ကျနော်တို့ ငယ်စဉ်ချာတိတ်အရွယ်က ရွှေကိုယ်တော်၊ သာဗိန္ဒ၊ ကိုသိန်းလွင် ဆိုတဲ့ပုဂ္ဂိုလ်ကတော်တော်နာမည်ကြီးတာ။ ဈေးချိုရွှေဆိုင်တန်းကိုလာပြီးရုပ်လုံးပေါ်အကြည့်ခံလာရင် သူဟာ ဆာဒူးကြီးလို အကျီင်္လက်ရှည်ဝတ်ဆင်ပြီး ရွှေစလွယ်နဲ့သျှောင်နဲ့
ကျနော့်အစ်ကိုကြီးပြောပြတာကတော့ ရုပ်ရည်ကပြောရ လောက်အောင်တော့မဟုတ်ဘူး။ အသားအရည်ကစိုပြေချောမွေ့ပြီး အကြောတွေစိမ်းနေတာကို မြင်ရတယ်။ငှက်ပျောသီးအခွံနွှာပြီး ရွှေဆိုင်းကပ်ပြီးစာတယ် ထမင်းစားရင် နနွင်းမှုန့်ထည့်စားတယ်
တရားထိုင်တယ ဖယောင်းတိုင်ထွန်းပြီး စိုက်ကြည့်တယ်။ တချို့ရောဂါ ဝေဒနာရှင် တွေကို အခမဲ့ကုသပေးတယ်လို့သိရတယ်။ သူ့အကြည့်ကို အမျိုးသမီးတောိတော်များများက ခံနိုင်ရည် မရှိပဲ သူ့နောက်ကိုလိုက်ကြကြောင်း
အစ်ကိုကြီးက ဒီလူ တော်တော်စမ်းပွင့်တဲ့သူလို့ ပြောဖူးတယ် ခု ဓါတ်ပုံပေးတဲ့သတင်းထောက်ကြီးကတော့ သာဗိန္ဒ ကတော်တော်ထူးခြားတဲ့လူ။ မိန်းမတွေစိတ်ဝင်စားတဲ့သူ
ဒီဓါတ်ပုံက သူအဖမ်းခံရစဉ်က ကျနော်ကိုယ်တိုင်ရိုက်ခဲ့တဲ့ပုံပါ သူတစ်ပါးမိန်းမတွေကို ကြံစည်မှုနဲ့ နိုင်ငံခြားသားဗိုလ်ကြီးက အမှုဖွင့်ဖမ်းဆီးထားစဉ်ကပုံပါ မြင်တဲ့အတိုင်း မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးမရိတ်ဘဲ ထောင် ထဲမှာအဖမ်းခံခဲ့ရတယ်
အင်္ဂလိပ်လက်အောက်ခံ မြန်မာ့ ရဲတွေကိုပုလိပ် ရဲမြန်မာ လို့ခေါ်တဲ့ခေတ်က သက်သေအထောက်အထား အခိုင်အ လုံနဲ့ ငြင်းချက်ထုတ်ခိုင်းတော့ သူ့ကိုချိန်းတဲ့ အမျိုးသမီးတွေလက်ရေးနဲ့ စာတွေ ကိုသက်သေအဖြစ် တင်ပြခဲ့ကြပေမယ့်
မကြာခင်သူ့ကို လုံးဝလွတ်ပေးလိုက်ကြရတယ် ဘာကြောင့်လဲဆို တော့ သူ့ကို ချိန်းတဲ့သူတွေက အင်္ဂလိပ်စစ်ဘိုတွေရဲ့ မိန်းမ တွေဖြစ်နေလို့ပါပဲတဲ့ ကျနော်နဲ့ စာရေးဆရာကံချွန်တို့ မေမြို့ကို ရွှေကိုယ်တော် သွားတွေ့ကြတော့ တော်တော်အသက်ကြီးနေပြီ ဒါပေမယ့် ရုပ်ကမကျဘူး။ ရွှေကိုယ်တော်သာဗိန္ဒနဲ့တွေ့ဖို့ စာရေးဆရာကြီး မေမြို့ချစ်ဆွေက စီစဉ်ပေးပါတယ် Crd