မင်္ဂလာပွဲနှစ်ပွဲအတွက် ဆက်တိုက် သတို့သမီးအရံလုပ်ပေးခဲ့ရင်း ပင်ပန်းလွန်းလို့ သေလုနီးပါးဖျားနာခဲ့ရတဲ့ မိန်းကလေး
မင်္ဂလာဆောင်ပွဲများကိုတက်ရောက်ခြင်းဟာ စိတ်ဝင်စားစရာတစ်ခုဖြစ်ပြီး အကြောင်းမှာလူနှစ်ဦး၏ချစ်ခြင်းမေတ္တာကို တရားဝင်ကြေငြာလိုက်တဲ့အခိုက်အတန့်က ပျော်စရာကောင်းပါတယ်။ အခြားတစ်ဖက်တွင် မင်္ဂလာပွဲစီစဉ်ခြင်းရဲ့နောက်ကွယ်က ဖရိုဖရဲဖြစ်စေနိုင်တာကြောင့် အိပ်မက်ဆိုးတစ်ခုဖြစ်နိုင်ပါတယ်။




အထူးသဖြင့် သတို့သမီးအရံတွေဟာ သတို့သမီးရဲ့ကိစ္စအဝဝကို အကုန်လိုက်လုပ်ပေးရတာကြောင့် ၎င်းတို့က ပို၍ပင် ပင်ပန်းကြရပါတယ်။ တရုတ်နိုင်ငံ စီချွမ်ပြည်နယ် Wenzhou မြို့မှ မိန်းကလေးတစ်ဦးဟာ မင်္ဂလာဆောင်ပွဲကိုနှစ်ရက်ဆက်တိုက်တက်ရောက်ခဲ့ပြီးနောက်မှာတော့ ဆေးရုံသို့ရောက်သွားခဲ့ရပါတယ်။
အသက် ၂၄ နှစ်အရွယ် အဆိုပါမိန်းကလေး Min Wenqing ဟာ ဒုတိယနေ့မှာလည်း မင်္ဂလာပွဲအတွက်သတို့သမီးအရံဖြစ်ခဲ့ပြီး သူမဟာ ပွဲထဲ၌အအေးမိသလိုခံစားရကာ သတို့သမီးအခန်း၌လဲနေခဲ့ရပါတယ်။
၎င်းကို သူမက အလုပ်များလွန်းလို့နေမကောင်းဖြစ်တယ်လို့သာထင်နေခဲ့ပါတယ်။ Min ရဲ့မိသားစု ဝင်တွေက သူမအိပ်ယာပေါ်မှာလဲရင်း ပြင်းထန်စွာ အဖျားတက်လာတာကိုသိသွားခဲ့ပြီနောက် ရွာရှိဆရာဝန်ကို ခေါ်ကာ စစ်ဆေးခဲ့ရပါတယ်။




အံ့သြစရာကောင်းသည်မှာ ဆေးစစ်ချက်အရ ဆရာဝန်များက myocarditis, sepsis, အူလမ်းကြောင်းပိုးဝင်ခြင်းနှင့်များစွာသောကိုယ်တွင်းင်္အဂါများချို့ယွင်းခြင်းတို့ပါဝင်တဲ့ရောဂါအခြေအနေ ၉မျိုးကို စစ်ဆေးတွေ့ရှိခဲ့ကြပါတယ်။
စစ်ဆေးချက်ထွက်ပြီးနောက်မှာ Min ဟာ ဆေးရုံ၌နှလုံးခုန်ရပ်သွားခဲ့တာကြောင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများက သူမအသက်ကို ကယ်နိုင်ရန်အမြန်လုပ်ဆောင်ခဲ့ရပါတယ်။ ၎င်းတို့က သူမရဲ့အသက်ကိုကယ်နိုင်ခဲ့ပေမယ့် သူမရဲ့အခြေအနေက ထိုအချိန်မှစပြီးပို၍ပင် ဆိုးရွားလာခဲ့ပါတယ်။




သူမကိုနောက်ထပ်ဆေးကုသမှုခံယူရန်အခြားဆေးရုံတစ်ခုသို့လွှဲပြောင်းပေးခဲ့ပြီး ဆရာဝန်များက သူမရဲ့ညာဘက်ခြေထောက်တွင်ပြင်းထန်တဲ့ရောဂါပိုးကူးစက်ခံရကြောင်းတွေ့ရှိခဲ့ရပြီး ရောဂါပိုးမှဘက်တီးရီးယားများဟာ သူမရဲ့ညာဘက်အောက်ခြေထောက်တွင် ischemic necrosis မှတဆင့် သူမ၏ခန္ဓာကိုယ်ထဲသို့ဝင်လာပြီး သူမအားသေစေနိုင်တဲ့အထိဖြစ်စေခဲ့ပါတယ်။
လုပ်ဆောင်ချက်အားလုံးကိုပြန်လည်သုံးသပ်ပြီးနောက် Min အတွက်အသက်ရှင်ရန်အကောင်းဆုံးအခွင့်အရေးမှာ ရောဂါကူးစက်မှုကိုရပ်တန့်ရန် သူမရဲ့ညာဘက်ခြေသလုံးကိုခွဲစိတ်မှုပြုလုပ်ရန် ဆရာဝန်များက အတည်ပြုပေးခဲ့ကြပါတယ်။ ထို့နောက် ခွဲစိတ်မှုပြုလုပ်ပြီးနောက်မှာ Min ဟာ အချိန်ကြာလာသည်နှင့်ပြန်လည်သက်သာလာသလို အခြေအနေဟာလည်း ပြန်လည်တည်ငြိမ်လာခဲ့ရပါတယ်။




