွေ့ရသည့် ပုသိမ်မြို့ရောက် မင်းအောင်လှိုင် (ညာ)

Credit

Leave a Reply

Your email address will not be published.