Zawgyi
မင်္ဂလာပွဲနှစ်ပွဲအတွက် ဆက်တိုက် သတို့သမီးအရံလုပ်ပေးခဲ့ရင်း ပင်ပန်းလွန်းလို့ သေလုနီးပါးဖျားနာခဲ့ရတဲ့ မိန်းကလေး
မင်္ဂလာဆောင်ပွဲများကိုတက်ရောက်ခြင်းဟာ စိတ်ဝင်စားစရာတစ်ခုဖြစ်ပြီး အကြောင်းမှာလူနှစ်ဦး၏ချစ်ခြင်းမေတ္တာကို တရားဝင်ကြေငြာလိုက်တဲ့အခိုက်အတန့်က ပျော်စရာကောင်းပါတယ်။ အခြားတစ်ဖက်တွင် မင်္ဂလာပွဲစီစဉ်ခြင်းရဲ့နောက်ကွယ်က ဖရိုဖရဲဖြစ်စေနိုင်တာကြောင့် အိပ်မက်ဆိုးတစ်ခုဖြစ်နိုင်ပါတယ်။




အထူးသဖြင့် သတို့သမီးအရံတွေဟာ သတို့သမီးရဲ့ကိစ္စအဝဝကို အကုန်လိုက်လုပ်ပေးရတာကြောင့် ၎င်းတို့က ပို၍ပင် ပင်ပန်းကြရပါတယ်။ တရုတ်နိုင်ငံ စီချွမ်ပြည်နယ် Wenzhou မြို့မှ မိန်းကလေးတစ်ဦးဟာ မင်္ဂလာဆောင်ပွဲကိုနှစ်ရက်ဆက်တိုက်တက်ရောက်ခဲ့ပြီးနောက်မှာတော့ ဆေးရုံသို့ရောက်သွားခဲ့ရပါတယ်။ အသက် ၂၄ နှစ်အရွယ် အဆိုပါမိန်းကလေး Min Wenqing ဟာ ဒုတိယနေ့မှာလည်း မင်္ဂလာပွဲအတွက်သတို့သမီးအရံဖြစ်ခဲ့ပြီး သူမဟာ ပွဲထဲ၌အအေးမိသလိုခံစားရကာ သတို့သမီးအခန်း၌လဲနေခဲ့ရပါတယ်။




၎င်းကို သူမက အလုပ်များလွန်းလို့နေမကောင်းဖြစ်တယ်လို့သာထင်နေခဲ့ပါတယ်။ Min ရဲ့မိသားစု ဝင်တွေက သူမအိပ်ယာပေါ်မှာလဲရင်း ပြင်းထန်စွာ အဖျားတက်လာတာကိုသိသွားခဲ့ပြီနောက် ရွာရှိဆရာဝန်ကို ခေါ်ကာ စစ်ဆေးခဲ့ရပါတယ်။အံ့သြစရာကောင်းသည်မှာ ဆေးစစ်ချက်အရ ဆရာဝန်များက myocarditis, sepsis, အူလမ်းကြောင်းပိုးဝင်ခြင်းနှင့်များစွာသောကိုယ်တွင်းင်္အဂါများချို့ယွင်းခြင်းတို့ပါဝင်တဲ့ရောဂါအခြေအနေ ၉မျိုးကို စစ်ဆေးတွေ့ရှိခဲ့ကြပါတယ်။




စစ်ဆေးချက်ထွက်ပြီးနောက်မှာ Min ဟာ ဆေးရုံ၌နှလုံးခုန်ရပ်သွားခဲ့တာကြောင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများက သူမအသက်ကို ကယ်နိုင်ရန်အမြန်လုပ်ဆောင်ခဲ့ရပါတယ်။ ၎င်းတို့က သူမရဲ့အသက်ကိုကယ်နိုင်ခဲ့ပေမယ့် သူမရဲ့အခြေအနေက ထိုအချိန်မှစပြီးပို၍ပင် ဆိုးရွားလာခဲ့ပါတယ်။
သူမကိုနောက်ထပ်ဆေးကုသမှုခံယူရန်အခြားဆေးရုံတစ်ခုသို့လွှဲပြောင်းပေးခဲ့ပြီး ဆရာဝန်များက သူမရဲ့ညာဘက်ခြေထောက်တွင်ပြင်းထန်တဲ့ရောဂါပိုးကူးစက်ခံရကြောင်းတွေ့ရှိခဲ့ရပြီး ရောဂါပိုးမှဘက်တီးရီးယားများဟာ သူမရဲ့ညာဘက်အောက်ခြေထောက်တွင် ischemic necrosis မှတဆင့် သူမ၏ခန္ဓာကိုယ်ထဲသို့ဝင်လာပြီး သူမအားသေစေနိုင်တဲ့အထိဖြစ်စေခဲ့ပါတယ်။




လုပ်ဆောင်ချက်အားလုံးကိုပြန်လည်သုံးသပ်ပြီးနောက် Min အတွက်အသက်ရှင်ရန်အကောင်းဆုံးအခွင့်အရေးမှာ ရောဂါကူးစက်မှုကိုရပ်တန့်ရန် သူမရဲ့ညာဘက်ခြေသလုံးကိုခွဲစိတ်မှုပြုလုပ်ရန် ဆရာဝန်များက အတည်ပြုပေးခဲ့ကြပါတယ်။ ထို့နောက် ခွဲစိတ်မှုပြုလုပ်ပြီးနောက်မှာ Min ဟာ အချိန်ကြာလာသည်နှင့်ပြန်လည်သက်သာလာသလို အခြေအနေဟာလည်း ပြန်လည်တည်ငြိမ်လာခဲ့ရပါတယ်။လေးစားလြှကျ..
crd. Credit